အကင် စားသုံးခြင်းနှောက် ကွယ် မှ ကင်ဆာရောဂါ
healthcare.com.mm
|
2018-10-12

အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်းများ၊ တောင်ကိုရီးယားနိုင်ငံမှ အေးခဲအသားများရက်လွန်အသားများ အတိုင်းအဆမရှိ ဝင်လာခြင်းနှင့်အတူ လမ်းဘေးဆိုင်များ၌သာမက ဆိုင်ကြီးများ၌ပါ ''အကင်'' ယဉ်ကျေးမှုတစ်ရပ် ဖွံ့ဖြိုးဝေဆာလာခဲ့သည်။ အမေရိကန် ကင်ဆာသုတေသနအဖွဲ့မှ ထုတ်ပြန်ရာတွင် အသားကြော်များ၊ အသားကင်များ၊ ပလတ်စတစ်အိတ်ပတ်ထားသည့်အစာများ၊ အဆီအမျိုးမျိုးသုတ်လိမ်းပြီးမီး(သို့မဟုတ်) လျှပ်စစ်မီးဖြင့်ဖုတ်ခြင်း၊ ကင်ခြင်း၊ ပြုတ်၍ စားခြင်းတို့ကြောင့် လူတို့၏ဒီအင်အေကိုဖျက်ဆီးနိုင်သော ဓာတုဓာတ်များ ပါဝင်မှုများလာခြင်းကြောင့် ကင်ဆာအလွယ် တကူဖြစ်စေရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာတော့သည်။အမည်မသိအသားများကိုဆီသုတ်၍ မီးကင်စားခြင်းကြောင့် ထိုအကင်တွင် အထူးသဖြင့်ဟိုက်ဒရိုဆိုင်ကလင်းအာမီနို (HCA)နှင့် ပိုလီဝီတစ်ဟိုက်ဒရိုမက်တစ် ဟိုက်ဒရိုကာဗွန်ဓာတ်(PAH)များပါဝင်သောကြောင့် ကင်ဆာဖြစ်နိုင်ခြေများကြောင်း ကြေညာခဲ့သည်။ HCA သည် မီးကင်ထားသည့် အစာတွင် မြင့်မားစွာပါဝင်သည်။ သား၊ ငါး၊ ပုစွန်၊ အမဲသားနှင့် အခြားအသားများကို မီးဖုတ်ခြင်း၊ ကြော်လှော်ခြင်း၊ မီးကင်ခြင်းပြုလုပ်သည့်အခါ အပူချိန် ၂ဝ၂ ဒီဂရီဖာရင်ဟိုက်ဖြင့် ကင်ဖုတ်ရာ မှ ကင်ဆာဖြစ်စေနိုင်သည့် ဓာတ်ပစ္စည်းများ ထွက်လာသည်။ အကင်များကို မီးသွေးအနည်းငယ်ဖြင့် မကျက်တကျက်ကင်၊ မီးဖုတ်ရောင်းချကြသည်။ အချို့အသားတုကို ဝတ်ထားသည့် ပလတ်စတစ်များကိုပင် မခွာတော့ဘဲကင်ကြသည်။ ဈေးနှုန်းချိုသဖြင့် ဝယ်စားသူကဝယ်စားကြသည်။ ထိုအစားအစာများကြောင့် အသည်းကင်ဆာဖြစ်နှုန်းများပြီး အသက်ဆုံးရှုံးကြသည်။ မြန်မာနိုင်ငံအနောက်ဘက်၊ မြောက်ဘက်နှင့် တောတောင်ထူထပ်သည့် အရပ်ဒေသ၊ ပင်လယ်ရေပြင်နှင့် နီးစပ်သည့် အရပ်များမှာ အသား၊ ငါး၊ ပုစွန်ကိုမီးကင်စားတတ်သည်။ ထိုဒေသများမှာ အသည်းကင်ဆာအဖြစ်များကြသည်။ အလွယ်တကူစားသုံးတတ်သည့် အလေ့အထကြောင့် ကျန်းမာရေးသတိမရှိတတ်ကြပါ။တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှာပင် အကင်စားသူများများလာသည်။ အကင်ကြောင့် ကင်ဆာရောဂါ နှင့် အခြားရောဂါ (သံထခြင်း)၊ အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။ ကင်ဆာရောဂါ၏ တရားခံလက်သည်မှာ အကင်အကြော်အလှော်များစွာစားသုံးခြင်းကြောင့်ဖြစ်သည်။ မြန်မာတို့သည် အကြော်အလှော်အကင်များ စားသုံးကြရာလတ်ဆတ်သော ရိုးရိုးငါးသလောက်ကင်၊ပုစွန်ကင်တို့သာစားသုံးခဲ့၍လေဖြတ်၊ သွေးတိုးနှင့်နှလုံးရောဂါများ ဖြစ်ပေါ် ခံစားရခြင်းမရှိပါ။ ထိုစဉ်ကနာမည်ဆန်းနှင့် အကင်ပစ္စည်းများမရှိသလို ကိုရီးယား၊ တရုတ်၊ ယိုးဒယား၊ ဂျပန်ကင်များလည်းဝင်မလာခဲ့သေးပါ။ ကင်ဆာဆဲလ်များ ပြန့်ပွားမှုသည် ကျပ်တင်ခြောက်များ ပြုလုပ်စားသောက်ခြင်း၊ ဝက်၊ အမဲ၊ ဆိတ်၊ သိုးနှင့် ငါးမျိုးစုံတို့ကိုသဘာဝနေအပူဖြင့် ခြောက်သွေ့အောင် မလှန်းဘဲမီးပေး၍ကျပ်တိုက် (မီးပူခံ)စားခြင်းကြောင့် အနီရောင် အသားဖြစ်သောအမဲသား၊ ဝက်သား၊ ဆိတ်သားတို့မှတစ်ဆင့် ဘေးဖြစ်စေသဖြင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများ တတ်သည်။ အကြော်အလှော်၊ အကင်များတွင် ငါးကင်၊ ပုစွန်ကင်မှလွဲ၍ ကျန်းမာပျော်ရွှင်စွာ လူ့ဘဝကို သက်တမ်းကုန် အထိဖြတ်သန်းနိုင်စေခြင်းအလို့ငှာ အကင်စားသုံးခြင်းကြောင့် ဖြစ်ပွားတတ်သော ''အကင်နှင့်ကင်ဆာ'' အကြောင်းသတိပြုနိုင်စေရန် ရှာဖွေတင်ပြလိုက် ရပါသည်။ Ref: ဒေါက်တာလွင်သန့်(ဆေး-၂)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..