ပါဝင်ပစ္စည်းများ
သရက်သီးမှည့် (၁) လုံး
ပဲနို့ (၄၀၀) မီလီလီတာ
နေကြာစေ့ (၁) ဇွန်း
ပြုလုပ်နည်း
သရက်သီးမှည့်ကိုအခွံနွာပြီးအစေ့ဖယ်ထားရပါမယ်။
ပြီးလျှင် သရက်သီးနှင့် ပဲနို့တို့ကိုအသီးဖျော်စက် (blender) တွင် ဖျော်ပြီး ခွက်တစ်ခွက်တွင် ပြောင်းထည့်ပါမယ်။
အပေါ်ကနေကြာစေ့များ ဖြူးပါ။
အဆင်သင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
သရက်သီးမှာ ဘီတာကယ်ရိုတင်းအလျှံပယ်ပါဝင်ပြီး ဗိုက်တာမင် B3 လည်း ပါဝင်ပါတယ်။
ပဲနို့မှာ တွေ့ရတဲ့ ဗီတာမင် B6 သုံးစွဲစားသုံးမှုဟာ ပုံမှန်ထက်လျော့နည်းမယ်ဆိုပါက မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်သောက များခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။
နေကြာစေ့တွင် မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ်ဖြစ်တဲ့အိုမီဂါ – 6 ဟာအရင်းအမြစ် ကြွယ်ဝပြီး ၎င်းကို ဦးနှောက်ကအကျိုးရှိရှိအလုပ်လုပ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
နောက်နေ့တွေမှာလည်း ခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေနိုင်တဲ့ ဖျော်ရည်တွေကို ဆက်လက်တင်ဆက်ပေးပါအုံးမယ်။
Unicode ဖြင့်ဖတ်ရန်
=======================================
ပဲနို့မှာ တွေ့ရတဲ့ ဗီတာမင် B6 သုံးစွဲစားသုံးမှုဟာ ပုံမှန်ထက်လျော့နည်းမယ်ဆိုပါက မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်သောက များခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။
နေကြာစေ့တွင် မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ်ဖြစ်တဲ့ အိုမီဂါ – 6 ဟာ အရင်းအမြစ် ကြွယ်ဝပြီး ၎င်းကို ဦးနှောက်က အကျိုးရှိရှိအလုပ်လုပ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
နောက်နေ့တွေမှာလည်း ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေနိုင်တဲ့ ဖျော်ရည်တွေကို ဆက်လက်တင်ဆက်ပေးပါအုံးမယ်။