တစ်ခါလောက်တော့ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ ဗီယက်နမ်ရိုးရာအစားအစာ ၆ မျိုး
shwemom.com
|
2019-05-09

ဘယ်သူမဆိုအစားမကြိုက်တဲ့လူဆိုတာတော့ ဒီကမ္ဘာမှာရှိမှာမဟုတ်ပါဘူးနော်။ ဒါကြောင့်လည်း ကိုယ့်မြို့တွင်းမှာ ဆိုင်အသစ်ဖွင့်တိုင်း၊ ဒေသသစ်တစ်ခုကိုသွားရောက်လည်ပတ်တိုင်း၊ နိုင်ငံရပ်ခြားရောက်တိုင်းမှာ ရိုးရာအစားအစာတွေကိုအရင်ဆုံးမြည်းစမ်းဖို့ွှတွက် ကြိုတင်စဉ်းစားထားတတ်ကြတာ သဘာဝမဟုတ်ပါလား။အခုနောက်ပြီး ဗီယက်နမ်ကို သွားရောက်လည်ပတ်သူတွေလည်း များနေပြီဖြစ်တာကြောင့် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ရောက်ခဲ့ရင် သို့မဟုတ် ဗီယက်နမ်အစားအသောက်တွေရှိတဲ့ဆိုင်ရောက်ခဲ့ရင် မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့အစားအစာ ၅ မျိုးအကြောင်ကို ဖော်ပြပေးချင်ပါတယ်။

ဗီယက်နမ်မြောက်ပိုင်းဒေသမှာတော့အစားအသောက်အရသာတွေဟာအိမ်နီးချင်းတရုတ်နိုင်ငံရဲ့အငွေ့အသက်တွေကိုအများကြီးတွေ့ရပါတယ်။ ဒါကြောင့်လည်း ဟင်းတစ်ခွက်ထဲ ငါးငံပြာရည်ထည့်တတ်တဲ့နိုင်ငံမှာ မြောက်ပိုင်းမှာတော့ ပဲငံပြာရည်ကိုအဓိကအသုံးပြကြတာပါ။ ဒီအပြင် ငရုတ်ကောင်း၊ ငရုတ်သီး၊အုန်းနို့၊ သံပုရာသီး၊ မန်ကျည်းသီးတို့ကိုအများဆုံးအသုံးပြုတတ်ကြပြီး ပြင်သစ်အစားအစာတွေမှာ တွင်တွင်သုံးတတ်ကြတဲ့အာလူးတို့ ကညွှတ်တို့ကိုလည်း ဟင်းလျာတော်တော်များများမှာတွေ့ရပါတယ်။ သားငါးစုံတို့ကိုစားသုံးလေ့ရှိပြီး ပုံမှန်မဟုတ်တဲ့ ခွေးသား၊ လိပ်သားနဲ့ မြွေသားတို့ကိုလည်း ဗီယက်နမ်မှာ သာမန်အသားတွေကိုမျိုး စားသုံးတတ်ကြပါတယ်။အခုမိတ်ဆက်ပေးမယ့်အစားအစာတွေကတော့ ဗီယက်နမ်ကိုထင်ဟပ်စေတဲ့ဟင်းလျာတွေဖြစ်ပြီး လူတိုင်းရဲ့ပါးစပ်နဲ့လည်း ကိုက်ညီစေမှာဖြစ်တာကြောင့် ဘယ်လိုတွေပါလာဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။


(၁) Banh Mi Thit

ဗီယက်နမ်တွေရဲ့ရိုးရာပေါင်မုန့်လို့ ပြောလို့ရနိုင်သလိုမျိုး နေရာတိုင်းမှာလည်းအလွယ်တကူရှာတွေ့နိုင်ပါတယ်။ ပေါင်မုန့်လိုမျိုးထဲမှာ ဝက်ပေါင်ခြောက်၊ ချိစ့်၊ ငါးသေတ္တာ၊ ဗီယက်နမ်အသားကြိတ်ချောင်းနဲ့ မုန်လာဥချဉ်တို့ကိုအစာသွတ်ထားတာမျိုးပါ။


Cooky.vn


(၂) Bo Kho

အမဲသားနဲ့ ဟင်းသီးဟင်းရွက်စတူးဖြစ်ပြီးအပေါ်က Banh Mi Thit ပေါင်မုန့်နဲ့တွဲစားလေ့ရှိပါတယ်။


COOK.VT


(၃) Che

ဒါကတော့ ကျွန်တော်တို့မုန့်လုံးရေပေါ်မျိုးကိုမှ ထန်းလျက်နေရာမှာ သူတို့က ပဲကိုချိုအောင်ပြုလုပ်ကာအစာသွတ်ထားတာပါ။


Vietnam Guide


(၄) Buncha

ခေါက်ဆွဲသုတ်နဲ့ ဝက်သားလုံးကြော်ပါ။


Pinterest


(၅) Goi Cuon

ဗီယက်နမ်ကော်ပြန့်ပေါ့။ ဝက်သားသို့မဟုတ် ပုစွန်နဲ့အဓိကလုပ်ပြီး ဟင်းရွက်တွေကို ဆန်ကော်ပြန့်ပါးလေးနဲ့ လိပ်ကာ မြေပဲအနှစ်နဲ့တို့စားတတ်ကြပါတယ်။


Vietnam Guide


(၆) Pho

ဗီယက်နမ်ရိုးရာခေါက်ဆွဲပြုတ်ပါ။အမည်းသားနဲ့ကြက်သားကိုအဓိကအသုံးပြုထားတာ ဆန်ခေါက်ဆွဲနဲ့ ချက်ပါတယ်။


Cooking Light


Source: Vietnam Guide


Penny




Some text some message..