အာဟာရ ပူပူမွှေးမွှေးငါးရံ့ဆန်ပြုတ် ပြုလုပ်နည်း
trend.com.mm
|
2020-01-24

နံနက်စာကို အာဟာရ ပြည့်ပြည့်ဝဝစားချင်တဲ့သူများအတွက် ငါးအရသာချိုချိုနဲ့ ပူပူမွှေးမွှေး ငါးရံ့ဆန်ပြုတ် ပြုလုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ငါးရံ့
၂။ ဆန်
၃။ သကြား
၄။ ချင်း (ဂျင်း)
၅။ ကြက်သွန်ဖြူ
၆။ တရုတ်နံနံ (သို့) ကြက်သွန်မြိတ်
၇။ ကြက်သွန်နီကြော်
၈။ ပဲငံပြာရည်အကြည်
၉။ ငရုတ်ကောင်းမှုန့်
၁၀။ဆီ
၁၁။ဆား
၁၂။အီကြာကွေး

ပြုလုပ်နည်း
၁။ ငါးရံ့အသားလွှာတွေကို ဆား၊ သကြားနဲ့ပဲငံပြာရည်အကြည်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။
၂။ ချင်းနဲ့ ကြက်သွန်ဖြူကိုအခွံနွှာ၊ ရေဆေးပြီး ချင်းကို ပါးပါးနုတ်နုတ်လေးတွေဖြစ်အောင်
လှီးပေးထားပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
၃။ ဆန်လက်တစ်ဆုပ်သာသာလောက်ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ပေးထားပါနော်။
၄။ တရုတ်နံနံ ဒါမှမဟုတ် ကြက်သွန်မြိတ်ကိုလည်း အမြစ်တွေဖယ်ပစ်ပြီး ရေဆေး၊
ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။
၅။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေဆေးထားတဲ့ ဆန်ထည့်ပါ။
ပြီးရင် ဆားအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ချင်း၊ ဓားပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ၊ နယ်ထားတဲ့ ငါး၊ သကြားအနည်းငယ်နဲ့ ဆီလက်ဘက်ရည်ဇွန်း
တစ်ဝက်လောက် ထည့်ပြီး မီးဖိုပေါ်တင်ပါ။
၆။ အိုးထဲမှာရှိတဲ့ ဆန်နဲ့ အခြားသော ပါဝင်ပစ္စည်းအားလုံး နှံ့အောင် မီးအသင့်အတင့်နဲ့ လှော်ပေးပါ။
၇။ အနံ့လေးတော်တော်လေးသင်းလာပြီး ဆန်အရောင်လေးလည်း နီရောင်သန်းစ
ပြုလာပြီဆိုတာနဲ့ ဆန်အပေါ် ရေလက်တစ်ဆစ်ထည့်၊ အဖုံးအုပ်ပြီး
မီးအသင့်အတင့်နဲ့ ဆန်ပြုတ်အိုးကို တည်ပေးပါ။ ဆန်ပြုတ်အိုးတည်တဲ့အခါမှာ
ပွက်ခါနီးအချိန်ကျရင် ထမင်းရည်တွေ ဝေမကျသွားစေအောင် သတိပြုပြီး
တည်ပေးပါနော်။ ဆန်ပြုတ်အိုးဆူတဲ့အခါကျရင် အဖုံးကို တဝက်ဟထားပေးပြီး
ထမင်းရည်နဲ့ ဆန် ပျစ်အောင်တည်ပေးပါနော်။ ထမင်းရည်ခမ်းလုနီးလို့
ဆန်လုံးကွဲပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ နောက်ထပ် ရေထပ်ထည့်၊
အိုးအဖုံးပိတ်ပြီး ဆန်ပြုတ်အိုးဆူတဲ့အထိ မီးလျော့ပြီး တည်ပေးပါနော်။

၈။ ဒီတစ်ခါ ဆန်ပြုတ်အိုးဆူလာပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့
အရသာကို ထပ်ဖြည့်ပေးပါနော်။ ပြီးတော့မှ ဆန်ပြုတ်အိုးကိုချ၊ ကိုယ်စားမယ့်
ပန်းကန်ထဲ ဆန်ပြုတ်ထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ပါးပါးလှီးထားတဲ့
ကြက်သွန်မြိတ် ဒါမှမဟုတ် တရုတ်နံနံကိုထည့်၊ ကြက်သွန်နီကြော်၊ အီကြာကွေးတို့ကို ညှပ်ထည့်ပြီးပြီဆိုရင်တော့ ငါးအရသာ ချိုချိုလေးနဲ့ငါးဆန်ပြုတ်မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီနော်။

[ Unicode ]

နံနက်စာကို အာဟာရ ပြည့်ပြည့်ဝဝစားချင်တဲ့သူများအတွက် ငါးအရသာချိုချိုနဲ့ ပူပူမွှေးမွှေး ငါးရံ့ဆန်ပြုတ် ပြုလုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ငါးရံ့
၂။ ဆန်
၃။ သကွား
၄။ ချင်း (ဂျင်း)
၅။ ကြက်သွန်ဖြူ
၆။ တရုတ်နံနံ (သို့) ကြက်သွန်မြိတ်
၇။ ကြက်သွန်နီကြော်
၈။ ပဲငံပြာရည်အကြည်
၉။ ငရုတ်ကောင်းမှုန့်
၁၀။ဆီ
၁၁။ဆား
၁၂။အီကြာကွေး

ပြုလုပ်နည်း
၁။ ငါးရံ့အသားလွှာတွေကို ဆား၊ သကြားနဲ့ပဲငံပြာရည်အကြည်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။
၂။ ချင်းနဲ့ ကြက်သွန်ဖြူကိုအခွံနွှာ၊ ရေဆေးပြီး ချင်းကို ပါးပါးနုတ်နုတ်လေးတွေဖြစ်အောင်
လှီးပေးထားပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
၃။ ဆန်လက်တစ်ဆုပ်သာသာလောက်ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ပေးထားပါနော်။
၄။ တရုတ်နံနံ ဒါမှမဟုတ် ကြက်သွန်မြိတ်ကိုလည်း အမြစ်တွေဖယ်ပစ်ပြီး ရေဆေး၊
ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။
၅။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေဆေးထားတဲ့ ဆန်ထည့်ပါ။
ပြီးရင် ဆားအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ချင်း၊ ဓားပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ၊ နယ်ထားတဲ့ ငါး၊ သကြားအနည်းငယ်နဲ့ ဆီလက်ဘက်ရည်ဇွန်း
တစ်ဝက်လောက် ထည့်ပြီး မီးဖိုပေါ်တင်ပါ။
၆။ အိုးထဲမှာရှိတဲ့ ဆန်နဲ့ အခြားသော ပါဝင်ပစ္စည်းအားလုံး နှံ့အောင် မီးအသင့်အတင့်နဲ့ လှော်ပေးပါ။
၇။ အနံ့လေးတော်တော်လေးသင်းလာပြီး ဆန်အရောင်လေးလည်း နီရောင်သန်းစ
ပြုလာပြီဆိုတာနဲ့ ဆန်အပေါ် ရေလက်တစ်ဆစ်ထည့်၊ အဖုံးအုပ်ပြီး
မီးအသင့်အတင့်နဲ့ ဆန်ပြုတ်အိုးကို တည်ပေးပါ။ ဆန်ပြုတ်အိုးတည်တဲ့အခါမှာ
ပွက်ခါနီးအချိန်ကျရင် ထမင်းရည်တွေ ဝေမကျသွားစေအောင် သတိပြုပြီး
တည်ပေးပါနော်။ ဆန်ပြုတ်အိုးဆူတဲ့အခါကျရင် အဖုံးကို တဝက်ဟထားပေးပြီး
ထမင်းရည်နဲ့ ဆန် ပျစ်အောင်တည်ပေးပါနော်။ ထမင်းရည်ခမ်းလုနီးလို့
ဆန်လုံးကွဲပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ နောက်ထပ် ရေထပ်ထည့်၊
အိုးအဖုံးပိတ်ပြီး ဆန်ပြုတ်အိုးဆူတဲ့အထိ မီးလျော့ပြီး တည်ပေးပါနော်။

၈။ ဒီတစ်ခါ ဆန်ပြုတ်အိုးဆူလာပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့
အရသာကို ထပ်ဖြည့်ပေးပါနော်။ ပြီးတော့မှ ဆန်ပြုတ်အိုးကိုချ၊ ကိုယ်စားမယ့်
ပန်းကန်ထဲ ဆန်ပြုတ်ထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ပါးပါးလှီးထားတဲ့
ကြက်သွန်မြိတ်ဒါမှမဟုတ် တရုတ်နံနံကိုထည့်၊ ကြက်သွန်နီကြော်၊ အီကြာကွေးတို့ကို ညှပ်ထည့်ပြီးပြီဆိုရင်တော့ ငါးအရသာ ချိုချိုလေးနဲ့ငါးဆန်ပြုတ်မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီနော်။

Some text some message..