မုန့်နှမ်းနက် ပြုလုပ်နည်း
trend.com.mm
|
2020-02-06

အုန်းသီးဖတ်မွှေးမွှေးလေးနဲ့ လုပ်ရတာအလွန်လွယ်တဲ့ ထိုင်းစတိုင် မုန့်နှမ်းနက် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ မြန်မာ့ခံတွင်းနဲ့ကိုက်အောင် အနည်းငယ် ပြုပြင်ထားပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ပီလောပီနံမှုန့် 300 g
၂။ ဆန်မှုန့် 80 g
၃။ အုန်းနို့ ၃ ခွက်
၄။ အုန်းသီးဖတ် အနည်းငယ်
၅။ သကြား နှစ်သက်သလို
၆။ ဆား သင့်ရုံ
၇။ ကြက်ဥ ၃ လုံး
၈။ နှမ်းစေ့အနက် အနည်းငယ် ( လှော်ပြီး )
၉။ အစားအစာသုံးအရောင်မှုန့် ( နှစ်သက်ရာ )

ပြုလုပ်နည်း
၁။ ပီလောပီနံမှုန့်၊ ဂျုံမှုန့်၊ အုန်းနို့၊ သကြား၊ ဆား၊ ကြက်ဥတို့ကို သမအောင် နာနာခေါက်မွှေပါ။
၂။ ပြီးရင် နှမ်းစေ့အနက်၊ အစားအစာသုံးအရောင်မှုန့်၊ အုန်းသီးဖတ်ထည့်ပါ။ နှမ်းစေ့အနက်ကို နောက်မှ ဖြူးလိုက်ရင်လည်း ရပါတယ်။
၃။ ဒယ်အိုးကို မီးအေးအေးဖြင့် အပူပေးပီး အဆိုပါ မုန့်နှစ်ရည်ကို အဝိုင်းပုံဖြန့်ပါ။ နဲနဲကျက်ရင် တဖက်သို့လည့်ပါ။
၄။ ထို့နောက် အလိပ်ကလေးများလိပ်ပေးပါ။

အခုဆိုရင်တော့ အမြင်လှသလို အရမ်းလည်း စားကောင်းတဲ့ မုန့်နှမ်းနက်လေး သုံးဆောင်ရအောင်နော်။

[ Unicode ]

၇။ ကွကျဥ ၃ လုံး

Ref; asianfood

Some text some message..