
မနက်စာဆိုတာတစ်ချို့လူတွေအတွက်မစားဖြစ်တဲ့အရာတစ်ခုလိုတောင်ဖြစ်နေတတ်ပါတယ်။နေ့စဉ်လှုပ်ရှား မှုတွေကစီးချက်မညီတဲ့အခါမနက်စားကိုလွှတ်ထားတဲ့သူတွေများလာကြပါတယ်။အိပ်ယာထနောက်ကျလို့ဖြစ်စေအလုပ်နောက်ကျ ကျောင်းနောက်ကျ နဲ့မစားဖြစ်ကြတဲ့မနက်စာကတကယ်တော့လူတိုင်းအတွက်လိုအပ်ပါတယ်။မနက်စာစားခြင်းကကျန်းမာစေတဲ့အပြင်တနေ့တာလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေအတွက်အားဖြစ်စေတာပါ။ဒီတော့မနက်စာမစားရင်လုပ်ရမယ့်လုပ်ဆောင်ချက်တွေကကောင်းကောင်းမဖြစ်မြောက်နိုင်တော့ဘူးပေါ့။အတွေးအခေါ်ပိုင်းဆိုင်ရာအလုပ်လုပ်ပုံကအစ ကွာပါတယ်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် မနက်စာကိုမကျော်သင့်ပါဘူး။ဒါပေမယ့်လည်းကျန်းမာရေးနဲ့မညီညွတ်တဲ့မနက်စာမျိုးဆိုရင်တော့မစားတာကပိုကောင်းပါတယ်။လူနည်းစုလောက်သာအိမ်မှာသေချာပြင်ဆင်ချက်ပြုတ်ပြီးမနက်စာကိုစားကြတာပါ။အများစုကတော့အလွယ်တကူဝယ်စားတတ်ကြပါတယ်။အဲ့လိုဝယ်စားတဲ့အစားအစာတွေကကျန်းမာရေနဲ့ညီညွတ်တဲ့မနက်စာဖြစ်ဖို့လိုပါတယ်။အမြန်ရနိုင်တဲ့ fast food တွေမှာလည်းတချို့ကအဆင်ပြေပြီးတချို့ကတော့မစားသင့်တဲ့မနက်စာပါ။Healthy ဖြစ်စေတဲ့မနက်စာတွေထဲကတစ်ချို့ကိုပြောပြချင်ပါတယ်။အနောက်တိုင်းနိုင်ငံတွေနဲ့မတူတဲ့မြန်မာနိုင်ငံရဲ့အများစုစားလေ့ရှိတဲ့မနက်စာကတော့ မုန့်ဟင်းခါး နဲ့ထမင်းကြော်ပါ။ဒါတွေကရောအာဟာရဖြစ်ရဲ့လားဆိုတော့ ဖြစ်ပါတယ်အာရှရဲ့healthy breakfast စာရင်ဝင်ထားတဲ့ ၂မျိုးပါ။ဓလေ့ထုံးစံအလိုက်စားသောက်ကျတဲ့အစားအစာတွေမတူတာမို့ခြုံပြောရမယ်ဆိုရင်တော့ကြက်ဥ ၊ ဆန်နဲ့ပတ်သတ်တဲ့ထမင်း ၊ မြန်မာမုန့်အများစုရယ်နောက်ပြီး ဂျုံနဲ့ပတ်သတ်တဲ့အစားအစာတွေ ၊အိန္ဒိယအစားအစာအများစုကလည်းတကယ်ကိုအာဟာရ ဖြစ်စေပါတယ်။ဂျုံခေါက်ဆွဲ ၊ ကြာဇံ စတာတွေကတော့ ready made မဟုတ်တာမျိုးကသာ healthy breakfast ဖြစ်စေမှာပါ။fruit juice ၊ milk ၊ coffee ၊ tea နဲ့oak စတာတွေကတော့သင့်မနက်စာစရင်းထဲထည့်ထားသင့်တဲ့ healthy ဖြစ်စေမယ့်အရာတွေပါ။အဲ့လိုမနက်စာတွေကိုအခုဆိုလွယ်လွယ်ဝယ်ယူရပါသော်လည်းမစားဖြစ်တဲ့လူတွေရှိကြသေးတာမို့ကျန်းမာစေဖို့ရာမနက်စာကိုမရှောင်သင့်ပါဘူးနော်။နေ့တစ်နေ့ ရဲ့အစမှာမနက်စာကိုမစားဘူးဆိုရင်တော့ခန္ဓာကိုယ်အတွင်းဓါတ်ပြောင်းလဲဖွဲ့စည်းမှုကို နှေးစေပြီးအဆီပိုတွေကိုမချေဖျက်ပေးနိုင်တော့ပါဘူး။မနက်စာစားခြင်းကဆာလောင်မှုကိုလည်းတားဆီးပေးနိုင်ပြီး နေ့လည်စာအချိန်မှာသင့်တင့်သလောက်ဘဲစားတော့တဲ့အတွက် weight တက်မှာမစိုးရိမ်ရပါဘူး။မနက်စာစားခြင်းကဝစေတယ်ဆိုတာမဟုတ်ပါဘူးနော်။ဆာလောင်မနေတဲ့တွက်တနေ့တာကိစ္စတွေကိုအာရုံစိုက်နိုင်ပြီးအတွေးအခေါ်ကောင်းတွေကိုရစေတာမို့စိတ်ဖိစီးမှုမများရတော့တဲ့အပေါ်ဆက်စပ်ပြီးကောင်းကျိုးတွေရှိပါသေးတယ်။ဒီတော့အချိန်လုပြီးအလုပ်လုပ်နေရရင်တောင်မနက်စာစားဖို့အချိန်နည်းနည်းတော့ပေးသင့်တယ်လို့ထင်ပါတယ်။အဲ့အချိန်လေးကြောင့်သင့်နေတစ်ဝက်လေးကပိုပြီးတော့စိတ်ချမ်းသာနိုင်မှာပါ။
Editor : Bo