
မိဘတွေအတွက်တော့ တစ်ခါတစ်လေမှာ ကိုယ့်ကလေးကို ဘာကျွေးရမယ်၊ ဘယ်လိုအစားအသောက်မျိုးဆိုရင်တော့အာဟာရဖြစ်မယ်ဆိုတာကို စဉ်းစားရတာ ခေါင်းခဲစရာပါ။ ဈေးကွက်ထဲမှာလည်း ကလေးတွေကျန်းမာရေးအတွက် သင့်လျော်တဲ့အစားအသောက်မျိုးတွေထက်စာရင်အသင့်စားအစားအသောက်တွေက လက်တကမ်းမှာ ရှိနေတာပါ။အခုဖော်ပြပေးသွားမှာကတော့Brightsideအွန်လိုင်းစာမျက်နှာပေါ်မှာ တွေ့မြင်ရတဲ့ ကလေးတွေကိုအတတ်နိုင်ဆုံး မကျွေးသင့်တဲ့အစားအသောက်တွေပဲ ဖြစ်ပါတယ်။
ပျားရည်
ကလေးအသက်(၂)နှစ် မပြည့်မချင်း ပျားရည်မကျွေးသင့်ပါဘူး။ ပျားရည်မှာ နုနယ်တဲ့ ကလေးတွေအတွက်အဆိပ်အတောက်ဖြစ်စေတဲ့ ဘက်တီးရီးယားပါဝင်ပါတယ်။ ဒီဘက်တီးရီးယားဟာ လူကြီးတွေကိုအန ္တရာယ်မဖြစ်စေပဲ ကလေးတွေကိုသာအန ္တရာယ်ဖြစ်စေတာ ဖြစ်ပါတယ်။ ပျားရည်ဟာအစိမ်းပဲဖြစ်ဖြစ် ပြင်ဆင်ပိုးသတ်ပြီးသားပဲဖြစ်ဖစ်အသက်(၂)နှစ်အောက် ကလေးတွေကို မတိုက်ကျွေးသင့်ပါဘူး။

Pexels/Breakingpic
အားဖြည့်အချိုရည်များ
ကလေးတွေကိုတော့အားဖြည့်အချိုရည်တွေ မတိုက်ကျွေးသင့်တာအမှန်ပါ။အားဖြည့်အချိုရည်တွေဆိုတာကအချိန်အကြာကြီး ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းမှ ကုန်ဆုံးသွားတဲ့စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းဖို့အတွက် သောက်သုံးရတာပါ။ ဒါပေမယ့် ဒီလိုအားဖြည့်အချိုရည်တွေကိုတော့ ကလေးကို မတိုက်သင့်ပါဘူး။ ကလေးက ဘောလုံးကစားလာတယ်၊ ချွေးသံရွှဲရွှဲနဲ့ ဆော့ကစားလာတယ်ဆိုရင်တောင်အားဖြည့်အချိုရည်တွေအစား လိမ္မော်သီး၊အခြားအသီးအနှံစတာတွေကို ရေထဲစိမ်ထားတဲ့အသီးရည်ကိုသာ တိုက်ပေးသင့်ပါတယ်။
နွားနို့စိမ်း
မကျိုချက်ရသေးတဲ့ နွားနို့အစိမ်းမှာအစာခြေအင်ဇိုင်းတွေနဲ့အခြားအာဟာရပစ္စည်းတွေဟာ မပြုပြင်ပဲ သဘာဝအတိုင်းဖြစ်တာကြောင့် ပိုးသတ် သန့်စင်ပြီးနွားနို့ထက် ပိုအာနိသင်ရှိတယ်လို့ တချို့က ယူဆပါတယ်။ နွားနို့စိမ်းကို လူကြီးတွေသောက်တာက ကိစ္စမရှိပေမယ့် ကလေးတွေမှာတော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်က မဖွံ့ဖြိုးသေးတာကြောင့်အန ္တရာယ်များပါတယ်။
ပီကေ
ပီကေဟာလည်း ကလေးတွေအတွက် မသင့်တော်ပါဘူး။ ပီကေထဲမှာ သကြားဓာတ်ပမာဏများစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ သွားကိုအန ္တရာယ်ဖြစ်စေပြီး သွားပိုးပေါက်တွေကို ဖြစ်စေနိုင်ပါတယ်။အချို့သကြားမပါတဲ့ ပီကေတွေ ကျပြန်တော့လည်းsorbitolပါတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ကလေးဟာ ပီကေကို မြိုချမိနိုင်သလို ပီကေနင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ကလေးက ပီကေကိုအများကြီး တစ်ပြိုင်တည်း မြိုချတဲ့အခါမျိုးမှာအစာခြေစနစ်မှာ ပီကေသွားပိတ်နေတာတွေ ဖြစ်တတ်ပါတယ်။

Lisa Fotios
ကလေးဒိန်ချဉ်
ရိုးရိုးဒိန်ချဉ်တွေဟာ ကလေးတွေအတွက် သင့်လျော်ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာရောင်းချနေတဲ့ ကလေးဒိန်ချဉ်လို့အမည်တပ်ထားတဲ့ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ဘူးတွေကတော့ မကောင်းလှပါဘူး။အကြောင်းရင်းကတော့ ကလေးစားဒိန်ချဉ်တွေထဲမှာအနံ့အရသာတုတွေနဲ့ သကြားတွေများစွာ ပါဝင်နိုင်လို့ ဖြစ်ပါတယ်။ ဒီလိုဒိန်ချဉ်တွေကို စားသုံးပါများတဲ့အခါ ကလေးတွေဟာ လိုတာထက် ပိုတက်ကြွပြီးအခြားမူမမှန်တဲ့အပြုအမူတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအစား ရိုးရိုးဒိန်ချဉ်ကိုပဲအရမ်းချဉ်တဲ့အခါ စပျစ်သီးခြောက်ထည့်၊အသီးထည့်ပြီး ပျားရည်ထည့်ကာ ကလေးကို ကျွေးသင့်ပါတယ်။
Hog dogs နဲ့အခြားအသားများ
Hog dogနဲ့ ဘာဂါထဲ ထည့်တဲ့အသားတွေဟာအသားစစ်စစ်တွေမဟုတ်ပဲအမျိုးမျိုး ပြုပြင်စီမံထားတဲ့အသားတွေပါ။အမေရိကန်ကင်ဆာအဖွဲ့အစည်းက ပြောတဲ့ပုံအရဆိုရင်တော့ တစ်နေ့ကို ပြုပြင်ပြီးအသား(၅၀)ဂရမ်စားခဲ့ရင်အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ(၁၈)ရာခိုင်နှူန်းမြင့်တက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်အမြန်စာအစားအသောက်တွေ စားခဲ့ရင်တောင်အနီရောင်အသားတွေအစား ကလေးတွေကို ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပြုလုပ်ထားတဲ့ ဘာဂါတွေကို ကျွေးတာကအကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)