မရမ်းသီးအမှည့်ကို သကြားရေစိမ်ပြီး စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာအမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်။ မရမ်းသီး ငါးပိထောင်း၊ မရမ်းသီး စိမ်းငါးပိချက်အစ ရှိသဖြင့်အရသာထူးကဲအောင် စားသုံးလေ့ရှိကြပါတယ်။မရမ်းသီးခြောက်ကို ငါး၊ ဝက်သားတို့နဲ့ တွဲဖက် ချက်စားလေ့ရှိပါတယ်။ မရမ်းသီး သုပ်မှာလည်း ကြားရရုံနဲ့ သွားရည်ယိုနိုင်တဲ့အစားအစာ တစ်မျိုးပဲဖြစ်ပါတယ်။အဲဒီလို ဘက်စုံအသုံးဝင်တဲ့ မရမ်းသီးရဲ့အာဟာရအချိုးအဆနဲ့အသုံးဝင်ပုံကို တင်ပြချင်ပါတယ်။အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးမှာ- Calorie ၆ဝ Vitamin C ၁၇ ရာခိုင်နှုန်း Vitamin A ၇ ရာခိုင်နှုန်း Calcium ၁ ရာခိုင်နှုန်း Iron ၅ ရာခိုင်နှုန်း Carbohydrate 16 mgအဆီကျ လှပစေခြင်းမှာ Vitamin C များစွာပါဝင် သောကြောင့် ဖြစ်ပြီးအသားအရေ ကြည်လင်လှပစေနိုင်သောကြောင့်လည်း တန်ဖိုး ရှိလှတဲ့အသီးအနှံလည်းဖြစ်ပါတယ်။ Vitamin A လည်း ပါဝင်သည်ဖြစ်ရာ ဓာတ်တိုးဆန့်ကျင်နိုင်ခြင်းကြောင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင်အသားအရေလည်းတင်းရင်း လှပစေနိုင်ပါတယ်။ ဒါ့ကြောင့်အလှအပ တန်ဖိုးထားသူများအကြိုက်တွေ့နိုင်မည့် သီးနှံလည်း ဖြစ်ပါတယ်။ သံဓာတ် ကယ်လစီယမ်ဓာတ်တို့လည်းအချိုးကျ ပါဝင်တာကြောင့် ကျန်းမာရေးကို စောင့်ရှောက်ပေးမည့်အစားအစာလည်း ဖြစ်ပါသည်။အချဉ်ကဲသော မရမ်းသီးတွင် ခံတွင်းမြိန်စေတဲ့အစာစားချင်စိတ်ကို များစွာဖြစ်ပေါ် စေနိုင်ပါတယ်။ မရမ်းချိုသီးကို သူ့အတိုင်းပဲ ရေစင်စင်ဆေးပြီး စားသုံးနိုင်သလိုအချို ဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မရမ်းသီးကိုအထက်ဖော်ပြပါ တွဲဖက် စားသောက်သောအသားငါးများနဲ့ စားသုံးပါကအသားဓာတ်များပါ တိုးပွားနိုင်သောကြောင့်အာဟာရမျှတစွာ ရရှိနိုင်မှာဖြစ် ပါတယ်။ မရမ်းသီးသုပ်စားလျှင် ပါဝင်သော ပဲမှုန့်၊ ပုစွန် ခြောက်တို့ဖြင့် တွဲဖက် စားသောက်သောကြောင့်အသားဓာတ် သတ္တုဓာတ် များပေါများ စွာရရှိနိုင်ပါသေးတယ်။ မရမ်းသီး စားသုံးခြင်းဖြင့် မရမ်းသီးမှ ရတဲ့အာဟာရသာမက တွဲဖက်စားသောက်သောပစ္စည်းများ မှရသောအာဟာရဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။အမှည့်လွန်ပြီး ယင်ပေါများ ချိန်မှာများစွာ စားသုံးမိပါက ဝမ်းရောဂါရစေနိုင်သောကြောင့် ဆင်ခြင်သင့်ပါတယ်။ Credit : ဒေါက်တာဇာနည်ဝင်းသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။