
ကွမ်းရွက်ကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွေမှာ အသုံးများသော အရွက်တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ကွမ်းယာအနေနဲ့ အသုံးပြုကြသလို တိုင်းရင်းဆေးအနေနဲ့လည်း အသုံးပြုကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကွမ်းရွက်ကို ကွမ်းယာအဖြစ်စားသုံးကြသလို ခံတွင်းသန့်စင်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဒါကြောင့် ကွမ်းရွက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ပါဝင်နေလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။
၁။ ဆီးချိုရောဂါကို သက်သာစေနိုင်ခြင်း
ဆီးချိုရောဂါသည်အလွန်ကို အန္တရာယ်များတဲ့ ရောဂါတစ်ခုဖစ်ပါတယ်။ ကွမ်းရွက်က သွေးတွင်းရှိ ဂလူးုကိစ်ပမာဏာကိုလျှော့ချပေးနိုင်ပြီး ဆီးချိုရောဂါရှိသူများအတွက် အလွန်ကို အသုံးဝင်လှပါတယ်။ ဆီးချိုရောဂါရှိသူများသည် များသောအားဖြင့် oxidative stress ကို ခံစားကြရပါတယ်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ antioxidant ပါဝင်မှုများကို လျော့နည်းစေပါတယ်။ ကွမ်းရွက်က ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားတွေကိုလည်း ပုံမှန်ဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကွမ်းရွက်က ဆီးချိုရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိသော်လည်း အသည်နဲ့ ကျောက်ကပ်အတွက် ဘေးထွက်ဆိုးတွေ ရှိနေတာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။
၂။ အကိုက်အခဲပျောက်စေနိုင်ခြင်း
ကွမ်းရွက်မှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက နာကျင်မှုတွေကို ချက်ချင်းသက်သာစေနိုင်တဲ့ အကောင်းဆုံး အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ ထိခိုက်ရှနာ၊ အနာအဖု တွေရဲ့ နာကျင်မှုကို သက်သာစေနိုင်ရန် အသုံးပြုနိုင်ပါတယ်။ ကွမ်းရွက် ဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းရှိ နာကျင်မှုများကိုပါ သက်သာစေနိုင်ပါတယ်။
၃။ အစာအိမ်လမ်းကြောင်းကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း
ထမင်းစားပြီးတဲ့အချိန်ကျရင် ကွမ်းရွက်ကို ဘာကြောင့် ဝါးရသလဲလို့ တွေးမိဘူးပါသလား။ တကယ်လို့ မတွေးမိးဆိုရင် အခုပဲ စမ်းပြီးဝါးကြည့်လိုက်ပါ။ ဘာကြောင့်လဲလိုတော့ ကွမ်းရွက်က လေနိုင်စေတဲ့အပြင် အူလမ်းကြောင်းနှင့် အူသိမ်အူမများကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ကွမ်းရွက်က ဇီဝဖြစ်စဉ်တိုးတက်မှုကို ကောင်းစွာလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး အူသိမ်အတွက် အရေးကြီးတဲ့ ဗီတာမင်မနဲ့ အာဟာရများကို စုပ်ယူစေနိုင်ပါတယ်။
၄။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်းစေခြင်း
ကွမ်းရွက်က ချောင်းဆိုခြင်း၊ ရင်ကျပ်ခြင်း၊ အဆုတ်ပွခြင်း၊ ပန်နာရင်ကျပ်ရောဂါခံစားနေရသူများအတွက် အကောင်းဆုံးကုသပေးနိုင်ပါတယ်။ ကွမ်းရွက်ပေါ်မှာ မုန်ညှင်းဆီအနည်းငယ်ထည့်ပြီး အပူပေးပြီး ရင်ဘတ်ကို ကပ်ပေးနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ကွမ်းရွက်ကို ရေအနည်းငယ်နဲ့ ဖာလာစေ့၊ လေးညှင်းပွင့်နှင့် သစ်ကြံပိုါ်ခေါက်တို့ကို ထည့်ပြီး ပြုတ်ပေးပြီး သုံးခွက်တစ်ခွက်ကြိုသောက်နိုင်ပါတယ်။ ဒီလိုသောက်ပေးခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို အကောင်းဆုံး ကုသပေးနိုင်တာကြောင့် တစ်ရက်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိသောက်သုံးပေးနိုင်ပါတယ်။
၅။ ခေါင်းကိုက်ခြင်းကို ကုသပေးနိုင်ခြင်း
ခေါင်းကိုက်တာကို လူအများခံစားဖူးတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခေါင်းကိုက်တာကို ဆေးသောက်ပြီးသက်သာအောင်လုပ်လို့ ရသလို သဘာဝနည်းလမ်းတွေအတိုင်းကုသပေးလို့လည်း ရပါတယ်။ ခေါင်းကိုက်နေတဲ့အချိန်မှာ ကွမ်းရွက်ကို ချေပြီး နားထင်နားမှာ ကပ်ပေးမယ်လိုက်ခြင်းက ကွမ်းရွက်ရဲ့ အေးမြခြင်းနှင့် အကိုက်အခဲသက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် အာရုံကြောစနစ်ကို ကျန်းမာစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလိုမျိုး လုပ်ပေးခြင်းက သင့်ရဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။