ကောင်းမွန်တဲ့စားသောက်ဆိုင်တစ်ခု ဟုတ်၊မဟုတ်သိနိုင်မယ့် နည်းလမ်း(၅)ခု
shwemom.com
|
2019-05-15

စားသောက်ဆိုင်တွေဆိုတာ ဒီနောက်ပိုင်းမှာအရသာ၊ ဈေးနှုန်း စတာတွေအပြင် ဝန်ဆောင်မှုကိုပါ ထည့်သွင်းပြီး လုပ်ဆောင်နေရတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ကို လာရောက်တဲ့ စားသုံးသူတွေက စားသောက်ဆိုင်က ပြန်အထွက်မှာ စိတ်ကျေနပ်မှုအပြည့်နဲ့ထွက်သွားရတယ်ဆိိုရင် ဒီ စားသောက်ဆိုင်ကအောင်မြင်တာပါပဲ။ စားသုံးသူအများစုကတော့ စားသောက်ဆိုင်တစ်ဆိုင် ကောင်း၊မကောင်းဆိုတာ ဒီအချက်တွေနဲ့ ယှဉ်ပြီးဆုံးဖြတ်လေ့ရှိကြပါတယ်။အရည်အသွေးညံ့တဲ့ စားသောက်ဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့အချက်တွေပေါ့…။

(၁)။ နှုတ်ဆက်မယ့်ဝန်ထမ်းတွေမရှိတာ
စားသောက်ဆိုင်ထဲ ဝင်လိုက်ချိန်မှာ ဘယ်မှာထိုင်ရမယ်မသိ၊ ဘယ်လိုမှာရမယ်မသိပဲအူကြောင်ကြောင်ဖြစ်နေတာမျိုး ကြုံဖူးပါလိမ့်မယ်။ သင့်ကို ကူညီမယ့် ဝန်ထမ်းတွေမရှိပဲ သူတို့အလုပ်ကိုပဲ သူတို့လုပ်နေကြချိန်မှာ သင်ဟာ ဒီစားသောက်ဆိုင်ကို လာမိတာ မှားပြီလို့ ခံစားမိနေမှာပါ။


Secret London

(၂)။ သင်ထိုင်နေပေမယ့်ဘယ်သူမှ ဂရုမစိုက်တာ
သင်ကတော့ဆိုင်ထဲကိုရောက်နေပြီး စားပွဲမှာ ထိုင်နေတာ တော်တော်ကြာနေပါပြီ။ ဒါပေမယ့် သင့်ကို ဘာမှာမလဲလို့ မေးမယ့် ဝန်ထမ်းကရောက်မလာသေးပဲအစားအစာမှာရမယ့် Menu ကလည်း စားပွဲပေါ်မှာ ရှိမနေပါဘူး။ ဒီလိုအခြေအနေမျိုးက သင့်ကို တကယ်ပဲ စိတ်ပျက်စေမှာဖြစ်ပြီးအခန့်မသင့်ရင် ထထွက်သွားတာမျိုးတောင် ဖြစ်သွားနိုင်စေပါတယ်။


Secret London

(၃)။ သန့်သန့်ရှင်းရှင်းမရှိပဲ ညစ်ပတ်နေတာ
သင့်အတွက်လာချပေးတဲ့ ပန်းကန်တွေက သန့်ရှင်းမှုမရှိပဲ ညစ်ပတ်နေတာ၊ စားပွဲခုံကိုလည်း သေချာမရှင်းထားပဲ ဟင်းကျန်တွေနဲ့ပေနေတာ၊ ရေနွေးခွက်တွေ၊အအေးခွက်တွေကလည်း ပြောင်ပြောင်လက်လက်မရှိတာ စတာတွေက သင့်ရဲ့စားချင်စိတ်ကို ဝေးဝေးရောက်သွားစေမှာပါ။ ညစ်ပတ်နေတဲ့အခြေအနေတွေကိုကြည့်ပြီး သင့်အနေနဲ့ ဒီဆိုင်ကို နောက်တစ်ခေါက်လာဖို့ မရှိတော့ဘူးလို့ ဆုံးဖြတ်မိသွားမှာအသေအချာပါပဲ။


Secret London

(၄)။ ချိုချိုသာသာမရှိတဲ့ဝန်ထမ်းတွေ
စားသောက်ဆိုင်ထဲက ဝန်ထမ်းတွေရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ ဒီစားသောက်ဆိုင်ရဲ့အနေအထားကို သိနိုင်တာမျိုးလည်းရှိနိုင်ပါသေးတယ်။ တချို့ဆိုင်တွေမှာဆိုရင် ပိုက်ဆံပေးရတာက သူလား၊ကိုယ်လား မသဲကွဲလောက်အောင် ဝန်ထမ်းတွေရဲ့မျက်နှာက တင်းမာနေတတ်ကြတာပါ။ ဒီလိုသာဆိုရင်တော့ နောက်တစ်ဆိုင်ကိုသာ ရွေးလိုက်ကြပါတော့လို့ တစ်ခါတည်းအကြံပေးလိုက်ပါတယ်။

(၅)။ မှာလိုက်တာနဲ့တလွဲတွေလုပ်လာတာ
လူတိုင်းကတော့အမှားနဲ့မကင်းပါဘူး။ ဒါပေမယ့် ကိုယ်သေသေချာချာလေး မှာလိုက်တာကိုမှ တလွဲတွေ လုပ်လာရင်တော့ ဒါက ကိုယ့်ကို ဂရုမစိုက်တာပဲဆိုတာ သိနိုင်မှာပါ။ ကိုယ်က ငရုတ်သီးမထည့်ပါနဲ့လို့ သေသေချာချာ နှစ်ခွန်းလောက်ပြောလိုက်တာကိုတောင် ဂရုမစိုက်ပဲ ငရုတ်သီးတွေပါလာခဲ့ရင် ပြဿနာတက်ပြီလေ။ ဒီလိုဆိုင်မျိုးနဲ့တွေ့ရင် နောက်တစ်ကြိမ်မသွားတာက စိတ်ချမ်းသာဖို့အကောင်းဆုံးဖြစ်မှာပါ။

Linn




Some text some message..