အရသာရှိရှိလေးကိုမှ စားချင်ရင်တော့ အခုတင်ဆက်ပေးမယ့် ထိုင်းစတိုင် ကြက်ဆိုက်ကော်၊ ဝက်ဆိုက်ကော် ကို လုပ်စားကြည့်လိုက်ပါနော်။ ထိုင်းစတိုင် ဆိုက်ကော်ကို မြန်မာ့ခံတွင်းနဲ့ကိုက်အောင် ပြန်လည် ပြုပြင်ပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ဝက်သား – 500 g
ရှောက်ဘီလူးရွက် (သို့) ရှောက်ရွက် – ထမင်းစားဇွန်း ၁ ဇွန်း
နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – ထမင်းစားဇွန်း ၁ ဇွန်း
သကြား – ထမင်းစားဇွန်းဝက်
ဆား – ထမင်းစားဇွန်းဝက်
ကြက်ဥ – ၁ လုံး
ငရုတ်သီးခြောက် – ၁၀ တောင့်
ပဲငံပြာရည်အနောက် – ထမင်းစားဇွန်းဝက်
နနွင်းတက် – ထမင်းစားဇွန်းဝက်
စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ – ထမင်းစားဇွန်းဝက်
ပုဇွန်ငါးပိ – လက်ဖက်ရည်ဇွန်းဝက်
ကြက်သွန်နီဥအသေး – ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်သား (သို့) ဝက်သားကို တောက်တောက်စင်းထားပါ။
၂။ ရှောက်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ နနွင်းတက်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်တို့ကို နုတ်နုတ်စင်းပြီး ( Blender နဲ့ မွှေလည်း ရပါတယ် ) ခုနက အသားနဲ့ ရောနယ်ပါ။ ပြီးရင် သကြား၊ ဆား၊ ပဲငံပြာရည်အနောက်၊ ပုဇွန်ငါးပိတို့ကို ထပ်ထည့်ပြီး နာရီဝက်ခန့် နှပ်ထားလိုက်ပါ။
၃။ ပလတ်စတစ်အကြည်သားကို ဖြန့်ခင်းပြီး ခုနက နှပ်ထားတဲ့ အဆာကို ထည့်ပီး ဝက်အူချောင်းပုံ လိပ်ပေးပါ ( အကြီးအသေး နှစ်သက်သလို လိပ်ပါ )။ အဆာကို ကျစ်ကျစ်လစ်လစ်လိပ်ပြီးနောက် ပလတ်စတစ်အကြည်သားကို ဖယ်ထုတ်လိုက်ရင် ဝက်အူချောင်းပုံရပါပြီ ။
အဆိုပါ အဆာကျစ်ကျစ်လစ်လစ် ဝက်အူချောင်းပုံကို (တုတ်ထိုးလိုက ထိုး)
ကင်ပီးရင် အရမ်းကို အရသာရှိတဲ့ ကြက်၊ ဝက်ဆိုက်ကော် ရပါပြီနော်။
(ဝက်အူချောင်းပုံ မလိပ်ချင်ရင်လည်း အလုံးလေးတွေ လုံးပေးပြီး ကင်ပေးရင်လည်း ရပါတယ်)
*ဝက်အူနဲ့ လုပ်ချင်ရင်တော့ သွပ်မယ့် ဝက်အူထိပ်ကို ကတော့တပ်ပီး အဆာတွေကို ထည့်ပီး နှီးနဲ့ ထုံးပါ။ ( တချို့က အစာသွပ်လိုက် အောက်ဆွဲချလိုက်ပီး အလုံးပုံလည်း လုပ်ပါတယ် )
[ Unicode ]

ကွကျဥ – ၁ လုံး

Ref; asianfood