ချောကလက်ညှပ် ပေါင်မုန့်ကြက်ဥကြော်လေးနဲ့ မနက်ခင်းကို ဖြတ်သန်းရအောင်…
trend.com.mm
|
2019-06-17




မနက်စာကို ပေါင်မုန့်တို့ ၊ လက်ဖက်ရည်တို့ ၊ နွားနို့ နဲ့ နံပြား ၊အီကြာကွေးတို့နဲ့ပဲ တင်းတိမ်သူ
ဆိုရင် ဒီလိုပေါင်မုန့်ကြက်ဥကြော်လေးကိုလည်းအကြိုက်တွေ့မယ်လို့ ထင်ပါတယ်။








ပေါင်မုန့်ကြက်ဥကြော်လေးကိုမှ ချောကလက်ညှပ်ထားတော့အရသာရှိပြီလေ။ ပုံမှန်
ပေါင်မုန့်ကြက်ဥကြော်အတိုင်းပဲကို ချောကလက်ညှပ်ပြီး ဘယ်လိုကြော်မလဲဆိုတာ လုပ်ပုံလုပ်
နည်းလေးတွေ ဆက်ဖတ်ရအောင်နော်…








ပထမဦးဆုံး ပေါင်မုန့်တစ်ချပ်ကိုယူပြီးအလယ်ကို စတီဇွန်းနဲ့ ပြားပြားလေးဖြစ်အောင် ဖိပေးပါ။
ပြဲသွားအောင်တော့ မဖိနဲ့ပေါ့နော်။ ပြီးရင် ပေါင်မုန့်အလယ် ချိုင့်နေတဲ့နေရာကို ချောကလက်
(Nutella) လေးထည့်လိုက်ပါ။ မဖြန့်လိုက်ပါနဲ့နော်။အလယ်လေးမှာပဲ ပုံထားပါ။







ပြီးရင် ပေါင်မုန့်နောက်တစ်ချပ်နဲ့အုပ်ထားလိုက်။


ပေါင်မုန့်ကြက်ဥကြော်ဖို့အတွက် ကြက်ဥလေး ၂လုံး ၃ လုံးလောက်ဖောက်ပြီး နွားနို့နဲ့ ရောခလောက်
ပါ။ ခုနက ပေါင်မုန့်ကိုယူပြီး ကြက်ဥအရည်ထဲ စိမ်လိုက်မယ်။ ပြီးရင်တော့ ထောပတ်ဆီလေးနဲ့
ကြော်လိုက်ရုံပါပဲ။ ကဲ .. ဒါဆိုရင်တော့ စားချင်စဖွယ် ချောကလက်ညှပ် ပေါင်မုန့်ကြက်ဥကြော်
လေးရပါပြီ။ လိုက်လုပ်ဖို့ လွယ်ပါတယ်။အားလုံးပဲအရသာရှိတဲ့ မနက်စာလေးနဲ့ တစ်နေ့တာ
လေးကို ဖြတ်သန်းလိုက်ပါနော်…




Some text some message..