ကမ္ဘာတစ်ဝန်းက ထူးထူးခြားခြားအစားအသောက်ရိုးရာများ
trend.com.mm
|
2018-10-14

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံအယူအဆတွေ၊အမူအကျင့်တွေ၊စည်းမျဉ်းတွေမတူညီကြဘူးဆိုတာအားလုံးလည်းသိပြီးသားပါ။အခုလည်းအစားအသောက်နဲ့ပတ်သက်လို့ တစ်ခြားနိုင်ငံရောက်တဲ့အခါ သတိထားရမယ့်အချက်ကလေးတွေထွက်ပေါ်လာပြန်ပါတယ်။ဗဟုသုတအနေနဲ့ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်နော်

*လက်ဖက်ရည်တစ်ဝက်ပဲတိုက်တာက ဒူဘိုင်းနဲ့ kazakhstan နိုင်ငံက ဧည့်သည်ကို နွေးထွေးစွာကြိုဆိုတဲ့အဓိပ္ပာယ်ပါတဲ့။လက်ဖက်ရည်အပြည့်ထည့်ပေးတယ်ဆိုရင်ဒါကအိမ်ပြန်ချိန်ရောက်ပြီလို့ သတိပေးတဲ့သင်္ကေတပါ။ထူးတော့ထူးဆန်းသား။လက်ဖက်ရည်တစ်ဝက်ပဲထည့်ပေးတာက ဧည့်သည်တွေကအားနာနာနဲ့အကုန်သောက်နေရပြီးအိမ်ရှင်က တစ်နေရာရာလိုက်ပို့ဖို့စီစဉ်ထားကြတဲ့အခါ သူတို့ကို စောင့်နေရတယ်လို့ခံစားရမှာစိုးလို့ပါတဲ့။







*အီတလီရောက်လို့ပီဇာစားတဲ့အခါ ချိစ်စ်အရသာနည်းနေတယ်ဆိုပြီးထပ်မတောင်းမိပါစေနဲ့။ချိစ်အပိုသွားတောင်းတာက စားဖိုမှူးတွေကိုဆဲရေးတိုင်းထွာသလိုပါပဲတဲ့။သူတို့လုပ်တဲ့အစားအစာကိုမကြိုက်တဲ့သဘော၊သူတို့ပြင်ဆင်ထားတာကိုသဘောမကျတဲ့သဘောသက်ရောက်လို့ပါဆိုပဲ။







*ပေါ်တူဂီနဲ့အီဂျစ်ရောက်တဲ့အခါ ဆားနဲ့ငရုတ်ကောင်း မတောင်းပါနဲ့။ဒါက သူတို့ချက်ထားတဲ့အစားအစာကိုမနှစ်သက်ဘူးဆိုတဲ့သဘောသက်ရောက်ပြီးသူတို့ကိုစိတ်မကောင်းဖြစ်စေလို့ပါတဲ့။ဒီဟင်းက စားမကောင်းဘူး။ဆားနည်းနည်းထပ်ထည့်ရမယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့။

*ထိုင်းရောက်တဲ့အခါ ခရင်းမသုံးပါနဲ့တဲ့။နိုင်ငံအများစုမှာ ဇွန်းခရင်းပုံမှန်သုံးကြတယ်ဆိုပေမဲ့လည်းထိုင်းမှာတော့ ခရင်းနဲ့အစားအစာကို ပါးစပ်ထဲထည့်တာမျိုးခွင့်မပြုထားပါဘူး။ဒါပေမဲ့ ဇွန်းပေါ်ကအစားအစာကိုအနည်းငယ်ရွေ့ပြောင်းချင်တဲ့အခါမျိုးမှာတော့ သုံးခွင့်ပြုထားပါတယ်။







*မက်ဆီကိုရောက်တဲ့အခါ Taco ဆိုတဲ့အစားအစာကို ခရင်းရယ်၊ဓားရယ်သုံးပြီးမစားပါနဲ့။ဒီလိုဓားခရင်းသုံးပြီးစားတာက သက်သက်မိုက်မဲရာကျပါတယ်တဲ့။လက်နဲ့ပဲစားတာက ပိုပြီးအမြင်တင့်တယ်ကောင်းမွန်ပါတယ်။







*ချီလီမှာတော့ ဘာပဲစားစားလက်နဲ့စားခွင့်မရှိပါဘူး။အစားအစာဆိုတာ ဓားရယ်ခရင်းရယ်သုံးပြီးပဲစားရမယ်လို့ယဉ်ကျေးမှုရှိပါတယ်။

*ကိုရီးယားမှာ ကိုယ့်ထက်အသက်အရွယ်ကြီးသူက ဆိုဂျူငှဲ့တိုက်တဲ့အခါ လက်နှစ်ဖက်နဲ့ခွက်ကိုကိုင်ပြီးလက်ခံရတဲ့ယဉ်ကျေးမှုရှိပါတယ်။ကိုရီးယားကားထဲမှာမြင်ဖူးမှာပါ။







*ရုရှားမှာဆို Vodka ကို ဘာနဲ့မှရောစပ်ခွင့်မရှိပါဘူး။ဒီတိုင်း neat သောက်ရတာပါ။ရေခဲတောင်မထည့်ရပါဘူးတဲ့။သူ့အရပ်နဲ့သူ့ဇာတ်ပါပဲ။

*ဂျပန်နိုင်ငံမှာတော့ တူကို ကိုယ်စားမယ့်ထမင်းပန်းကန်ရဲ့အပေါ်မှာစိုက်ထားလို့မရပါဘူး။တူကိုဘေးမှာပဲချထားလို့ရပါတယ်။မေ့ပြီး တူကြီးစိုက်ထားတာမျိုးမလုပ်မိစေနဲ့ပေါ့။







Unicode

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အယူအဆတွေ၊အမူအကျင့်တွေ၊စည်းမျဉ်းတွေမတူညီကြဘူးဆိုတာ အားလုံးလည်းသိပြီးသားပါ။အခုလည်းအစားအသောက်နဲ့ပတ်သက်လို့ တစ်ခြားနိုင်ငံရောက်တဲ့အခါ သတိထားရမယ့်အချက်ကလေးတွေထွက်ပေါ်လာပြန်ပါတယ်။ဗဟုသုတအနေနဲ့ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်နော်

*လက်ဖက်ရည်တစ်ဝက်ပဲတိုက်တာက ဒူဘိုင်းနဲ့ kazakhstan နိုင်ငံက ဧည့်သည်ကို နွေးထွေးစွာကြိုဆိုတဲ့အဓိပ္ပာယ်ပါတဲ့။လက်ဖက်ရည်အပြည့်ထည့်ပေးတယ်ဆိုရင်ဒါက အိမ်ပြန်ချိန်ရောက်ပြီလို့ သတိပေးတဲ့သင်္ကေတပါ။ထူးတော့ထူးဆန်းသား။လက်ဖက်ရည်တစ်ဝက်ပဲထည့်ပေးတာက ဧည့်သည်တွေက အားနာနာနဲ့အကုန်သောက်နေရပြီး အိမ်ရှင်က တစ်နေရာရာလိုက်ပို့ဖို့စီစဉ်ထားကြတဲ့အခါ သူတို့ကို စောင့်နေရတယ်လို့ခံစားရမှာစိုးလို့ပါတဲ့။

*အီတလီရောက်လို့ပီဇာစားတဲ့အခါ ချိစ်စ်အရသာနည်းနေတယ်ဆိုပြီးထပ်မတောင်းမိပါစေနဲ့။ချိစ်အပိုသွားတောင်းတာက စားဖိုမှူးတွေကိုဆဲရေးတိုင်းထွာသလိုပါပဲတဲ့။သူတို့လုပ်တဲ့အစားအစာကိုမကြိုက်တဲ့သဘော၊သူတို့ပြင်ဆင်ထားတာကိုသဘောမကျတဲ့သဘောသက်ရောက်လို့ပါဆိုပဲ။

*ပေါ်တူဂီနဲ့အီဂျစ်ရောက်တဲ့အခါ ဆားနဲ့ငရုတ်ကောင်း မတောင်းပါနဲ့။ဒါက သူတို့ချက်ထားတဲ့အစားအစာကိုမနှစ်သက်ဘူးဆိုတဲ့သဘောသက်ရောက်ပြီးသူတို့ကိုစိတ်မကောင်းဖြစ်စေလို့ပါတဲ့။ဒီဟင်းက စားမကောင်းဘူး။ဆားနည်းနည်းထပ်ထည့်ရမယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့။

*ထိုင်းရောက်တဲ့အခါ ခရင်းမသုံးပါနဲ့တဲ့။နိုင်ငံအများစုမှာ ဇွန်းခရင်းပုံမှန်သုံးကြတယ်ဆိုပေမဲ့လည်းထိုင်းမှာတော့ ခရင်းနဲ့အစားအစာကို ပါးစပ်ထဲထည့်တာမျိုးခွင့်မပြုထားပါဘူး။ဒါပေမဲ့ ဇွန်းပေါ်ကအစားအစာကိုအနည်းငယ်ရွေ့ပြောင်းချင်တဲ့အခါမျိုးမှာတော့ သုံးခွင့်ပြုထားပါတယ်။

*မက်ဆီကိုရောက်တဲ့အခါ Taco ဆိုတဲ့အစားအစာကို ခရင်းရယ်၊ဓားရယ်သုံးပြီးမစားပါနဲ့။ဒီလိုဓားခရင်းသုံးပြီးစားတာက သက်သက်မိုက်မဲရာကျပါတယ်တဲ့။လက်နဲ့ပဲစားတာက ပိုပြီးအမြင်တင့်တယ်ကောင်းမွန်ပါတယ်။

*ချီလီမှာတော့ ဘာပဲစားစားလက်နဲ့စားခွင့်မရှိပါဘူး။အစားအစာဆိုတာ ဓားရယ်ခရင်းရယ်သုံးပြီးပဲစားရမယ်လို့ယဉ်ကျေးမှုရှိပါတယ်။

*ကိုရီးယားမှာ ကိုယ့်ထက်အသက်အရွယ်ကြီးသူက ဆိုဂျူငှဲ့တိုက်တဲ့အခါ လက်နှစ်ဖက်နဲ့ခွက်ကိုကိုင်ပြီးလက်ခံရတဲ့ယဉ်ကျေးမှုရှိပါတယ်။ကိုရီးယားကားထဲမှာမြင်ဖူးမှာပါ။

*ရုရှားမှာဆို Vodka ကို ဘာနဲ့မှရောစပ်ခွင့်မရှိပါဘူး။ဒီတိုင်း neat သောက်ရတာပါ။ရေခဲတောင်မထည့်ရပါဘူးတဲ့။သူ့အရပ်နဲ့သူ့ဇာတ်ပါပဲ။

*ဂျပန်နိုင်ငံမှာတော့ တူကို ကိုယ်စားမယ့်ထမင်းပန်းကန်ရဲ့ အပေါ်မှာစိုက်ထားလို့မရပါဘူး။တူကိုဘေးမှာပဲချထားလို့ရပါတယ်။မေ့ပြီး တူကြီးစိုက်ထားတာမျိုးမလုပ်မိစေနဲ့ပေါ့။




Some text some message..