လူတွေ တစ်လျှောက်လုံး လွဲမှားစွာ စားသောက်နေခဲ့တဲ့ စားသောက်ပုံနည်းစနစ်များ
shwemom.com
|
2019-05-09

တကယ်လို့ သင်အနှစ်သက်ဆုံးအစားအစာဟာ စားရတာ လူကို ဖရိုဖရဲဖြစ်စေတယ်ဆိုရင် ပြဿနာဟာအစားအသောက်ကြောင့်မဟုတ်ပဲ သင့်ကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေအစားအသောက်စားတဲ့ကိစ္စလို ရိုးရှင်းတဲ့ ကိစ္စမျိုးမှာတောင် နည်းမသိတဲ့အခါ တလွဲတွေတွေဖြစ်တတ်ပါသေးတယ်။အောက်ဘက်မှာတော့ လူတော်တော်များများအနေနဲ့ စားပုံသောက်ပုံလွဲမှားနေတယ်လို့ ထင်ရတဲ့ စားသောက်ပုံနည်းစနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

တကယ်လို့ ကိုယ်စားနေတဲ့ကော်ပြန့်ကြော်က ကျိုးကြေပြီးအထဲကအစာတွေ မွကုန်တယ်ဆိုရင် ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။အဲဒါကတော့ ဆလတ်ရွက်လေးတစ်ရွက်ထဲကို ကျိုးကြေကုန်တဲ့အစားတွေထည့် ပြန်ထုပ်ပြီး စားနိုင်ပါတယ်။

© kylebreitkopf / Instagram © mamallama.fitness / Instagram

ပန်ကိတ်တွေကို ညီညီလေးဖြစ်အောင် ထပ်ပြီးအလယ်ကနေအပေါက်လေးဖောက်လိုက်ပါ။ ဒီလိုနည်းနဲ့အချိုရည်တွေဟာ ပန်ကိတ်တွေအားလုံးထဲ တပြေးညီစိမ့်ဝင်သွားမှာ ဖြစ်ပါတယ်။

© correct1126 / Instagram © BUDMUTHURF**KUR / Reddit

ကော်ဖီအေးသောက်မယ်ဆိုရင် ကော်ဖီထည့်၊ နွားနို့ထည့်ပြီး ရေသန့်ရေခဲတုံးထည့်မယ့်အစား ကော်ဖီအရသာ ပိုပေါ်လွင်အောင်လို့ ကော်ဖီကို ရေခဲတုံးလုပ်ပြီး ဖျော်စပ်နိုင်ပါတယ်။

© Depositphotos.com © coffee_bear_brand / Instagram

အမြန်စာဆိုင်တွေမှာ တွေ့ရတဲ့ ဆော့စ်ထည့်တဲ့ခွက်လေးတွေကို ပိုစားသုံးရလွယ်ကူအောင်အခုလို ဖြန့်ထုတ်နိုင်ပါတယ်။

© mandadontsaypandacampos / Instagram

တကယ်လို့ သင်ဟာ သူငယ်ချင်းတွေနဲ့အတူ ကွတ်ကီးစားမယ်၊ နို့လေးနဲ့ပါ တွဲဖက်ပြီး စားမယ်ဆိုရင်တော့ ခွက်အသစ်တစ်ခွက်ကို ညစ်ပတ်ခံမနေပါနဲ့တော့။ ကွတ်ကီးအကန့်လေးတစ်ခုထဲကို နို့ထည့်ပြီးအားလုံးဝေမျှတို့စားနိုင်ပါတယ်။ စားပြီးတဲ့အခါမှာတော့ နို့ထည့်ထားတဲ့အကန့်ကိုဖြတ်ထုတ်ပြီး လွှင့်ပစ်လိုက်ရုံပါပဲ။

© booze.and.bites / Instagram © Speaker4theRest / Reddit

ပေါက်ပေါက်ဆုပ်ကို ပန်းကန်ထဲ ထည့်ရမှာ ပျင်းတဲ့သူတွေအတွက်တော့ ပေါက်ပေါက်အိတ်ကို တစ်ဝက်ဖြတ်ပြီး ဝယ်လာတဲ့ စက္ကူအိတ်နဲ့ပဲ စားသုံးနိုင်ပါတယ်။

© _fiori_di_carta_ / Instagram © Tkavil / Reddit

Pistachioအစေ့လေးတွေကို စားသုံးဖို့ pistachioအခွံဟောင်းတစ်ခုပဲ လိုပါတယ်။

© ryn_celeste / Instagram © jake albaugh / Twitter

ဖရဲသီးလေးတွေကို စားလို့လွယ်တဲ့အစိတ်လေးတွေဖြစ်အောင်အခုလို ဖြတ်ထုတ်နိုင်ပါတယ်။

© Depositphotos.com © ApnaBazar Bensalem / Twitter

အအေးဘူးတွေမှာပါတဲ့ ထိပ်နားက ထူထပ်ထပ်စက္ကူသားတွေမှာ သူ့ရည်ရွယ်ချက်နဲ့ သူရှိပါတယ်။

© Depositphotos.com © KYLIE B / Twitter

ဘာဂါစားမယ်ဆိုရင်တော့ ပြောင်းပြန်စားပေးပါ။ ဘာကြောင့်လည်းဆိုတော့ ဘာဂါထဲက ကြီးတဲ့ပေါင်မုန့်ပိုင်းကိုအောက်ဘက်မှာ ထားစားတဲ့အခါအထဲကအရသာရည်တွေပိုစိမ့်ဝင်သွားပြီး ပိုစားကောင်းစေပါတယ်။

© Depositphotos.com © Depositphotos.com

အအေးသောက်နေတဲ့ပိုက် လျှောက်ပြေးမနေရလေအောင်အခုလို လော့ခ်ချထားနိုင်ပါတယ်။

© Depositphotos.com © malaysian frustration / Twitter

တစ်ကိုက်ကိုက်လိုက်တိုင်း ဝက်သားပြားလေးပါလာချင်ရင်အသားညှပ်ပေါင်မုန့်လုပ်တဲ့အခါအသားပြားလေးတွေကိုအခုလို စီရီထည့်ပေးနိုင်ပါတယ်။

© mrsdeleon05132011 / Instagram © justinbalczak / Instagram




လင်းလင်း (ShweMom)

Ref: brightside




Some text some message..