စားလို့လည်းကောင်း၊ ဆီနည်းနည်းပဲပါလို့ ကျန်းမာရေးနဲ့သင့်တော်တဲ့ ကန်စွန်းရွက်ပေါင်းနည်းလေး Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ကန်စွန်းရွက် – ၅ စည်း (နုတဲ့အပိုင်းတွေကိုသာ ရွေးချယ်သန့်စင်ထားရန်)
၂။ ဆန်မှုန့်အစိမ်း – ၂၀ ကျပ်သား
၃။ ပဲမှုန့်အစိမ်း – အနည်းငယ်
၄။ မြေပဲစိမ်း – ၁၀ ကျပ်သား (မညက်တညက်ထောင်းထားရန်)
၅။ ရှမ်းပဲပုပ် – ၂ ချပ် (မီးကင်ပြီး ညက်နေအောင်ထောင်းရန်)
၆။ ဂျင်း – အနည်းငယ် (ညက်နေအောင်ထောင်းရန်)
၇။ ကြက်သွန်ဖြူ – အနည်းငယ် (ဂျင်းနဲ့ရောပြီး ညက်နေအောင်ထောင်းရန်)
၈။ ခရမ်းချဉ်သီး – ၃ လုံး (ပါးပါးလှီးထားရန်)
ပြုလုပ်နည်း
၁။ သန့်စင်ထားတဲ့ ကန်စွန်းရွက်တွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ ဇလုံတစ်ခုထဲကို ဆန့်မှုန့်၊ ပဲမှုန့်၊ ပဲပုပ်ထောင်း၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်အားလုံးနဲ့ ရေကိုသင့်တော်ရုံထည့်ပြီး ရောနယ်ပါ။
၂။ ကန်စွန်းရွက်စည်းတွေကို မုန့်နှစ်ရည်ထဲ နှစ်လိုက်ပါ။ မုန့်နှစ်ရည်နည်းနေရင် ရေထပ်ထည့်ပါ။ မုန့်နှစ်ရည်လူးထားတဲ့ ကန်စွန်းရွက်တွေကို ပေါင်းအိုးထဲစီထည့်လိုက်ပါ။ ပေါင်းအိုးအငွေ့ကောင်းကောင်းဝင်အောင် ကန်စွန်းရွက်အစည်းတွေကြားထဲမှာ အပေါက်လေးတွေဖောက်ပေးပါ။ ပေါင်းအိုးအဖုံးကို သေချာပိတ်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပေါင်းလိုက်ရင် အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ကန်စွန်းရွက်ပေါင်းတစ်ခွက်ရပါပြီ။
၃။ ကန်စွန်းရွက်ပေါင်းနဲ့ တွဲဖက်စားဖို့အတွက် ကြက်သွန်ဖြူ ၁၅ တက်လောက်ကို မညက်တညက်ထောင်းပြီး ဆီသတ်ထားပါ။ ငရုပ်သီးခြောက် လက်တစ်ဆုပ်စာကို မီးအေးအေးနဲ့လှော်ပြီး ထောင်းပါ။ ထောင်းပြီးရလာတဲ့အမှုန့်ကို နှမ်းအနည်းငယ်ရောပြီး ဆီပူလောင်းချလိုက်ပါ။
ပြီးရင်တော့ ရလာတဲ့ကန်စွန်းရွက်ပေါင်းတွေကို ကပ်ကြေးနဲ့ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်၊ နှစ်သက်ရာအကြော်စုံတို့နဲ့ တွဲဖက်စားသုံးနိုင်ပြီဖြစ်ပါတယ်။
[ Unicode ]

Ref; myanmarfoods