ဗီယက်နမ် ပုဇွန် ကြက်ဥကြော် ပြုလုပ်နည်း
trend.com.mm
|
2020-02-07

ကြက်ဥကြော်မွှေးမွှေးအိအိလေးကို ဆွေမျိုးမေ့အောင် စားနိုင်ဖို့ Trend ပရိသတ်ကြီးအတွက် ဗီယက်နမ် ကြက်ဥကြော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ကြက်ဥ ကြော်ကို မြန်မာ့ခံတွင်းနဲ့ကိုက်အောင် ပြုပြင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ကြက်ဥ (လေးလုံး)
၂။ ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ)
၃။ ကြက်သွန်မြိတ် ၂စည်း
၄။ ပဲပင်ပေါက် အနည်းငယ်
၅။ မုန်လာဥနီ
၆။ ပုဇွန် (သို့) ပြုတ်ပြီးအသားတောက်တောက်စင်း (သို့) ပင်လယ်စာ
၇။ ဟင်းချက်ဆီ
*ကြက်သွန်မြိတ်နဲ့ မုန်လာဥနီကို ပါးပါးလှီးထားပါ။

ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲမှာ ကြက်ဥ ၄ လုံးနဲ့ ကြက်သွန်မြိတ်ကို ဆား နဲနဲထည့်ပြီး မွှေထားပါ။
၂။ အိုးကိုအပူပေးပြီး ဆီကို ပါလေကာလောက်ပဲထည့်ပေးပါနော်။ ဆီပူပူမှာ ကြက်သွန်နီကို အရင်ထည့်ပြီး ပုဇွန်၊ ပဲပင်ပေါက်၊ မုန်လာဥနီတို့ကို ဆက်ထည့်ပါ။
၃။ နောက် ခုနက ခေါက်ထားတဲ့ ကြက်ဥကို ထည့်လောင်းလိုက်ပါ။
ထည့်ထည့်ပြီးချင်းမှာ ကြက်ဥကို အိုးအနှံ့ ဖြန့်ပေးလိုက်ပါ။
ကြက်ဥအပေါ်ဘက်ကိုအရမ်းကျက်စရာမလိုပါဘူး။
၄။ ပြီးရင် ဟင်းချက်ဇွန်းအပြားနဲ့ကြက်ဥ တစ်ဖက်ကို ယူပြီး ခေါက်လိုက်ပါ။ ကြက်ဥအပူရှိန်ကြောင့် ပဲပင်ပေါက်၊ မုန်လာဥနီနဲ့ ပုဇွန် ခပ်ဆတ်ဆတ်လေးကျက်အောင် ကြော်လိုက်ပါ။

ခုဆိုရင်တော့ မွှေးမွှေးကြွပ်ကြွပ်လေးနဲ့ ဗီယက်နမ် ကြက်ဥကြော် လေး သုံးဆောင်လို့ ရပါပြီ။

[ Unicode ]

Ref; asianfood

Some text some message..