
ကျွန်တော်တို့ဟာအစားအစာတွေကိုအကုန်လုံး ရေခဲသေတ္တာထဲမှာပဲ သိမ်းဆည်းလေ့ရှိကြပါတယ်။အသီးအနှံတွေ၊ ချိုချဉ်တွေ၊အသားငါးတွေ၊ ချောကလတ်တွေနဲ့ ပေါင်မုန့်တွေအကုန်အကုန် ဈေးဝယ်ပြီး ပြန်လာရင် လွယ်လင့်တကူပဲ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ကြပါတယ်။
ဒီလို လွယ်လင့်တကူ ရေခဲသေတ္တာထဲ ထည့်ထားခြင်းဟာ တချို့အစားအသောက်တွေအတွက် ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် မိမိချက်ပြုတ်ရမယ့်အစားအသောက်တွေကို မှန်ကန်စွာ သိမ်းဆည်းနိုင်ဖို့ နည်းလမ်းများကို လမ်းညွှန်လိုက်ပါတယ်။
အရည်ရွှမ်းသစ်သီးများကိုတော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမထားဘဲ ဒီအတိုင်း ကြောင်အိမ်ထဲမှာ သိမ်းထားသင့်ပါတယ်။ လိမ္မော်သီးလိုမျိုး သစ်သီးမျိုးဟာအပူချိန်နိမ့်တဲ့အနေအထားမှာအချိန်ကြာမြင့်စွာ သိမ်းဆည်းထားပါက လိမ္မော်သီးရဲ့အရသာဟာ လျော့ကျသွားပြီးအရသာမရှိတာတွေလည်း ဖြစ်နိုင်ပါတယ်။ကျန်းမာရေးအတွက်လည်းအကျိုးရတာ နည်းစေပါလိမ့်မယ်။

Pexels/Kristina Tripkovic
ထောပတ်သီးများကို ထိန်းသိမ်းရတာ ခက်မယ်ထင်ပါတယ်။ တကယ်လို့အသီးတွေဟာ မှည့်နေပြီဆိုရင် မြန်မြန်ပုပ်သိုးမသွားအောင် ရေခဲသေတ္တာထဲမှာ ထားနိုင်ပါတယ်။ တကယ်လို့ မမှည့်သေးဘဲအစိမ်းပဲရှိနေတယ်ဆိုရင် ရေခဲသေတ္တာထဲမှာ မထားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ထောပတ်သီးများကို မမှည့်သေးဘဲ ရေခဲသေတ္တာထဲမှာ ထားလိုက်ပါကအအေးဓာတ်ဟာအသီးမှည့်လာခြင်းကို နှောင့်နှေးစေလို့ပါပဲ။
သခွားသီးများကိုတော့ ရေခဲသေတ္တာထဲမှာ ထားထားနိုင်ပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာရဲ့အအေးဓာတ်က သခွားသီးများကို မြန်မြန်ပုပ်သိုးသွားစေနိုင်ပါတယ်။
ခရမ်းသီးကတော့အပူချိန်အနိမ့်မှာ မထားသင့်တဲ့အသီးတစ်မျိုးပါ။ ရေခဲသေတ္တာထဲ ထည့်ထားတာပါ။ ခရမ်းသီးရဲ့ မူလအရသာဟာအလျင်အမြန် လျော့ကျသွားနိုင်ပါတယ်။ ခရမ်းသီးကိုတော့ ဒီအတိုင်းအပြင်မှာပဲအခန်းအပူချိန်မှာ ထားထားသင့်ပါတယ်။
အာလူးသီးလည်း ထိုနည်းလည်းကောင်းပါပဲ။ ရေခဲသေတ္တာထဲမှာ လုံးဝထည့်မထားသင့်တဲ့အသီးအနှံပါ။ရေခဲသေတ္တာထဲကို ထည့်ခြင်းအားဖြင့်အာလူးသီးရဲ့ သဘာဝအရသာဟာ ပျက်စီးသွားပြီး စားရတာအရသာမရှိဖြစ်စေပါတယ်။ ရေခဲသေတ္တာက ထုတ်လွှတ်တဲ့အအေးဓာတ်ဟာအာလူးသီးရဲ့အထဲမှာပါတဲ့ ပါးလွှာတဲ့အလွှာတစ်ထပ်ကို ပျက်စီးစေပါတယ်။အသီးခြောက်သွေ့တာတွေ ဖြစ်တတ်ပါတယ်။
ပေါင်မုန့်များကိုတော့ ထားတဲ့နေရာမှာတော့အလွယ်တကူ မှိုတက်တာတွေ မဖြစ်ရအောင် ဆားအနည်းငယ်ကို ဖြူးပြီး ထားထားသင့်ပါတယ်။ ပလတ်စတစ်နဲ့အုပ်ထားဟာ ပေါင်မုန့်အတွက်အန္တရာယ်များတဲ့အရာတစ်ခုလို့ ပြောရမှာပါ။ ပလတ်စတစ်နဲ့အုပ်ထားခြင်းအားဖြင့် ပေါင်မုန့်သားတွေအတွက် လုံလောက်တဲ့ လေဝင်လေထွက်ကို မရစေတဲ့အပြင် မှိုတက်စေမယ့် စိုထိုင်းမှုကိုလည်း မြင့်တက်စေပါတယ်။ ပေါင်မုန့်ကို ရေခဲသေတ္တာထဲ ထည့်ထားခြင်းကတော့ သိပ်သင့်တော်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ရေခိုးရေေငွေ့ကြောင့် ပေါင်မုန့်ကို ပျော့ပြဲစေပါတယ်။ ဒါပေမယ့်လည်း ပေါင်မုန့်တွေကို freezer ထဲထည့်ထားခြင်းကတော့ ၄ လကနေ ၆ လအထိ လတ်ဆတ်စေပါသတဲ့။

Pexels/Alex
ချောကလက်ကတော့ သိမ်းဆည်းဖို့အလွယ်ကူဆုံးအရာပါ။ နေရောင်တိုက်ရိုက်မရတဲ့အေးမြတဲ့နေရာ ဘယ်နေရာမဆို ထားထားလို့ရပါတယ်။ ရေခဲသေတ္တာထဲကိုတော့ မထည့်ထားသင့်ပါဘူး။အပူချိန်လျော့ကျသွားတာရဲ့ side effect က ချောကလတ်ရဲ့အပေါ်ယံမျက်နှာပြင်ပေါ်က ရေဓာတ်ဟာအဖြူရောင်အလွှာအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။
ပျားရည်ကတော့ ဘယ်လိုထားထားအဆင်ပြေပါတယ်။အချိန်အကြာကြီးအထိ နှစ်ပေါင်းများစွာ သိမ်းဆည်းထားရင်တောင်မှအရသာလျော့မသွားတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ရေခဲသေတ္တာထဲတော့ မထည့်ထားသင့်ပါဘူး။ ပျားရည်ကိုအေးခဲသွားစေလို့ ပျားရည်ထဲမှာပါတဲ့ ဂုဏ်သတ္တိတွေ၊အာဟာရတွေကို လျော့နည်းသွားစေပါတယ်။
သံလွင်ဆီကိုတော့ နေရောင်ခြည်တိုက်ရိုက်မရတဲ့အခန်းအပူချိန်မှာပဲ သိမ်းဆည်းထားသင့်ပါတယ်။ ရေခဲသေတ္တာထဲကိုထဲမှာ ထည့်မထားသင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေကို ရေရှည်အထားခံချင်တယ်ဆိုရင်ေ တာ့အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားတာအကောင်းဆုံးပါပဲ။ တကယ်လို့ ကြက်သွန်နီတွေ တော်တော်များများကိုအထားခံချင်ပါက သူတို့ကို စုချည်ပြီး တွဲလောင်းချိတ်ထားတာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ သိမ်းထားရင်တော့ မြန်မြန်ပုပ်သိုးသွားတတ်ပါတယ်။
ရေခဲသေတ္တာထဲ သိမ်းဆည်းဖို့အကောင်းဆုံးအရွက်ကတော့ တရုတ်နံနံဖြစ်ပါတယ်။ သိမ်းဆည်းတဲ့နေရာမှာလည်း ပလတ်စတစ်နဲ့အုပ်ပြီး ထည့်ထားတာမျိုး မဖြစ်သင့်ပါ။ ဒီလိုအုပ်လိုက်ခြင်းအားဖြင့် တရုတ်နံနံများကိုအလျင်အမြန်ပုပ်သိုးစေမှာ ဖြစ်ပါတယ်။
Ye Yint Kyaw