ကလေးများဝမ်းသွားနေစဉ်အစာကျွေးပါ
healthcare.com.mm
|
2018-10-22

ဝမ်းကြောင့်အသက်ဆုံးရှုံးရခြင်းသည်အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်နေပေသည်။ ယင်းအချက်နှစ်ချက်သည် တစ်ခုနှင့်တစ်ခု စက်ဝန်းလိုလည်နေပြီးတစ်ချက်ကြောင့်အခြားအချက်မှာ ပိုဆိုးရသည်။ က။ ဝမ်းသွားခြင်းသည်အာဟာရချို့တဲ့မှုကိုအဓီကဖြစ်စေသည်လူ့ခန္ဓာကိုယ်သည် ရိုးရိုးအချိန်မှာထက် ဝမ်းသွားနေစဉ်အာဟာရဓာတ်ပိုမိုလိုအပ်ပေသည်။ ကလေးများဝမ်းသွားလျှင်အစာအနည်းငယ်သာ စားကြသည်။ ထို့အပြင် ဝမ်းသွားနေစဉ် ခန္ဓာကိုယ်၏အူများကအာဟာရဓာတ်စုပ်ယူနိုင်မှု လျော့နည်းရပါသည်။ ဝမ်းစသွားစဉ် ရက်များအတွင်းအာဟာရရှိမှုမှာ သာမန်ထက် သုံးပုံတစ်ပုံအထိ ကျဆင်းသွားသည်။အကြောင်းအချက်အတော်များများကြောင့်ဖြစ်သည်။အစားအသောက်ပျက်ခြင်း၊အန်ခြင်း (အန်၍မိခင်မျးကအစာသိပ်မပေးခြင်း ) မိခင်များ ကိုယ်တိုင်က ကလေးကိုအစာအနည်းငယ်ကျွေးခြင်း သို့မဟုတ် ခပ်ပျော့ပျော့အစာများကို ရိုးရာယုံကြည်မှုအရ ပေးခြင်းတို့ကြောင့်ဖြစ်သည်။အစာများကို စုပ်ယူနိုင်မှုကိုမှာ ဝမ်းသွားနေစဉ် သုံးပုံတစ်ပုံခန့်အထိ လျှော့နည်းသွားပေသည်။ သို့သော်အာဟာရအချို့ဆုံးရှုံးသွားသော်လည်း အစာအတော်များများကို ခန္ဓာကိုယ်က စုပ်ယူနိုင်သဖြင့် ကလေးများ ဝမ်းသွားလျှင်အစာကိုဆက်ကျွေးပါ။ ခ။အာဟာရချို့တဲ့ခြင်းသည် ဝမ်းသွားခြင်းကို ပိုဆိုးစေသည်အာဟာရချို့တဲ့သော ကလေးများတွင် ဝမ်းခပ်ကြာကြာသွားတတ်သလို၊ ဆိုးရွားသောဝမ်းသွား မှု မကြာခဏဖြစ်တတ်သည်။အာဟာရချို့တတ်ခြင်းနှင့် ဝမ်းသွားခြင်းဟူသည့် စက်ဝန်းကို ပြည့်၀ သောအစာကိုကျွေးဖို့ ပညာပေးရပေမည်။ ဝမ်းသွားနေစဉ် ဝမ်းသွားပြီးနောက်အစာကောင်းကောင်းကျွေးပါအာဟာရပြည့်ဝသောအစာများကို ဖောဖောသီသီကျွေးပါ။ ခန္ဓာကိုယ်တွင်အရည်ဓာတ်ချို့တဲ့မှုဖြစ်နေပါကို ဖြည့်ဆည်းပေးပြီးပါကအစာကိုစတင်ကျွေးပါ။ ကလေးငယ် ကျန်းမာစဉ်ကကျွေးသည့်အစာများကို ဝမ်းသွားနေစဉ်ကျွေးပါ။ တကယ်၍ ကလေးငယ်သည်အလွန်အမင်းအာဟာရချို့တဲ့နေပါက ဓာတ်ဆားရေကိုတိုက်ကျွေးနေစဉ်အစာကိုကျွေးပါ။ ၎င်းကလေးများမှာအလွန်အမင်းအာဟာရချို့တဲ့နေ၍ ဓာတ်ဆားရည်ကို ၁၂ နာရီမှ ၂၄ နာရီအတွင်း တဖြည်းဖြည်းတိုက်ပါ။ ထို့အပြင် ပိုတက်ဆီယပ်ကြွယ်ဝသောအစာများဖြစ်သည့် ဟင်းနုနယ်ရွက်၊ သဘောင်္သီး၊အိုးနို့ရည် များကို တိုက်ကျွေးပါ။ ဝမ်းသွားပြီးသက်သာစပြုသောအချိန်မှာအရေးကြီးပြန်သည်။ ဝမ်းသွားနေစဉ်အစာကို စောနိုင်သမျှစောပြီး ကျွေးသည့်တိုုင်အေင် ကလေး၏ဖွံဖြိုးမှုမှာနှေးကွေးသွားနိုင်သည်။ ပုံမှန်အတိုင်းဖွံ့ဖြိုးအောင် ဆောင်ရွက်သင့်ပါသည်။ ကလေးများဝမ်းရပ်သွားပါကအလွန်အမင်းဆာလောင်တတ်ကြရာအစာကိုနှစ်ဆတိုးစားကြသည်။အသုံးဝင်သောနည်းမှာအစာကို ကလေးငယ်စားနိုင်သလောက်သာကျွေးပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်းအပိုအစာများကို ဖြည့်ဆည်းသင့်ပေသည်။ ကလေးများအတွက်နို့ကလေးများဝမ်းသွားနေစဉ်အမေ့နို့ကိုလျှော့မတိုက်ရ။ ရပ်မထားရ။ ဝမ်းသွားနေသော ကလေးကိုအမေ့နို့မကြာခဏ တိုက်ပေးရမည့်အပြင် ကလေးများစို့ချင်သလောက်တိုက်ပေးပါ။အကယ်၍ နို့မှုန့်တိုက်နေလျှင် နို့မှုန့်ဆက်တိုက်ပါ။အရွယ်ငယ်သောကလေးများတွင် ဝမ်းစသွားနေစဉ် နို့မှုန့်ကိုခပ်ကျဲကျဲတိုက်ရမည်ဟု ထင်မြင်ယူဆကြသည်။ သို့သော်ဂွာတီမာလာနှင့် ဘရာဇီးနိုင်ငံတွင် လတ်တလောလေ့လာချက်အရ ယင်းယူဆချက်မှာ မှန်ကန်ခြင်းမရှိပေ။ နို့မှုန့်ကို ခပ်ကျဲကျဲတိုက်ပါကအာဟာရဓာတ်နည်းပါးသဖြင့် ကလေးဖွံ့ဖြိုးမှု နှေးသွားကြောင်းသိရပါသည်။ ကြီးသောကလေးများကလေးငယ်သည် လေးလ သို့မဟုတ် လေးလထက်ကြီးသောအရွယ်ဖြစ်ပါက ခပ်ပျော့ပျော့အစာများကို စားနိုင်ပေရာ ဝမ်းသွားလျှင် ခပ်ပျော့ပျော့အစာများကို ဆက်ကျွေးပါ။ ခြောက်လအရွယ် သို့မဟုတ် ခြောက်လထက်ကြီးသော ကလေးများသည် ခပ်ပျော့ပျော့အစာများကို မစားဖူးပါက ၎င်းအစာများကို စတင်ကျွေးပါ။အသက်ခြောက်လအရွယ်ကျော်ပါက ယင်းတို့၏အာဟာရဓာတ်တစ်ဝတ်မှာ နို့အပြင်အစားအစာများမှ ရသင့်ပေသည်။အကယ်၍ ခန္ဓာကိုယ်တွင်အရည်ဓာတ်ချိုကတဲ့မှု ဖြစ်ပေါ်နေပါက ဓာတ်ဆားရည် တိုက်ကျွေးနေစဉ် လေးနာရီမှခြောက်နာရီအတွင်းအစာကျွေးခြင်းကိုရပ်ထားပြီး နောက်ပိုင်းတွင် ဆက်ကျွေးပါ။ စွပ်ပြုတ်အရည်များသည်အရည်ဓာတ်လျော့နည်းခြင်းကို ကာကွယ်ပေးသည်။ သို့သော်အချို့သောအရည်များမှာ သင့်တော်မှုမရှိပေ။ ယင်းအရည်များသည် ကယ်လိုရီမပြည့်ဝသည့်အပြင်အာဟာရပြည့်စုံခြင်း မရှိပေ။ ဝမ်းသွားနေစဉ် သို့မဟုတ် ဝမ်းသွားပြီးနောက် ကလေးများကိုအစာ မကြာခဏကျွေးပါ။ Ref: ဒေါက်တာလှဖေသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..