အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်
hellosayarwon.com
|
2020-02-24


အမျိုးသမီးတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတယ်လို့ ပြောလို့ရတာကြောင့် ဝမ်းသာစရာပါ။ အမျိုးသားတွေမှာ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင်ရော ဝမ်းသာစရာလား။ မဟုတ်ပါဘူး။ ဒါက စိုးရိမ်စရာပါ။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်နေတာပါ။

ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့

HCG က အမျိုးသားတွေမှာဆိုရင် ဦးနှောက်အကြိတ် (

pituitary tumor )ကြောင့်ပဲဖြစ်ဖြစ်

ဝှေးစေ့ကင်ဆာ (testicular tumor)ကြောင့်ပဲဖြစ်ဖြစ်ထွက်တတ်ပါတယ်။ ဒီမှာတော့ ဝှေးစေ့ကင်ဆာမှာ

ဟော်မုန်း များတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။ အရင်ဆုံးဝှေးစေ့ကဘာလုပ်ပေးတာလဲဆိုတာပြောပြပါ့မယ်။ ဝှေးစေ့က ကပ်ပယ်အိတ်ထဲမှာရှိပြီး အမျိုးသားဟော်မုန်း

တက်စထရိုစတီရုန်း နဲ့ သုတ်ကောင်ကို ထုတ်ပေးပါတယ်။ ဝှေးစေ့ကင်ဆာကဝှေးစေ့မှာရှိတဲ့ မျိုးပွားဆဲလ်တွေကဖြစ်တာပါ။ ဒီဆဲလ်တွေကနေ HCGကိုထုတ်နေတာပါ။ဖြစ်နှုန်းက ၁ရာခိုင်နှုန်းပဲ ရှိပေမယ့် သိထားရင်ကောင်းတာကြာင့် ဆက်လေ့လာကြည့်ရအောင်။

ဘာတွေခံစားရမလဲ။
ကင်ဆာကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြတာရှိသလို မပြတာလည်းရှိပါတယ်။ အတွေ့အများဆုံးလက္ခဏာကတော့ ဝှေးစေ့မှာ မနာဘဲ အကြိတ်ထွက်လာတာပါ။ အကြိတ်ထွက်တိုင်းကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင်
အကြိတ်က ရုတ်တရက်ကြီးလာတာ

ဝှေးစေ့နှစ်လုံး အရွယ်တော်တော်ကွာ နတော
ကပ်ပယ်အိတ်က လေးလာတာ၊ တစ်ခုခုနဲ့ဆွဲထားသလိုခံစားရတာ
ဗိုက် ဒါမှမဟုတ် ပေါင်ခြံအောင့်တာ
ကပ်ပယ်အိတ်မှာ ရုတ်တရက်အရည်တွေစုလာတာ
ဝှေးစေ့ ဒါမှမဟုတ် ကပ်ပယ်အိတ်မှာ နာတာ၊ နေရထိုင်ရခက်တာ

ခါးနာ တာ
ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားတွေကြီးလာတာ စတာတွေဖြစ်တတ်ပါတယ်။ ဝှေးစေ့ကင်ဆာက တစ်ဖက်တည်းဖြစ်တာများပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။
ဝှေးစေ့မှာရှိတဲ့ဆဲလ်တွေ ပုံမမှန်ပွားရာကနေ အကြိတ်ဖြစ်လာတာပါ။ ဘာကြောင့်ပွားလဲဆိုတာတော့ မသိပါဘူး။ ဖြစ်နိုင်ချေများတဲ့သူတွေကတော့
ဝှေးစေ့နေရာလွဲတာ အမေ့ဗိုက်ထဲမှာတုန်းက ယောကျာ်းလေးတွေရဲ့ ဝှေးစေ့က သူတို့ရဲ့ဗိုက်ထဲမှာရှိတာပါ။ မွေးခါနီးကျမှ ကပ်ပယ်အိတ်ထဲကို ဆင်းလာတာပါ။ ဒါကပုံမှန်ပါ။ တချို့တွေမှာ ဝှေးစေ့ တစ်လုံး ဒါမှမဟုတ် နှစ်လုံးလုံး အောက်ကို မဆင်းဘဲ ဗိုက်ထဲမှာပဲရှိနေပါတယ်။ ဒီလိုလူမျိုးတွေထက် သူများတွေထက် ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေများပါတယ်။ ခွဲစိတ်ပြီး ကပ်ပယ်အိတ်ထဲ ထည့်ပြီးတာတောင်မှ ဖြစ်နိုင်ချေရှိပါသေးတယ်။
ဝှေးစေ့ဖွံ့ဖြိုးမှုပုံမမှန်ခြင်း Klinefelter syndromeလိုမျိုး

မွေးရာပါရောဂါ တွေမှာ ဝှေးစေ့ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
မိသားစုထဲမှာ မျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။
အသကျ ဝှေးစေ့ကင်ဆာက အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၅-၃၅နှစ်ကြားဖြစ်တာအများဆုံးပါ။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

ပိုးဝင်တာ
ဝှေးစေ့လိမ်သွားပြီး သွေးမလျှောက်တော့တာ
အရင်ထက် အရွယ်အစားပိုကြီးလာလို့ ထိခိုက်ဒဏ်ရာရလွယ်တာ
ကင်ဆာပျံ့သွားတာ -အနီးအနားက ပြန်ရည်ကြိတ်ဆီကို ပြန့်ရင် ပြန်ရည်ကြိတ်တွေကြီးလာတာ၊ ခါးနာတာ -အဆုတ်ကိုပျံ့ရင် အသက်ရှူရခက်တာ၊ မောတာ -အသည်းကိုပျံ့ရင် ဗိုက်အောင့်တာ -ဦးနှောက်ကိုပျံ့ရင် ခေါင်းကိုက်တာ၊ သတိလစ်တာဖြစ်တတ်ပါတယ်။

ကာကွယ်နည်းများ
ဖြစ်ရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် ကာကွယ်လို့မရပါဘူး။ စောစောသိအောင် ပုံမှန်စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ

ရင်သားစစ်ဆေး သလိုပဲ အမျိုးသားတွေလည်း ဝှေးစေ့ကို ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ ရေချိုးပြီးခါစစမ်းရင်ပိုကောင်းပါတယ်။ စမ်းနည်းကတော့
မှန်ရှေ့မှာရပ်ပြီး ကပ်ပယ်အိတ်ကို လက်နှစ်ဖက်ထဲထည့်ပြီး အကြိတ်ရှိမရှိ ဖောင်းနေတဲ့ နေရာရှိမရှိ စစ်ဆေးပါ။
ဝှေးစေ့ရဲ့အရွယ်အစားနဲ့ အလေးချိန်ကို စမ်းကြည့်ပါ။
ဝှေးစေ့ကို လက်မနဲ့ လက်ညိုးကြားဖိကြည့်ပြီးအကြိတ်ရှိမရှိစမ်းပါ။ ဒါကို တစ်လတစ်ခါလောက်တော့ စမ်းပေးပါ။ အမျိုးသားတွေက သာမန်အားဖြင့်လည်း ဝှေးစေ့နှစ်ဖက်က အနိမ့်အမြင့် မတူကြသလို အရွယ်အစားလည်း နည်းနည်းကွာပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကိုယ့်ရဲ့ နဂိုကွာခြားချက်ထက် ပိုကြီးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသရပါမယ်။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။          




Some text some message..