
လေပြွန်ရောင်ခြင်းဆိုသည်မှာ အဆုတ်အတွင်း လေဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိအချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်းခြင်းကို ခေါ်ပါတယ်။လပြွန်ပတ်လည်ရှိအချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့အတူ ချွဲသလိပ်များပြားလာခြင်းကြောင့် လေပြွန် ကျဉ်းမြောင်းလာ၍ ချောင်းဆိုးသလိပ်ထွက်ဖြစ်လာပြီး မောလာတတ် ပါတယ်။ လေပြွန်ရောင်ခြင်းကို 1. လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့ 2. နာတာရှည် လေပြွန် ရောင်ခြင်း (chronic bronchitis)ဟု ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။လတ်တလော လေပြွန်ရောင်ခြင်း ဆိုသည်မှာအချိန်ကာလ ၆ ပတ်ထက် လျော့နည်း၍ လေပြွန်ရောင်ခြင်းကို ခေါ်ပြီးအသက် ရှူ လမ်းကြောင်း ပိုးဝင်မှုကြောင့် ဖြစ်ပေါ်ပါတယ်။ ၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင် မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်။ လက္ခဏာများကတော့ ချွဲသလိပ်ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေအားလျော့လာခြင်း တို့ ဖြစ်ပေါ်တတ်ပြီးအချို့မှာ ဖျားလာြ ခင်း နဲ့အသက် ရှူရာ တွင် ရင်ကျပ် ပြီး ဝီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွား သူများ တွင်လည်း လေပြွန် ရောင်ခြင်း ဖြစ်ပေါ် တတ်ပြီး ပန်းနာ ကြောင့် လေပြွန် ရောင်ခြင်း (Asthmatic Bronchitis) လို့ ခေါ်ပါတယ်.. လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ် ပါက •အိမ်တွင် လုံလောက် စွာအနား ယူပါ။ •အရည် များများ သောက်ပေး ပါ။ • ဆေးလိပ် လုံး၀ မသောက် ပါနဲ့။ • ဖျားနာ ကိုက်ခဲ ခြင်းရှိ ပါက ပါရာ စီတမော သောက်နိုင် ပါတယ်။ • ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သုံးပါ။ • ချွဲမထွက် လျှင် (သို့) ချွဲနည်း သွားလျှင် ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) သောက်နိုင် ပါတယ်။ • များသောအားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သဖြင့် ပဋိဇီ၀ ဆေး (Antibiotic) များ မလိုအပ်ပါ.. ဘက်တီး ရီးယား ကြောင့် ဖြစ်ပါက သင့်တော် သော ပဋိဇီ၀ ဆေးလိုအပ် ပါတယ်။ ပုံမှန် ကျန်းမာ သောသူ များမှာ လတ်တလော လေပြွန် ရောင်ပြီး နောက်ပုံမှန်လေပြွန်အခြေအနေသို့ ပြန်ရောက်နိုင်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း ဆိုသည် မှာ ချောင်းဆိုး ခြင်းဟာ တစ်နှစ် မှာ ၂ လ မှ ၃ လ ဆက်တိုက် ဆိုးပြီးအနည်း ဆုံး နှစ်နှစ် ထိ ဖြစ်ပွား ခြင်းကို ခေါ်ဆို ပါတယ်.. ဆေးလိပ် သောက်ခြင်းဟာ နာတာရှည် လေပြွန် ရောင်ခြင်း ရဲ့အဓိကအကြောင်း တစ်ရပ် ဖြစ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းဟာအကြောင်းအမျိုးမျိုး ပေါ် မူတည် ပြီး ဖြစ်ပွားတတ်ပါတယ်။ ပိုးဝင် လေပြွန် ရောင်ခြင်း မကြာ ခဏ ဖြစ်လျှင် သော်၎င်း၊အသက် ရှူ လမ်းကြောင်း တစ်လျှောက်အမှုန်အငွေ့ တစ်မျိုးမျိုး ကြာရှည် စွာ ထိတွေ့ နေရ လျှင်သော် ၎င်း လေပြွန်အချွဲ မြှေးလွှာအမြဲ ရောင်ရမ်း ပြီးလေပြွန် မွှေးမျှင် (Cilia) များ ပျက်စီးကာ နာတာရှည် လေပြွန် ရောင်ခြင်းဖြစ်ပေါ် စေပါတယ်။ ကျောက်မီးသွေးမိုင်း လုပ်သားများ၊ သီးနှံဆွတ်ခူးရသူများ၊သတ္တု လုပ်ငန်း လုပ်ကိုင် သူများ သည်အခြား သူများ ထက် နာတာ ရှည်လေပြွန် ရောင်ခြင်း ပိုမို ဖြစ်ပွား ကြောင်း တွေ့ရ ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းဖြစ်ပွားလျှင် • ဆေးလိပ် လုံး၀ ဖြတ်ရ ပါမယ်။ • ဆရာဝန် ညွှန်ကြား မှု မရှိပဲ ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) များကို မသုံး ရပါ.. ချွဲပျော်ဆေး (Expectorant) များကိုအသုံး ပြုနိုင် ပါတယ်။ • လေပြွန် ကျဉ်းမြောင်း ခြင်း (Bronchoconstriction) ဖြစ်ပေါ် ပါက လေပြွန် ကျယ်ဆေး (Bronchodilator) နဲ့ စတီး ရွိုက်ဆေး (Steroid) များကိုအသုံး ပြုနိုင် ပါတယ်။ • သလိပ်အရောင် ပြောင်းခြင်း၊ ပုံမှန်ထက်များ လာခြင်း ဖြစ်ပေါ် ပါက သင့်တော်သော ပဋိဇီ၀ ဆေးကို (၅) ရက်မှ (၁၀) ရက်ထိ သောက်ရ ပါမယ်။ လေပြွန် ရောင်ခြင်း မဖြစ် စေရန် ဆေးလိပ် မသောက်ရပါ။ မိမိနေအိမ်တွင်းဆေးလိပ်သောက်ခြင်းကို တားမြစ်ရပါမယ်။ လူထူထပ်သော၊အခိုးအငွေ့ များသော၊ ဖုံမှုန် ထူထပ်သော နေရာများကို ရှောင်ရှားရပါမယ်။အအေး မိဖျား နာပါက လုံလောက် စွာအနား ယူပါ။ ဆရာဝန် ညွန်ကြား သည့်ဆေး ကို လိုက်နာ သောက်သုံး ပါ။အာဟာရ ပြည့်ဝစွာ စားသုံးပါ။ မကြာခဏ လက်ဆေးပါ။အစားအသောက်၊အသုံးအဆောင် ပစ္စည်းများ မျှဝေသုံးစွဲ ခြင်းရှောင် ကြဉ်ပါ။ နာတာ ရှည် လေပြွန် ရောင်သူ များဟာအေးသောရာသီတွင် နွေးထွေးစွာ ဝတ်ဆင် ခြင်းဖြင့်အအေးမမိအောင် ကာကွယ်နေထိုင်ပါ။ နမိုးနီးယား ကာကွယ် ဆေး(Pneumonia Vaccine)၊ တုပ်ကွေး ကာကွယ် ဆေး (Flu Vaccine) များ ကို ထိုးနှံ ထားပါ။အစ ရှိသဖြင့် ကာကွယ် နေထိုင် သင့်ပါကြောင်း ရေးသား လိုက်ရပါတယ်။အားလုံးအဆုတ်ရောဂါအပေါင်းမှ ကင်းဝေး ကြပါစေ။ Ref; Public health in Myanmar Tuesday, September 29, 2009သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။