ထမင်းမစားဘဲ ကိုယ်အလေးချိန်ထိန်းနေသူများအတွက် အဆာပြေစားစရာ ပြောင်းဖူးပေါင်းအိအိလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့် ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ပြောင်းဖူး (သို့) ရှမ်းပြောင်းဖူး
၂။ သကြား (သို့) အုန်းနို့ (သို့) ထောပတ်
၃။ ဆား
၄။ ဆီ
၅။ ပြောင်းဖူးဖက်
ပြုလုပ်နည်း
၁။ ပြောင်းဖူးကို ခြစ်ပြီး သကြား (သို့) အုန်းနို့ (သို့) ထောပတ် နဲ့ ဆားအနည်းငယ်ထည့်ပြီး နယ်လိုက်ပါ။
၂။ ပြောင်းဖူးဖက်ပေါ်ကို ဆီအနည်းငယ် သုတ်လိမ်းပြီး ပြောင်းဖူးခြစ်ကို ထည့်ပါ။
၃။ ပြောင်းဖူးဖက်ကို နှစ်သက်သလို လေးထောင့် (သို့) ကတော့ချွန်ပုံစုံ လိပ်နိုင်ပါတယ်။
၄။ အဆိုပါပြောင်းဖူးဖက်ထုပ်တွေကို မိနစ် ၃၀ ခန့်ပေါင်းပါ။
ခုဆိုရင်တော့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ပြောင်းဖူးပေါင်း အိအိလေး ရပါပြီနော်။
[ Unicode ]

Ref; asianfood