ဂျော်နီလေး၏ တယောလက်သံ
lotaya.mpt.com.mm
|
2019-11-08



ဂျော်နီလေးသည် ဧည့်ခန်းထဲ၌ တယောတီးလေ့ကျင့်နေ၏။ ထိုစဉ် သူ၏ဖခင်မှာ စာဖတ်ဖို့ ကြိုး စားနေလေသည်။ မိသားစု ခွေးကလေးကလည်း ထိုနေရာတွင် ရှိနေလေ၏။ တယောသံ တကျွီကျွီကို ကြားနေရသောအခါ ခွေးမှာ ထအူလေတော့၏။

ဂျော်နီလေး၏ဖခင်က ခွေးအူသံနှင့် တယောသံတကျွီကျွီတို့ကို သည်းခံနိုင်သရွေ့သည်းခံပြီး နားထောင်နေရာမှ ရုတ်တရက်ထရပ်လိုက်ကာ သတင်းစာကို ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲပစ်ချလိုက်သည်။ ထို့နောက် သူက “ ဘုရားသခင်ကယ်ပါ။ မင်းက ခွေးမသိတာကိုတောင် မတီးတတ်တော့ဘူးလားကွ” ဟူ၍ အော်ပြောလိုက်လေတော့သည်။

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..