မြို့တွင်း ပန်းချီပြခန်းတစ်ခုတွင် အမျိုးသမီးတစ်ယောက်နှင့် သူမ၏ဆယ်နှစ်အရွယ်သားငယ်တို့ ကျွန်မ၏ ပန်းချီလက်ရာတစ်ခုနှင့် အခြားပန်းချီဆရာ၏လက်ရာတစ်ခုအကြား မည်သည့်ပန်းချီကားကို ရွေးချယ်ရမှန်းမသိ ဖြစ်နေပုံရသည်။ နောက်ဆုံးတော့ သူတို့က ကျွန်မ၏ ပန်းချီကားကို ရွေးလိုက်သည်။
“ ရှင်တို့က ပန်းတွေဝေနေတဲ့ ဆောင်းဦးပေါက်ရှုခင်းပန်းချီကားကို ပိုကြိုက်လို့ ရွေးချယ်တာလို့ ထင်တယ်” ဟု ကျွန်မက ပြောသည်။
“ မဟုတ်ဘူးဗျ။ အန်တီရဲ့ပန်းချီကားက ပိုကြီးတယ်။ အဲဒါကြောင့်သားတို့အိမ်နံရံက အပေါက်သုံးပေါက်ကို ဖုံးသွားမယ်လို့ ထင်လို့ပါ “ ဟု ၁၀နှစ်အရွယ် ကောင်လေးက ပြန်ပြောလိုက်လေသည်။
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။