လွယ်ကူရိုးရှင်းတဲ့ ငှက်ပျောသီးရေခဲမုန့်လုပ်နည်း
trend.com.mm
|
2019-10-10

ရာသီဥတုကလည်း ပူအိုက်နေတာဆိုတော့ ရေခဲမုန့်လေးစားလိုက်ရရင် ဟန်ကျတာပါပဲ။ရေခဲမုန့်ဆိုတဲ့နေရာမှာလည်း အပြင်ကဘူးတွေဝယ်မစားချင်ဘူး။ကိုယ်တိုင်ပဲသန့်သန့်ရှင်းရှင်းလုပ်စားချင်တယ်ဆိုရင် လွယ်ကူရိုးရှင်းတဲ့ငှက်ပျောသီးရေခဲမုန့်လုပ်နည်းလေးကိုသိထားဖို့လိုနေပါပြီ။
ဒီတော့ ကရင်မ်မပါတဲ့ငှက်ပျောသီးရေခဲမုန့်လေးရအောင် ဘယ်လိုပြင်ဆင်ကြမလဲ…



လိုအပ်တဲ့ပစ္စည်းတွေက-
ငှက်ပျောသီး ၆ လုံး ( လူအရေအတွက်ပေါ်မူတည်ပြီး အလျော့အတင်းလုပ်နိုင်)
မြေပဲထောပတ် အနည်းငယ်
စပျစ်ယို




ပထမဆုံးအနေနဲ့ ငှက်ပျောသီးမှည့်တွေကို ပါးပါးလေးလှီးပါ။ပြီးရင် ရေခဲသေတ္တာထဲမှာ တစ်နာရီခွဲလောက်ထည့်ထားပါ။အချိန်ပြည့်သွားရင်တော့အေးခဲနေတဲ့ငှက်ပျောသီးစိတ်လေးကို မွှေစက်ထဲထည့်မွှေပါ။ပျစ်နှစ်သွားတဲ့အထိမွှေပါ။ပြီးရင် မြေပဲထောပတ် စားပွဲတင်ဇွန်း ၆ ဇွန်းစာလောက်ထည့်ပြီး ရေစားပွဲတင်ဇွန်း ၃ဇွန်းထည့်ပါ။ထပ်မွှေပါ။




ခဏကြာတဲ့အခါ စပျစ်ယို စားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ထည့်ပါ။စပျစ်ယိုမထည့်ချင်ဘူးဆိုရင်လည်းရပါတယ်။ချိုချဉ်အရသာလေးစားချင်တယ်ဆိုရင်တော့စပျစ်ယိုထည့်ပေးနိုင်ပါတယ်။အားလုံးထည့်ပြီးသွားရင်တော့ မွှေစက်ထဲ ဖြည်းဖြည်းချင်းစီထည့်မွှေပေးပါ။နောက်ဆုံးမှာတော့ လုံးဝကိုပျစ်နှစ်နေတဲ့ ငှက်ပျောသီးအနှစ်တွေကိုရရှိလာပါလိမ့်မယ်။




ငှက်ပျောသီးအနှစ်တွေရလာတဲ့အခါ ခွက်အလွတ်တစ်လုံးထဲကိုထည့်ပါ။ပြီးရင် ရေခဲသေတ္တာထဲ ခဏ အအေးခံလိုက်ပါ။တအောင့်လောက်ကြာရင်တော့ အရသာရှိတဲ့ငှက်ပျောသီးရေခဲမုန့်လေးကို စားသုံးနိုင်ပါပြီ။

ရုပ်ရှင်လေးကြည့်လိုက် ရေခဲမုန့်လေးစားလိုက်နဲ့ ဇိမ်ပါပဲနော်။

Source:Youtube Video





Some text some message..