ကြောင်များကို နွားနို့တိုက်လျှင် ဆိုးကျိုးများစွာ ဖြစ်နိုုင်
shweinnlay.com
|
2018-11-25



နွားနို့သည် ကြောင်လေးများနှင့် မတည့်ဘူးဟုဆိုလျှင် သင်အနေနဲ့အံအားသင့်ကောင်းသင့်သွားပါလိမ့်မည် ။ သို့သော်လည်း ဒီအကြောင်းအရာမှာအမှန်တကယ်ပဲ ဖြစ်ပါသည် ။ ကြောင်အများစုမှာ နွားနို့နှင့် မတည့်ကြပါဘူး ။

ကြောင်တွေဟာလည်း လူသားတွေကဲ့သို့ပင် သကြားဓါတ်အများကြီးကို လက်မခံနိုင်ပါဘူး ။ နွားနို့မှာ ပါဝင်တဲ့ သကြားဓါတ်ကိုအစာခြေဖျက်နိုင်ဖို့အတွက် လိုအပ်တဲ့အင်ဇိုင်းဓါတ်ဟာ ကြောင်တွေမှာ မရှိပါဘူး ။ ဒါ့ကြောင့် နွားနို့သောက်လိုက်တဲ့အခါမှာ ကြောင်တွေအတွက်အစာအိမ်နာကြင်မှုနှင့် ဝမ်းပျက်ခြင်းများ ဖြစ်စေနိုင်ပါတယ် ။ နွားနို့မှာ ပါဝင်တဲ့ သကြားဓါတ်ကို ကောင်းစွာ မခြေဖျက်နိုင်တဲ့အတွက်အူအတွင်းမှာ သကြားဓါတ်များ ကျန်ရှိနေခြင်းကြောင့် ဒီလိုဖြစ်ရခြင်း ဖြစ်ပါတယ် ။ နွားနို့က ကြောင်လေးများရဲ့အစာအိမ်တစ်ခုလုံးအတွက်အန္တရာယ်ရှိပြီး နွားနို့သောက်ပြီး ၈နာရီ မှ ၁၂ နာရီအတွင်း လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ် ။

ကြောင်တိုင်းကတော့ ဒီလိုဖြစ်ချင်မှ ဖြစ်ပေမယ့်အများစုကတော့ ဖြစ်လေ့ရှိကြပါတယ် ။ ဘယ်လိုကြောင်တွေက ဒီလိုမျိုးတွေ ဖြစ်တတ်သလဲဆိုတာကိုအတိအကျ မပြောနိုင်ပေမယ့်အကောင်းဆုံးအရာကတော့ နွားနို့ကို ကြောင်တွေနဲ့ ဝေးဝေးထားဖို့ပါပဲ ။

ဒါဆိုရင် ကြောင်တွေက နို့ကို ဘာလို့ကြိုက်ကြတာလဲဆိုတဲ့ မေးခွန်းကို မေးလာနိုင်ပါတယ် ။ တကယ်တော့ ကြောင်တွေက ခရင်မ်ကို ကြိုက်တာပါ ။ နို့မှာပါဝင်တဲ့ လူကိုဝစေတဲ့ fat cream ကို သူတို့က ကြိုက်တာပါ ။ ကိုယ်အလေးချိန်ကျလိုသူတွေ ရွေးချယ်သောက်သုံးတဲ့ နွားနို့အမျိုးအစားကတော့ ကြောင်တွေ သိပ်ကြိုက်မှာ မဟုတ်ပါဘူး ။ သို့သော်လည်း နွားနို့မှာပါဝင်တဲ့ သကြားဓါတ်က ကြောင်လေးတွေရဲ့အစာအိမ်ကို ထိခိုက်နိုင်တဲ့အတွက် မတိုက်ကျွေးဖို့တော့ တိုက်တွန်းလိုပါတယ် ။ နို့တိုက်ကျွေးလိုလျှင် pet shop တွေမှာ ရောင်းတဲ့ ကြောင်လေးတွေအတွက် ထုတ်လုပ်ထားသောအာဟာရပြည့် နို့မှုန့်မျိုးကို ဖျော်ပြီးတိုက်ကျွေးပေးပါ ။

ထပ်ပြီး မှာကြားလိုတာကတော့ ကြောင်လေးတွေကို နွားနို့တိုက်မယ့်အစား ရေများများတိုက်ပေးပါ။ ကြောင်လေးတွေဟာ ရေသောက်နည်းတာအားလုံး သိပြီးသားဖြစ်မှာပါ ။ ဒါ့ကြောင့် သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက် သခင်က ရေများများ သတိထားပြီး တိုက်ပေးဖို့ လိုပါတယ် ။

CHAN (ရွှေအင်းလေး)




Some text some message..