ရုပ်မရင့်ရလေအောင် ဒါလေးတွေ ရှောင်ပေးပါ
shweinnlay.com
|
2018-10-17




ရုပ်ရင့်စေမယ့်အစားအသောက် ၁၀ မျိုး
အစားအသောက်ဟာ လူရဲ့ ဇီဝကမ္မနဲ့ရုပ်ပိုင်းပြောင်းလဲမှုမှာအတော်လေး သက်ရောက်မှုရှိပါတယ်။အရွယ်မတိုင်ခင် သူ့အရွယ်နဲ့သူ့အဆင် တင့်တယ်စေဖို့အတွက် ဒီလိုအစားအစာတွေကို လျှော့စားမယ်ဆိုရင် ပိုပြီးအရွယ်တင်စေမှာပါ။


(၁) ချိုချဉ်ချောင်း
သကြားအစားများခြင်းဟာအသားအရေပျက်စီးမှု မြင့်စေပါတယ်။ ဒီဘက်ခေတ်မှာ သကြားဓါတ်အလွန်အကျွံစားသုံးမှုဟာ သေဆုံးနိုင်တဲ့အထိအန္တရာယ်ရှိနေပါတယ်။


(၂) တူးခြစ်နေတဲ့အသား
အသားကင်တွေ သိပ်စားမိနေတယ်ဆိုရင် ဒီနေ့ကစပြီး ကိုယ့်ရုပ်ရည် မပျက်စီးစေဖို့ထိန်းသင့်ပါပြီ။ ကျွမ်းနေအောင် မီးပူပေးထားတဲ့အသားဟာအရေပြားပေါ်က ကိုလာဂျင်တွေကို ဖြဲခွဲတာကြောင့်ရုပ်ရင့်စေပါတယ်။


(၃)အရက်




အရက်ကြောင့် ရုပ်ကြမ်းလာတာက သိသာပါတယ်။ လိုတာထက် ပိုပြီးအရက်သောက်မိမယ်ဆိုရင်အသည်းတင် ထိခိုက်တာ မဟုတ်ဘဲအသားအရေ ညိုညစ်တာ ၊အကွက်ထတာ ၊တွေပါ ကြုံနိုင်ပါတယ်။


(၄) ပြုပြင်ထားတဲ့ ပင်လယ်စာ
ဒီဘက်ခေတ်မှာ ပင်လယ်စာနာမည်နဲ့အရောင် ၊အနံ့နဲ့ပုံသဏ္ဍာပြောင်းထားတဲ့အစားအသောက် သုံးဆောင်မှုက ခေတ်စားနေပါတယ်။ ဒီပင်လယ်စာတုတွေဟာအသက်အရွယ် ကြီးရင့်မှုကို မြှင့်တင်ပေးပြီးအရေပြားကျန်းမာရေးကိုအားနည်းစေပါတယ်။


(၅) ဝိုင်ဖြူ




အရက်ဟာ ခံတွင်းခြောက်စေပြီး သွားရည်ကို ခန်းစေပါတယ်။ ဒါကြောင့် ဘက်တီးရီးယား မျိုးပွားမှုကိုအားပေးရာရောက်ပြီး သွားနဲ့ခံတွင်းပြဿနာ ဖြစ်စေပါတယ်။ ဝိုင်ဖြူမှာ ပါတဲ့အက်စစ်ဓါတ်ကြောင့် သွားစွယ်တွေ စားသွားပြီး သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။


(၆) မာဂျရင်း
ထောပတ်အစားထိုး သုံးတဲ့ မာဂျရင်းဟာအရေပြားကို ထိခိုက်နိုင်စေတယ်လို့သုတေသနတွေက ဆိုထားပါတယ်။ မာဂျရင်းစားတဲ့ သူတွေဟာ မစားတဲ့ သူတွေထက် ပါးရေနားရေတွေ ပိုလိမ့်နိုင်မှာ ဖြစ်ပါတယ်။


(၇) ဆားဓါတ်များတဲ့အစားအစာများ
အာလူကြော်လိုမျိုး ဆားပါဝင်မှုမြင့်တဲ့အစားအစာတွေကလည်းအရွယ်တင်ချင်သူတွေ ရှောင်သင့်တဲ့အစားအစာတွေပါ။


(၈) သံပုရာရည်
ကောင်းကျိုးတွေအများကြီး ရှိပေမယ့်အက်စစ်ဓါတ်ကြောင့် သွားကျန်းမာရေး ထိခိုက်နိုင်စေပါတယ်။


(၉) ကော်ဖီ
ကော်ဖီ ၊ လက်ဖက်ရည်တို့ကလည်းအရေပြား ကျန်းမာရေးမှာ ရှောင်ရှားသင့်တဲ့အစားအသောက်တွေပါ။


(၁၀) ပူစပ်စပ်အစားအစာများ
အရွယ်တင် နုပျိုချင်တယ်ဆိုရင်တော့အစပ်ရှောင်ရမှာပါ။အစပ်စားများရင်အသားကြမ်းတမ်းပြီး ရုပ်ရင့်လွယ်စေပါတယ်။




Some text some message..