ဝက်အူထုတ်ထုတ်လေးနဲ့ ကောက်ညှင်းစီးစီးလေးကို ပေါင်းစပ်ခံစားချင်ပါတယ်ဆိုရင်တော့ ဒီ ဝက်အူကောက်ညှင်း အစာသွပ်လေးကို လုပ်စားကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ဝက်အဆီအူပိတ် (လိုသလောက် )
၂။ ဝက်သား (သို့မဟုတ်) ပြည်ကြီးငါး ( နုပ်နုပ်စင်းပြီး )
၃။ အာလူးပြုတ်
၄။ ကြက်သွန်ဖြူ
၅။ ငရုတ်ကောင်း
၆။ တရုတ်မဆလာ
၇။ ကြက်သားမှုန့်
၈။ နာနတ်ပွင့်
၉။ ကြာညှို့
၁၀။ ငရုတ်ကောင်းစေ့
၁၁။ ရှာလကာရည်
၁၂။ ကောက်ညှင်းပေါင်း
ပြုလုပ်နည်း
၁။ ဝက်အဆီအူပိတ်တွေကိုပြောင်းပြန်လှန်ပြီး ရေနွေးလေးထဲ ဆားလေးခပ်ပြီး သေချာဆေးပါ။ ပြီးရင် ရေအေးနဲ့ပြန်ဆေးချပေးပါ။ နောက်ဆုံးမှ ရှာလကာရည်ဖြင့် စိမ်ထားပေးပါ။
၂။ အဆာလုပ်ရန်
ကောက်ညှင်းဗရပွနဲ့အစာသွပ်တာထက် အာလူးနဲ့အသားကို ရောလိုက်တော့ အရသာက တော်တော်ကောင်းပါတယ်။
ကြက်သွန်ဖြူကိုညက်အောင်ထောင်း ငရုတ်ကောင်း တရုတ်မဆလာ သကြား ကြက်သားမှုန့် ထည့်ပြီး ကောက်ညှင်း၊ အာလူးနဲ့ အသားကို သမအောင်ရောနယ်ပေးရပါမယ်။
၃။ အဆာသွပ်မယ်
ရှာလကာရည်စိမ်ထားတဲ့ဝက်အူကို ရေတစ်ခါပြန်ဆေးထား။ အစာသွပ်ဖို့အတွက် ထိပ်စ သို့ ထိပ်ဆုံးက အပေါက်ကို ကြိုးလေးနဲ့ချည်ပေးပါ။ ဘာလို့ကြိုးချည်လဲဆိုရင် ဟိုဘက်လည်းအပေါက် ဒီဘက်လည်းအပေါက်ဆိုတော့ တစ်ဖက်ကအစာသွပ်တာနဲ့ တစ်ဖက်ကထွက်ကျမှာစိုးလို့ပါနော်။ ဝတုတ်ပြဲကြီးဖြစ်အောင် ဖိသိပ်အစာသွပ်ဖို့မလိုပါဖူး။ ပုံမှန်လေးဘဲ အစာသွပ်ပေးပါ။ အစာသွပ်တဲ့အခါ လွယ်အောင် ထိပ်ဝမှာ ဆီကန်တော့လေးသုံးနော်။ မဟုတ်ရင် ဒီနေ့အဖို့ အစာသွပ်တာနဲ့ တိုင်ပတ်နေလိမ့်မယ်။
ပြီးပြီဆို အစာသွပ်ထားတဲ့ဝက်အူချောင်းကြီး ကို ချောင်ချိနေတဲ့နေရာလွတ်မရှိစေရအောင် အရွယ်တူ ကြိုးနဲ့ လိုက်ချည်ပေးပါ။ ဝက်သားတုတ်ထိုးဆိုင်တွေမှာ ရောင်းနေတဲ့ ဝက်အူကောက်ညှင်းအစာသွပ်လို အသီးအနှံလေးတွေ ပဲလုံးတွေလည်းထည့်လို့ရပါတယ် မုန်လာဥနီအချောင်းတို့ ဘာတို့ ကိုယ်စားချင်တာ ကိုယ်ထည့်ပြီးအစာသွပ်နိုင်ပါတယ်
၄။ ပြုတ်ကြော်စားမယ်ဆိုရင်
အစာသွပ်လို့ပြီးပြီဆိုတော့ ပြုတ်ကြော်လေးလုပ်တော့မယ်။ ဆီအနည်းငယ် အိုးထဲသို့ထည့်ပါ။ ဆီဆူရင် ကြက်သွန်ဖြူ နာနာပွင့် ထည့်ပြီး ဆီသပ် ခရုဆီ ကြာညှို့ ငရုတ်ကောင်းစေ့ ကြက်သားမှုန့် လေးထည့် ဝက်အူကောက်ညှင်းအစာသွပ်ထားတာတွေထည့် ရေထည့် အဖုံးအုပ်ပြီးတည်ပေတော့။ ရေခမ်းလို့ ဆီလေးပြန်ပြီဆို ဝက်အူကောက်ညှင်းသွပ်လေးကို ဆယ်ပြီး အအေးခံထားပေးပါ။
အချို့က အကြော်မှုန့်နဲ့ နယ်ပြီး ကြော်တာရှိတယ်
စည်းထားတဲ့ ကြိုးနေရာလေးကို ကတ်ကြေးလေးနဲ့ဖြတ် ကြိုးတွေဖယ်ပြီး ဝက်အူကောက်ညှင်းအစာသွပ်ချောင်းလေး ရပါပြီ။ တုတ်ထိုးဆိုင်တွေလို စားသောက်ဆိုင်တွေလို ပါးပါးလေးလှီးပြီးလည်း စားလို့ရပါတယ်။
၅။ အချဉ်ရည် ပြုလုပ်နည်း
ဂျင်းကိုသင်္ဘောသီးခြစ်သလိုခြစ်ထားပြီး ရှာလကာရည်စိမ်ထားပေးပါ။ ready made ချီတိုအချဉ်ရည်လေးထဲ အဲ့ဂျင်းဖတ်လေးတွေဆယ်ပြီးထည့် ပြီးမွှေ။ ဂျင်း ငရုတ်သီးစိမ်းလေးညှပ်ထည့် ဒါက ဂျင်းအချဉ်ရည်လေးပေါ့နော်။ ဂျင်းမကြိုက်သူတွေအတွက်ကတော့ ငံပြာရည် သံပုရာရည် ကြက်သားမှုန့် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နံနံပင် အဲ့ဒါတွေရောပြီးမွှေထားတဲ့ ထိုင်းစတိုင်အချဉ်ဖျော်နည်းလေးဖျော်ပေါ့။
ခုဆိုရင်တော့ စားပြီးရင်း စားချင်တဲ့ ဝက်အူကောက်ညှင်းအဆာသွပ်လေး ရပါပြီနော်။
[ Unicode ]

Ref; asianfood