
ထောပတ်သီးစားပြီးရင်အစေ့ကိုလွှင့်မပစ်ပါနဲ့လို့အကြံပေးပါရစေ။ဘာလို့လဲဆိုတော့ ထောပတ်သီးအသားအနှစ်တင်မကဘူး။ထောပတ်သီးအစေ့ကပါ ကျန်းမာရေးနဲ့အလှအပအတွက်အသုံးဝင်နေပါတယ်။ထောပတ်သီးစေ့တွေက ဘယ်လိုအသုံးဝင်တာလဲအတူတူဆက်ဖတ်ကြည့်ရအောင်
*Glow Skin ရစေတယ်
သဘာဝအတိုင်းကြည်လင်တောက်ပတဲ့အသားအရည်မျိုးကိုထောပတ်သီးအစေ့က ဖန်ဆင်းပေးပါတယ်။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant တွေဟာ ပျက်စီးသွားတဲ့အသားအရည်ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးပြီး နုပျိုတဲ့အသားအရည်ဖြစ်အောင် ပြန်လည်ကုသပေးပါတယ်။ဒီတော့ ထောပတ်သီးစေ့ကိုဘယ်လိုသုံးရမလဲ။
ပထမဆုံး ထောပတ်သီးစေ့ကိုသန့်ရှင်းအောင် ရေနွေးနွေးလေးနဲ့ဆေးကြောပြီး ၃ရက်ကနေ ၅ရက်အထိအခြောက်ခံထားပါ။အခြောက်ခံပြီးရင် ကြိတ်စက်ထဲထည့်မွှေပြီးအမှုန့်အဖြစ်ပြောင်းလဲလိုက်ပါ။ရလာတဲ့အမှုန့်တွေကိုဘူးလေးတစ်ဘူးထဲထည့်ပြီးကိုယ့်ရဲ့မျက်နှာသစ်ဆေးနဲ့ရောလို့ သုံးပေးနိုင်ပါတယ်တဲ့။တစ်ပတ်ကို သုံးရက်လောက် ထောပတ်သီးအစေ့မှုန့်နဲ့မျက်နှာသစ်ဆေးရောစပ်သစ်ပေးရင် ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။အသားအရည်က sensitive ဖြစ်တယ်ဆိုရင်မသုံးဖို့အကြံပေးချင်ပါတယ်။Sensitiveအသားအရည်တွေက တစ်ခြားအသားအရည်တွေထက် ၂ဆလောက်ပိုပြီးဂရုစိုက်ထိန်းသိမ်းပေးဖို့လိုပါတယ်။
*ဗောက်ကင်းစင်ပြီးဆံကေသာသန်စွမ်းစေတယ်
ထောပတ်သီးအစေ့မှုန့်ကို ဆံပင်အတွက်လည်းသုံးပေးနိုင်ပါတယ်။ထောပတ်သီးအမှုန့်က ဗောက်လည်းကင်းစင်စေသလို ဆံသားအတွက်လိုအပ်တဲ့သဘာဝဓာတ်တွေကိုလည်းဖြည့်တင်းပေးလို့ ဆံပင်ကျန်းမာသန်စွမ်းစေပါတယ်။ထောပတ်သီးအစေ့အမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်လို့ ဦးရေပြားအနှံ့လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင် ရေခပ်နွေးနွေးလေးနဲ့သန့်စင်ပေးပြီး ဓာတုဆေးဝါးမပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ဒါဆိုရင်အကောင်းဆုံးရလဒ်ကို တွေ့ရပါလိမ့်မယ်။ဆံသားကောက်ပြီးခြောက်သွေ့တဲ့ဦးရေပြားပိုင်ရှင်တွေအတွက်လည်း ဒီနည်းလမ်းကအသုံးဝင်ပါတယ်။
*Facial mask
မျက်နှာသစ်ဆေးနဲ့ရောစပ်ပြီးမသုံးချင်ဘူးဆိုရင် facial maskအဖြစ်လည်းသုံးပေးလို့ရပါတယ်။ထောပတ်သီးအစေ့မှုန့်နဲ့ ရွှံ့စေးမှုန့်ကို ရေနဲ့ဆတူရောစပ်ပါ။ပြီးရင်မျက်လုံးနေရာတစ်ဝိုက်ကိုချန်လှပ်ပြီး လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင်တော့ မျက်နှာကိုသေချာသန့်စင်ဆေးကြောပေးလို့ရပါပြီ။
ပြီးရင် moisturizer cream လိမ်းပေးဖို့လည်းမမေ့ပါနဲ့
*အစာချေစနစ်ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတယ်
ထောပတ်သီးအစေ့မှာ ဒီလိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိနေတယ်လို့မထင်ခဲ့မိတာအမှန်။ထောပတ်သီးအစေ့ကိုစားတာကအစာချေစနစ်ကိုကောင်းမွန်စေသလိုကိုယ်ခံစွမ်းအားကိုပါမြှင့်တင်ပေးပါတယ်တဲ့။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant နဲ့အမျှင်ဓာတ်က တော်ရုံတန်ရုံဖျားနာကိုက်ခဲမှုတွေကိုတွန်းလှန်နိုင်ပါတယ်။အရိုးအဆစ်နာကျင်တာ၊အသားအရည်နီမြန်းရောင်ရမ်းတာတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုဟင်းချက်စရာထဲထည့်စားပေးတာဖြစ်စေ၊ထောပတ်သီးဖျော်ရည်ထဲမှာအမှုန့်ကိုပါထည့်သောက်တာဖြစ်စေလုပ်ကြည့်ပါ။
*ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ဆေးတစ်လက်
ထောပတ်သီးအစေ့က ကင်ဆာရောဂါကိုတောင်တိုက်ဖျက်နိုင်ပါသတဲ့။၂၀၁၃ တုန်းက လေ့လာချက်အရ ထောပတ်သီးနဲ့ထောပတ်သီးအစေ့မှာ သွေးကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ ဓာတ်တွေပါဝင်တယ်လို့တွေ့ရှိလာရပါတယ်။ဒါ့အပြင် ထောပတ်သီးအစေ့မှာတွေ့ရတဲ့ avocatin B ဓာတ်ဟာacute myeloid leukemia (AML) ကင်ဆာကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။
*ကြွက်သားနာကျင်မှုနဲ့ယားယံမှုတွေကိုကုသနိုင်တယ်
ထောပတ်သီးအစေ့ဟာ သွေးလည်ပတ်မှုကိုပိုပြီးကောင်းမွန်လာစေပြီး ရောင်ရမ်းမှုနဲ့ကြွက်သားတွေနာကျင်မှုတွေကို ကုသပေးနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုသွားကိုက်၊သွားနာကုသတဲ့အခါမှာတောင် သုံးလေ့ရှိကြောင်းတွေ့ရပါတယ်။
ထောပတ်သီးအစေ့ကိုအများကြီးစားသုံးမိရင်အဆိပ်ဖြစ်နိုင်လား မဖြစ်ဘူးလားလေ့လာကြည့်တဲ့အခါမှာအလွန်အကျွံမသုံးစွဲ၊မစားသုံးသရွေ့အဆိပ်မဖြစ်နိုင်ဘူးလို့တွေ့ရှိလာရပါတယ်။ဒါကြောင့်ထောပတ်သီးအမှုန့်ကိုဟင်းချက်စရာတွေထဲထည့်စားတဲ့အခါ၊ဖျော်ရည်ထဲထည့်သောက်တဲ့အခါ ပမာဏာအနည်းသာ ထည့်ပြီးသောက်ပေးသင့်ပါတယ်။
Unicode
ထောပတ်သီးစားပြီးရင် အစေ့ကိုလွှင့်မပစ်ပါနဲ့လို့ အကြံပေးပါရစေ။ဘာလို့လဲဆိုတော့ ထောပတ်သီးအသားအနှစ်တင်မကဘူး။ထောပတ်သီးအစေ့ကပါ ကျန်းမာရေးနဲ့ အလှအပအတွက်အသုံးဝင်နေပါတယ်။ထောပတ်သီးစေ့တွေက ဘယ်လိုအသုံးဝင်တာလဲ အတူတူဆက်ဖတ်ကြည့်ရအောင်
*Glow Skin ရစေတယ်
သဘာဝအတိုင်းကြည်လင်တောက်ပတဲ့အသားအရည်မျိုးကိုထောပတ်သီးအစေ့က ဖန်ဆင်းပေးပါတယ်။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant တွေဟာ ပျက်စီးသွားတဲ့အသားအရည်ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးပြီး နုပျိုတဲ့အသားအရည်ဖြစ်အောင် ပြန်လည်ကုသပေးပါတယ်။ဒီတော့ ထောပတ်သီးစေ့ကိုဘယ်လိုသုံးရမလဲ။
ပထမဆုံး ထောပတ်သီးစေ့ကိုုသန့်ရှင်းအောင် ရေနွေးနွေးလေးနဲ့ဆေးကြောပြီး ၃ရက်ကနေ ၅ရက်အထိအခြောက်ခံထားပါ။အခြောက်ခံပြီးရင် ကြိတ်စက်ထဲထည့်မွှေပြီးအမှုန့်အဖြစ်ပြောင်းလဲလိုက်ပါ။ရလာတဲ့အမှုန့်တွေကိုဘူးလေးတစ်ဘူးထဲထည့်ပြီးကိုယ့်ရဲ့မျက်နှာသစ်ဆေးနဲ့ရောလို့ သုံးပေးနိုင်ပါတယ်တဲ့။တစ်ပတ်ကို သုံးရက်လောက် ထောပတ်သီးအစေ့မှုန့်နဲ့မျက်နှာသစ်ဆေးရောစပ်သစ်ပေးရင် ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။အသားအရည်က sensitive ဖြစ်တယ်ဆိုရင်မသုံးဖို့အကြံပေးချင်ပါတယ်။Sensitive အသားအရည်တွေက တစ်ခြားအသားအရည်တွေထက် ၂ဆလောက်ပိုပြီးဂရုစိုက်ထိန်းသိမ်းပေးဖို့လိုပါတယ်။
*ဗောက်ကင်းစင်ပြီးဆံကေသာသန်စွမ်းစေတယ်
ထောပတ်သီးအစေ့မှုန့်ကို ဆံပင်အတွက်လည်းသုံးပေးနိုင်ပါတယ်။ထောပတ်သီးအမှုန့်က ဗောက်လည်းကင်းစင်စေသလို ဆံသားအတွက်လိုအပ်တဲ့သဘာဝဓာတ်တွေကိုလည်းဖြည့်တင်းပေးလို့ ဆံပင်ကျန်းမာသန်စွမ်းစေပါတယ်။ထောပတ်သီးအစေ့အမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်လို့ ဦးရေပြားအနှံ့လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင် ရေခပ်နွေးနွေးလေးနဲ့သန့်စင်ပေးပြီး ဓာတုဆေးဝါးမပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ဒါဆိုရင်အကောင်းဆုံးရလဒ်ကို တွေ့ရပါလိမ့်မယ်။ဆံသားကောက်ပြီးခြောက်သွေ့တဲ့ဦးရေပြားပိုင်ရှင်တွေအတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။
*Facial mask
မျက်နှာသစ်ဆေးနဲ့ရောစပ်ပြီးမသုံးချင်ဘူးဆိုရင် facial mask အဖြစ်လည်းသုံးပေးလို့ရပါတယ်။ထောပတ်သီးအစေ့မှုန့်နဲ့ ရွှံ့စေးမှုန့်ကို ရေနဲ့ဆတူရောစပ်ပါ။ပြီးရင်မျက်လုံးနေရာတစ်ဝိုက်ကိုချန်လှပ်ပြီး လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင်တော့ မျက်နှာကိုသေချာသန့်စင်ဆေးကြောပေးလို့ရပါပြီ။
ပြီးရင် moisturizer cream လိမ်းပေးဖို့လည်းမမေ့ပါနဲ့
*အစာချေစနစ်ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတယ်
ထောပတ်သီးအစေ့မှာ ဒီလိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိနေတယ်လို့မထင်ခဲ့မိတာအမှန်။ထောပတ်သီးအစေ့ကိုစားတာက အစာချေစနစ်ကိုကောင်းမွန်စေသလိုကိုယ်ခံစွမ်းအားကိုပါမြှင့်တင်ပေးပါတယ်တဲ့။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant နဲ့ အမျှင်ဓာတ်က တော်ရုံတန်ရုံဖျားနာကိုက်ခဲမှုတွေကိုတွန်းလှန်နိုင်ပါတယ်။အရိုးအဆစ်နာကျင်တာ၊အသားအရည်နီမြန်းရောင်ရမ်းတာတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုဟင်းချက်စရာထဲထည့်စားပေးတာဖြစ်စေ၊ထောပတ်သီးဖျော်ရည်ထဲမှာ အမှုန့်ကိုပါထည့်သောက်တာဖြစ်စေလုပ်ကြည့်ပါ။
*ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ဆေးတစ်လက်
ထောပတ်သီးအစေ့က ကင်ဆာရောဂါကိုတောင်တိုက်ဖျက်နိုင်ပါသတဲ့။၂၀၁၃ တုန်းက လေ့လာချက်အရ ထောပတ်သီးနဲ့ထောပတ်သီးအစေ့မှာ သွေးကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ ဓာတ်တွေပါဝင်တယ်လို့တွေ့ရှိလာရပါတယ်။ဒါ့အပြင် ထောပတ်သီးအစေ့မှာတွေ့ရတဲ့ avocatin B ဓာတ်ဟာacute myeloid leukemia (AML) ကင်ဆာကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။
*ကြွက်သားနာကျင်မှုနဲ့ယားယံမှုတွေကိုကုသနိုင်တယ်
ထောပတ်သီးအစေ့ဟာ သွေးလည်ပတ်မှုကိုပိုပြီးကောင်းမွန်လာစေပြီး ရောင်ရမ်းမှုနဲ့ကြွက်သားတွေနာကျင်မှုတွေကို ကုသပေးနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုသွားကိုက်၊သွားနာကုသတဲ့အခါမှာတောင် သုံးလေ့ရှိကြောင်းတွေ့ရပါတယ်။
ထောပတ်သီးအစေ့ကို အများကြီးစားသုံးမိရင်အဆိပ်ဖြစ်နိုင်လား မဖြစ်ဘူးလားလေ့လာကြည့်တဲ့အခါမှာ အလွန်အကျွံမသုံးစွဲ၊မစားသုံးသရွေ့ အဆိပ်မဖြစ်နိုင်ဘူးလို့တွေ့ရှိလာရပါတယ်။ဒါကြောင့်ထောပတ်သီးအမှုန့်ကိုဟင်းချက်စရာတွေထဲထည့်စားတဲ့အခါ၊ဖျော်ရည်ထဲထည့်သောက်တဲ့အခါ ပမာဏာအနည်းသာ ထည့်ပြီးသောက်ပေးသင့်ပါတယ်။