ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်ခြင်း ။ ကောင်းကျိုး၊ဆိုးကျိုး
hellosayarwon.com
|
2018-10-19

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်ခြင်း ရဲ့အကျိုးကျေးဇူးများ
လေ့လာမှုအတော်များများက ငယ်ရွယ်စဉ်မှာ ကိုယ်တိုင်ဦးဆောင်နို့ဖြတ်ခဲ့တဲ့ ကလေးငယ်တွေဟာ အစားအစာအမြောက်အမြားကို ချေးမများဘဲ စားသောက်တတ်ခြင်းနဲ့ မိသားစုနဲ့အစားအသောက်အတူစားရတာ နှစ်သက်ခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါဟာ သင့်ကလေးငယ်တွေကို ပုံမှန် မိရိုးဖလာနည်းအတိုင်း နို့ဖြတ်တဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ပိုမိုသာလွန်ပြီးကျန်းမာတဲ့ စားသောက်ပုံစံကို ယေဘုယျအားဖြင့် ပေးစွမ်းမှာ ဖြစ်ပါတယ်။အချို့ဆရာဝန်တွေနဲ့ မိဘတွေအတွက်ကတော့ ဒီနို့ဖြတ်နည်းဟာ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေမှာအာဟာရ ချို့ယွင်းမှုနဲ့အဝလွန်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ဒီနည်းလမ်းရဲ့အကျိုးကျေးဇူးတွေဟာ ကလေးငယ်တွေအတွက်သာမက မိဘတွေအတွက်လည်း ရှိပါတယ်။ မိဘတွေအများစု ပြောကြားချက်အရ ဒီနို့ဖြတ်နည်းဟာအချိန်ကုန်၊အားအင်ကုန် သက်သာစေပါတယ်။ ဒါကြောင့်အစာမာတွေကို စတင်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိဘတွေရော ကလေးအတွက်ပါအကောင်းဆုံးအတွေ့အကြုံတွေကို ရရှိစေမှာ ဖြစ်ပါတယ်။  

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေခြင်းရဲ့ ဆိုးကျိုးများ
ဒီနို့ဖြတ်နည်းမှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေကတော့ ဒီနည်းရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
ဒီနည်းဟာ ရှုပ်ပွစေပါတယ်။ ကလေးရဲ့အစားအသောက်တွေဟာ ဗိုက်ထဲဝင်ရမယ့်အစား ကြမ်းပြင်ပေါ်မှာ ပွနေတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီနည်းလမ်းဟာ ကလေးငယ်တွေကို လုံလောက်တဲ့အာဟာရဓါတ်ပေးနိုင်မယ်လို့အာမမခံနိုင်ပါဘူး။ (အထူးသဖြင့် သံဓါတ်)။ သံဓါတ်ကြွယ်ဝတဲ့အစားအသောက်တွေ ဖြစ်တဲ့အမဲသားလိုအသားမျိုးဟာ ဝါးဖို့ခက်ခဲတာမို့ မိခင်တွေဟာ ကလေးငယ်တွေရဲ့ သံဓါတ်မကျဆင်းစေဖို့ သံဓါတ်အားဆေးတွေကို ကလေးအထူးကုဆရာဝန်တွေ ထံမှာ တောင်းနိုင်ပါတယ်။  

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်သောနည်းဟာအစာနင်စေပါသလား။
တကယ်လို့ သင့်ကလေးငယ်ဟာ စိတ်ချရတဲ့ လက်ချောင်းလောက်ရှိတဲ့အစာတွေကိုသာ စားပြီး သူ့ကို သေချာစောင့်ကြည့်မယ်ဆိုရင်အစာနင်နှုန်း နည်းပါးပါတယ်။ မိခင်တွေဟာ ကလေးငယ်တွေရဲ့ ထိုင်နေတဲ့ ပုံစံကို သေချာစွာ ကြည့်သင့်ပါတယ်။ သူတို့ရဲ့ ကျောရိုးမတွေဟာ ဖြောင့်တန်းနေမှသာအစာက လွယ်လွယ်ကူကူ ထိထိရောက်ရောက် ဗိုက်ထဲဝင်သွားမှာ ဖြစ်ပါတယ်။ ပထမအကြိမ်ကြိုးစားစဉ်မှာ ကလေးငယ်ဟာ gag reflex လို့ခေါ်တဲ့အာခေါင်ကိုအစာထိသောကြောင့် ပျို့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာအစာနင်တာနဲ့ ကွာခြားမှုရှိပါတယ်။ ပျို့ခြင်း ဖြစ်ရင်ကလေးငယ်တွေဟာအသံအနည်းငယ်ထွက်ပြီး ချောင်းဆိုးမှာ ဖြစ်ပြီးအစာနင်နေတဲ့ကလေးငယ်ကတော့ ကြောက်စရာကောင်းပြီးအသံထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘတွေဟာ ကလေးငယ်အစာနင်ခြင်းရဲ့ လက္ခဏာတွေကို သိထားသင့်ပြီး ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာပါ သိသင့်ပါတယ်။ ဒါကြောင့် ဆေးရုံ၊ ကျန်းမာရေးဌာနတွေမှာ ရှေးဦးသူနာပြုစုနည်းကို တက်ထားသင့်ပါတယ်။  

ကလေးကိုယ်တိုင် ဦးဆောင်နို့ဖြတ်စေသောနည်းဟာ ကလေးတိုင်းအတွက် သင့်လျော်တဲ့နည်းလမ်းဖြစ်ပါသလား။
သင့်ကလေးဆရာဝန် (သို့) ဆရာဝန်ကို ဒီနည်းလမ်းနဲ့ မကျွေးခင် မှာအောက်ပါအချက်တွေ ရှိတယ်ဆိုရင် ကြိုတင်ပြောပြထားသင့်ပါတယ်။
စိတ်ပိုင်းကိုယ်ပိုင်းဆိုင်ရာ (ဥပမာအစာဝါးခြင်း) ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ မရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုစွမ်းရည် နှေးကွေးခြင်း
နေ့မစေ့လမစေ့ မွေးသောကလေး
မိသားစုအတွင်းအစာဓါတ်မတည့်မှုရှိခြင်း၊အစာခြေ ပြဿနာတွေ ရှိနေခြင်း  

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်သောနည်း -အကောင်းဆုံးနဲ့အဆိုးဆုံးအစာများ
ဒီနို့ဖြတ်နည်းမှာ မိခင်တွေဟာအစာမွှေစက်၊ ပေါင်းအိုး၊အသားကြိတ်စက်အစရှိတဲ့ စက်တွေကို မမေ့သင့်ပါဘူး။ သင်ပြင်ဆင်သင့်တဲ့အစားအသောက်တွေကတော့အာလူးချောင်းကြော်အရွယ်အစားရှိတဲ့အစားအစာတွေနဲ့ ပုံမှန်အတိုင်း ကိုင်တွယ်သင့်တဲ့အစားအစာတွေ ဖြစ်တဲ့ ပေါင်မုန့်လက်ညှိုး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငါးအတုံးသေးအစရှိတာတွေပဲ ဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့အစာဝါးတဲ့စနစ်ဟာအသက် ၉ လ မရှိမချင်း သေချာစွာ ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ပထမဆုံးစားတဲ့အစာတွေဟာ ပျော့ပျောင်းသင့်ပါတယ်။ ရောထားတဲ့အစာတွေဟာ သင့်ကလေးအတွက် စားချင်စဖွယ်မဖြစ်ရင်လည်း စိတ်မပူသင့်ပါဘူး။ သုတေသီတွေက ကလေးငယ်တွေဟာအရသာကြိုက်မကြိုက်သိရှိဖို့ ရင့်ကျက်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်တော့အစာအရသာကောင်းစေတဲ့ ထပ်ထည့်ပစ္စည်းတွေဟာ ကလေးငယ်တွေရဲ့အစာစားပုံကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ စပျစ်သီး၊ ချယ်ရီသီး၊အခွံမာသီးအစရှိတာတွေဟာအစာနင်နိုင်တာမို့ သူတို့ကိုဒီအစာတွေ မကျွေးသင့်ပါဘူး။ ဓါတ်မတည့်ခြင်း ဖြစ်နိုင်တဲ့အစာတွေ ဖြစ်တဲ့အခွံမာသီး၊အခွံမာတဲ့ ရေသတ္တဝါများ၊ citrus သို့ ဂလူတန် ပါတဲ့အစားအစာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။  

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..