Diet ဒိန်ချဉ်စစ်စစ်လုပ်နည်း
trend.com.mm
|
2020-01-15

ကိုယ်အလေးချိန် ထိန်းသိမ်းပြီး Diet လုပ်နေတဲ့ Trend ပရိသတ်ကြီးတို့အတွက် ဒိန်ချဉ် စစ်စစ်လုပ်နည်း လေး ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
၁။ နွားနို့ ၁ ပိသာ
၂။ သကြား (သို့) ထန်းလျက် မဆိုစလောက် အနည်းငယ်
၃။ ဆား အနည်းငယ်
၄။ အချဉ် ထမင်းစားဇွန်း ၁ ဇွန်း
(နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ရပါပြီ )

ပြုလုပ်နည်း
၁။ နွားနို့ ၁ ပိသာကို ဆူအောင် ကြာကြာကျိုပါ။ အရမ်း မပျစ်စေပါနဲ့။
၂။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။
၃။ အပူချိန် နွေးနွေးလေးမှာ အချဉ် ထည့်ပြီး မွှေပေးပါ ။
၄။ ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ အခန်းအပူချိန်မှာ၂၄ နာရီ ထားပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။
ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ် သုံးလို့ ရပါတယ်။ ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။
ဒိန်ချဉ်နဲ့စားဖို့ သကြား (သို့) ထန်းလျက် ကျိုရင် ဆားလေး နည်းနည်းထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

ကဲ ခုဆိုရင်တော့ Diet လုပ်နေသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်စစ်စစ်လေး သုံးဆောင်နိုင်ပါပြီနော်။

Ref; healthyfood

[ Unicode ]

Some text some message..