ကလေးတွေ စားသုံးရမယ့် သကြားပမာဏ
yoyarlay.com
|
2019-09-16



ကလေးတော်တော်များများက သကြားပါဝင်မှုများတဲ့၊ ချိုတဲ့အစားအစာတွေကို ပိုပြီးနှစ်သက်ကြပါတယ်။ မိဘတွေက သူတို့ရဲ့သားသမီးတွေကို ချိုတဲ့မုန့်တွေ မကျွေးချင်ကြပေမဲ့ ကလေးတွေက စူပါမားကတ်ရောက်တာနဲ့ ရေခဲမုန့်၊ ကွတ်ကီး၊ ချောကလက်တွေလိုအစားအစာတွေမြင်ရင် ပူဆာတတ်ကြတာကြောင့် မိဘတွေမှာ ဝယ်ပေးရရှာပါတယ်။ တကယ်ဆိုရင် သကြားပမာဏအများကြီးစားသုံးရင် များစွာသောကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားစားသုံးမှုပမာဏကို လျော့ချပေးဖို့အရေးကြီးလှပါတယ်။ ဒါဆိုရင် ကလေးတွေက ဘယ်လောက်သကြားပမာဏကို စားသုံးသင့်လဲလို့ မေးခွန်းထုတ်စရာပါ။ ဒီမေးခွန်းအတွက်အဖြေကိုတော့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။




ကလေးတွေ သကြား၊အချိုတွေစားသုံးတာကိုအလွန်အကျွံမစားအောင် ထိန်းပေးရင်တော့ ကလေးရဲ့ကျန်းမာရေးကိုအရမ်းကြီးမထိခိုက်စေပါဘူး။ သကြားက မရှိမဖြစ်အာဟာရဓာတ်တွေမပါဝင်တဲ့အတွက်အရမ်းကြီးစားမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်လာနိုင်ချေမြင့်မားပါတယ်။ ကလေးတွေမှာအဖြစ်များတာက သွားပိုးစားတာပါပဲ။


ကလေးတွေရဲ့အသက်အရွယ်ပေါ်မူတည်ပြီး စားသုံးရမယ့်သကြားပမာဏကို Public Health England က ဖော်ပြပေးထားပါတယ်။

(၄-၆) နှစ် ( တစ်နေ့ကို (၁၉) ဂရမ် (ဒါမှမဟုတ်) လက်ဖက်ရည်ဇွန်း (၅) ဇွန်း)

(၇-၁၀) နှစ် (တစ်နေ့ကို (၂၄) ဂရမ် (ဒါမှမဟုတ်) လက်ဖက်ရည်ဇွန်း (၆) ဇွန်း)

(၁၁ နှစ်နဲ့ ၁၁နှစ်အထက်) (တစ်နှစ်ကို (၃၀) ဂရမ် နဲ့ လက်ဖက်ရည်ဇွန်း (၇) ဇွန်း)

ကလေးတွေကို သကြားစားသုံးတာကနေ ရပ်တန့်ပစ်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကလေးတွေ သကြားစားသုံးမှုပမာဏကို ကန့်သတ်နိုင်မယ့် နည်းလမ်းတချို့ကို လိုက်လုပ်ကြည့်လို့ရပါတယ်။

– ကာဗွန်ဟိုက်ဒရိုတ်များတဲ့အချိုရည်ကို ကျွေးမယ့်အစား လတ်ဆတ်တဲ့အသီးဖျော်ရည်နဲ့ရေတို့ကို တိုက်ကျွေးပါ

– ကလေးအတွက်အစားအစာဝယ်ရင်အာဟာရပမာဏကို စစ်ဆေးပါ။ သကြားပမာဏအများဆုံးပါဝင်တဲ့အစားအစာတွေကို ရှောင်ကျဉ်ပါ

– သကြားပါဝင်မှုများတဲ့ မနက်စာကျွေးတာကိုလည်း ရှောင်ပါ

Ref: This is the RIGHT amount of sugar your child should have

WL (ရိုးရာလေး)




Some text some message..