ကြက်ဟင်းခါးကို အလွန်အကျွံစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
lifestylemyanmar.com
|
2020-02-24



ကြက်ဟင်းခါးသီးကို ဆေးဘက်ဝင် အစားအစာတစ်ခုအဖြစ် ရာစုနှစ်များစွာကတည်းက စားသုံးခဲ့ကြပါတယ်။ ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက်အရသာကို အတော်များများက မကြိုက်ကြပါဘူး။ ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးပါတယ်။ သို့သော် ကြက်ဟင်းခါးသီးကို အလွန်အကျွံစားမယ်ဆိုရင် ကျန်းမာရေး ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဆိုးကျိုးတွေထဲမှာ ကိုယ်ဝန်ပျက်ကျခြင်း၊ ဆေးတန်ပြန်ခြင်း၊ အသည်းရောင်ရမ်းခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ပါဝင်ပါတယ်။




ဒီဘေးထွက်ဆိုးကျိုးတွေ အကြောင်းနဲ့ ဘယ်လိုကာကွယ်တားဆီးရမယ်ဆိုတာကို ပိုမိုသိရှိစေဖို့ ဒီဆောင်းပါးကနေ မျှဝေပေးချင်ပါတယ်။

၁။ ကိုယ်ဝန်ပျက်ကျခြင်းကို လှုံ့ဆော်ပေးနိုင်ပါတယ်

ကြက်ဟင်းခါးသီးကို အလွန်အကျွံစားသုံးလျှင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် ရာသီသွေးစီးဆင်းမှု တိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ နို့တိုက်နေသော အမျိုးသမီးတွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အကျွံသောက်ဖို့ မလိုအပ်ပါဘူး။

၂။ ဆေးအာနိသင်ကို အနှောက်အယှက်ဖြစ်စေပါတယ်

ကြက်ဟင်းခါးသီးစားပြီး အင်္ဂလိပ်ဆေးကို သောက်သုံးပါက သွေးထဲရှိ သကြားဓါတ်ပမာဏကို လျှော့နည်းစေနိုင်ပါတယ်။ ဆေးသောက်နေရတဲ့ ဆီးချိုရောဂါရှိသူများအနေနဲ့ ကြက်ဟင်းခါးသီး မစားခင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

၃။ အသည်းကို ထိခိုက်စေနိုင်ပါတယ်

ကြက်ဟင်းခါးသီးကို ကြာရှည်စားသုံးခြင်းက အသည်းရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါက monorcharins လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်ထဲမှာပါသော ဒြပ်ပေါင်းတစ်ချို့ကြောင့်ဖြစ်နိုင်ပါတယ်။ ကြက်ဟင်းခါးသီး များများစားခြင်းက ကြွက်တွေမှာ အသည်းပြဿနာများ ဖြစ်စေပါတယ်။ ကြက်ဟင်းခါးသီးက အသည်းကို တိုက်ရိုက်မထိခိုက်ပေမယ့် ရေရှည်အသုံးပြုရင် အသည်းအင်ဇိုင်းကို မြင့်တတ်စေပြီး သွေးလွှတ်ကြော မာကြောခြင်း အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်၊ သို့သော် ဒီပြောဆိုချက်ကို သက်သေပြဖို့ သုတေသန အကန့်အသတ်ရှိပါတယ်။




၄။ နှလုံးခုန်မမှန် ဖြစ်စေနိုင်ပါတယ်

နှလုံးခုန်နှုန်း မမှန်တဲ့အခါ နှလုံးရဲ့ တစ်ဖက်ခြမ်းမှာ သွေးစုစည်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါက လေဖြတ်ခြင်း (သို့) နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုတွင် နှလုံးရောဂါ မရှိသော အသက် ၂၂နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကြက်ဟင်းခါးသီးဖျော်ရည် ခွက်တစ်ဝက်လောက်သောက်ပြီး ဆက်စပ်လက္ခဏာများ ပေါ်ပေါက်ခဲ့ပါတယ်။

၅။ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်

ကြက်ဟင်းခါးသီးဟာ အဆိပ်အတောက် အာနိသင်ရှိတာကြောင့် အော့အန်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်၊ ကြက်ဟင်းခါးသီးမှာ tetracyclic triterpenoid ဒြပ်ပေါင်းများ ပါဝင်ပါတယ်၊ ကြွက်တွေမှာ လေ့လာမှုအရ ကြက်ဟင်းခါးသီးကို ဖျော်ရည်ပုံစံဖြင့် အလွန်အကျွံစားသုံးခြင်းက အဆိပ်အတောက်ဖြစ်စေပါတယ်။

၆။ Hypoglycemic Coma ကိုဖြစ်စေနိုင်ပါတယ်

Hypoglycemic Coma ဆိုတာ အင်ဆူလင်ထိုးဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မေ့မြောမှုပုံစံဖြစ်ပါတယ်။ ဒါက သွေးသကြားဓါတ်အဆင့်ကို အကြီးအကျယ် ကျဆင်းစေနိုင်ပါတယ်။

၇။ ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်


ကြက်ဟင်းခါးသီးကို အလွန်အကျွံစားခြင်းက ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပြောင်းလဲစေနိုင်ပါတယ်။ ကြွက်များကို စမ်းသပ်ထားတဲ့ လေ့လာမှုအရ ကြက်ဟင်းခါးသီး ၄၀၀၀မီလီဂရမ် စားခြင်းက အန္တရာယ်ကင်းတယ်လို့ ယူဆလို့ရပြီး ကြွက်တွေရဲ့ ကျောက်ကပ်ဆိုင်ရာ လုပ်ဆောင်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုမရှိကြောင်း ပြသထားပါတယ်။( အကြံပြုထားတာထက် ) အလွန်အကျွံစားသုံးခြင်းက ကျောက်ကပ်ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့သော် လူသားတွေမှာ ဒီသက်ရောက်မှု ရှိ/မရှိဆိုတာ သိရဖို့ လေ့လာမှုများစွာ လိုအပ်ပါသေးတယ်။
ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးရှိပေမယ့် အလွန်အကျွံစားရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း၊ ဆီးချိုရောဂါဆေးနှင့် တန်ပြန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တန်ဆေးလွန်ဘေး ဆိုသလို အလွန်အကျွံမစားမိဖို့ သတိထားရပါမယ်။

Lifestyle_Myanmar
LM_Nandar


Source-stylecraze




Some text some message..