ဝိတ် လုံးဝမတက်တဲ့ ရေခဲမုန့်လုပ်နည်း
ondoctor.com.mm
|
2019-08-26



ဝိတ် လုံးဝမတက်တဲ့ ရေခဲမုန့်လုပ်နည်း

ဟယ်……… ရေခဲမုန့်လဲပြောသေးတယ် ဝိတ်လုံးဝမတက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ??

ရေခဲမုန့်ဆိုတာ ဝိတ်အတက်ဆုံးအစားစာလေ.. သကြားတွေ၊ ခရင်မ်တွေအများကြီးပါတာကို ???

ဒီလိုမေးခွန်းတွေ မေးလာတော့မယ်ဆိုတာ ကြိုသိနေတယ်လေ ..

ဆက်ဖတ်ကြည့်ကြရအောင်နော် ..

ဝိတ်လျော့နေတော့ သူများတွေစားသလို ရေခဲမုန့်ချိုချိုမွှေးမွှေးလေးတွေလဲ စားချင်တယ်..

တစ်သက်လုံး မစားရဘူးဆိုတာကလဲ ကိုယ့်ဘာကို နှိပ်ဆက်ရာကျလွန်းတယ် ….

စားမိပြန်တော့လဲ ကယ်လိုရီ ဒီလောက်များတာ စားမိပြန်ပြီဆိုပြီး နောင်တတွေရ ကိုယ့်ဘာကိုအပြစ်တင်လို့လဲ မပြီးဘူး ..

ဒီလိုသံသရာလည်နေတဲ့ သူတွေရှိကြလား ??

သတင်းကောင်းလေးပြောပြမယ်နော် ..

အရသာလဲရှိ ကြိုက်သလောက်စား နောင်တတွေ ဝမှာတွေ ပူနေစရာမလိုတော့တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေခဲမုန့်လုပ်နည်းလေး ဝေမျှပေးချင်ပါတယ်ရှင်

ပါဝင်ပစ္စည်းတွေကတော့

– သီးမွှေးငှက်ပျောသီး ၃ လုံး

(ရေခဲသေတ္တာ ရေခဲတဲ့အကန့်ထဲမှာ ခဲထားဖို့လိုပါတယ်)

–အဆီမပါတဲ့ နွားနို့ တစ်ခွက် (သို့) ပဲနို့

–အချိုမပါ ဒိန်ချဉ်တစ်ခွက်

– ပျားရည် သင့်တော်တဲ့ ပမာဏ (အချိုကြိုက်ရင် ပိုထည့်နိုင်ပါတယ်)

– ချောကလက်မှုန့်

– dark chocolate တစ်တောင့်

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်ရည်ဖျော်စက်ထဲ ထည့်မွှေပါ..

ပြီးရင် လေးထောင့်ခွက်ထဲထည့်ပြီး ရေခဲသေတ္တာခဲတဲ့အကန်မှာ ၄ – ၆ နာရီခဲထားပြီးရင်အရသာလဲကောင်းပြီး စားပြီးရင်လဲ နောင်တရစရာမလိုတဲ့ ချောကလက်ရေခဲမုန့်ကို ရပါပြီရှင် ..

ပုံမှန်ရေခဲမုန်မှာပါတဲ့အဆီတက်စေတဲ့ whipping cream တွေ၊ သကြားတွေအစား ငှက်ပျောသီးကို သုံးထားလို့ ကျန်းမာရေးနဲ့အရမ်းညီညွတ်ပါတယ်.. dark chocolate ကို သုံးထားလို့အသားရေလဲ လှတယ်အရွယ်တင်နုပျိုစေပါတယ်

ဝိတ်ချနေတဲ့ ဝိတ်မတက်ချင်တဲ့ မတ်မတ်တွေရေ.. ဒီရေခဲမုန့်လေး တူတူလုပ်စားပြီး တူတူလှကြရအောင်နော် ..

Scarlette (ဆေး၁)




Some text some message..