ကိုယ့်အိမ်မှာ ချက်စားတာကအပြင်မှာ စားတာထက် ကျန်းမာရေးနှင့် ပိုညီညွတ်
healthcare.com.mm
|
2019-09-12


အသင့်စားအစားအစာများ ရောင်းချသော စားသောက်ဆိုင်များမှအစားအစားများ၊ နာမည်ကျော် စားသောက်ဆိုင်များမှအစားအစာများသည် ကိုယ့်အိမ်မှာ ချက်သောအစားအစာများလောက် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိကြောင်းအမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ကယ်လိုရီ၊အဆီ၊ သကြားနှင့်အခြားအာဟာရများ ဝင်ရောက်မှု ပမာဏကို ထိန်းချုပ်နိုင်ရေးတွင်အကောင်းဆုံး နည်းလမ်းမှာ ကိုယ့်အိမ်မှာပင်အစားအစာများကို ချက်ပြုတ်စားသောက်ခြင်းသာ ဖြစ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ လူများသည်အသင့်စားအစားအစာများအား သွားရေစာများနှင့် ယခင်ကတည်းက တစ်တန်းတည်းထားခဲ့သော်လည်း စားသောက်ဆိုင်ကြီးများမှ ဝန်ဆောင်မှုပေးသောအစားအစာများ၏ ကျန်းမာရေးနှင့် ညီညွတ်မှုကိုအိမ်မှာ ချက်ပြုတ်သောအစားအစာများ၏ ကျန်းမာရေးနှင့် ညီညွတ်မှုတို့ကိုမူ နှိုင်းယှဉ်ခြင်း မရှိခဲ့ကြောင်းအီလီနွိုက်စ် တက္ကသိုလ်မှ ပတ်ဝန်းကျင် ကျန်းမာရေးပါမောက္ခ ရူပန်အန်းက ပြောဆိုခဲ့သည်။အမေရိကန်နိုင်ငံသားများ စားသောက်မှုပုံစံများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ စုဆောင်းနေသည့်အမျိုးသား ကျန်းမာရေးနှင့်အာဟာရလေ့လာရေးစစ်တမ်း (NHANES) ၏ မှတ်တမ်းများကိုအန်က လေ့လာခဲ့ပြီးနောက် ပညာရပ်ဆိုင်ရာ စာတမ်းရေးသားခဲ့ခြင်း ဖြစ်သည်။ နှစ်ရက်တာအချိန်အတွင်း စားသောက်ခဲ့ပုံများနှင့် ပတ်သက်ပြီး လူကြီး (၁၈ဝဝဝ) ကျော်တို့က ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ သုံးပုံတစ်ပုံတို့က နှစ်ရက်စလုံးသို့မဟုတ် နှစ်ရက်အနက် တစ်ရက်တွင်အသင့် စားအစားအစာများကို စားသုံးခဲ့ပြီး လေးပုံတစ်ပုံက နှစ်ရက်အနက် တစ်ရက်တွင် ဝန်ဆောင်မှုအပြည့်ပါသော စားသောက်ဆိုင်၌ စားသောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။အိမ်တွင်ပြင်ဆင်သောအစားအစာ များကို စားသုံးသူများနှင့် နှိုင်းယှဉ်လျှင်အသင့်စားအစားအစာဆိုင်များ၌အစားစာများသည် တစ်ရက်လျှင် ကယ်လိုရီ (၁၉ဝ) ကျော်၊အဆီ (၁၁)ဂရမ်တို့ကို စားသုံးနေခဲ့သည်။ ဝန်ဆောင်မှုအပြည့်ပါသော စားသောက်ဆိုင်များ၌ စားသုံးသူများသည် တစ်ရက်လျှင် ကယ်လိုရီ (၁၈၇)ခန့်၊အဆီ (၁ဝ) ဂရမ်ခန့်စားသုံးနေသည်။အဝလွန် သူများသည် ဝန်ဆောင်မှုအပြည့်ပါသော စားသောက်ဆိုင်များတွင် ပိုစားနိုင်ခြေ များနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ Credit : messenger news journal သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..