မျက်ကပ်မှန်တပ်ရင် သိထားရမဲ့ ဆောင်ရန်၊ ရှောင်ရန်များ
trend.com.mm
|
2020-03-06

ဖက်ရှင်တစ်ခုအနေနဲ့ပဲတပ်တပ်၊ မျက်စိကျန်းမာရေးအတွက်ပဲ တပ်တပ် မျက်ကပ်မှန်အသုံးပြုတဲ့ Trend ပရိသတ်ကြီးအတွက် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။ ကြည်လင်ပြတ်သားပြီး ကျန်းမာလှပသည့် မျက်လုံးပိုင်ရှင်များဖြစ်ကြပါစေ။






၁။ ပါဝါမရှိတဲ့ အလှမျက်ကပ်မှန်တပ်တာ ရှေရှည်မှာ မျက်စိအတွက် အန္တရာယ်ရှိနိုင်ပါသလား။ ပါဝါမရှိတဲ့ မျက်ကပ်မှန်ပဲဖြစ်ဖြစ်၊ ပါဝါမရှိတဲ့မျက်ကပ်မှန်ပဲဖြစ်ဖြစ် နည်းစနစ်တကျ သုံးစွဲသူများအနေနှင့် ရေရှည်မှာ မျက်လုံးအတွက် လုံးဝအန္တရာယ်မရှိနိုင်ပါဘူး။


၂။ အလှမျက်ကပ်မှန်တပ်ရင် ဘယ်လို ရှောင်ရန်၊ဆောင်ရန်တွေကို သိထားသင့်ပါသလဲ။
အလှမျက်ကပ်မှန်တပ်မယ်ဆိုရင် –
– ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။
– မျက်ကပ်မှန် အတပ်အဖြုတ်နှင့် မျက်ကပ်မှန် ပိုးသတ်ဆေးရည် အသုံးပြုနည်းတို့ကိုလည်း သေသေချာချာ သင်ယူပြီးမှ အသုံးပြုသင့်ပါတယ်။
– မိမိ ဝယ်ယူတပ်ဆင်မယ့်မျက်ကပ်မှန်သည် လူခန္ဓာကိုယ်မှာ အရေးကြီးဆုံးဖြစ်သည့် မျက်လုံးအတွင်းထဲသို့ တပ်ဆင်ရမှာဖြစ်လို့ အလှတစ်ခုတည်းအတွက်မဟုတ်ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပစ္စည်းအစစ်အမှန်လဲဖြစ်သင့်ပါတယ်။


၃။ မျက်ကပ်မှန်ကို တစ်နေ့အချိန် ဘယ်လောက်ပဲ တပ်ဆင် သင့်ပါသလဲ။
FDA မှ Approved လုပ်ထားသော Fresh look & Big Eyes မျက်ကပ်မှန်အမျိုးအစားဖြစ်ရင်တော့ မျက်စိတွင် အောက်ဆီဂျင်ရအောင် တီထွင်ထားသည့်အတွက် တစ်နေ့တာလုံး တပ်ဆင်ထားနိုင်ပါတယ်။ သာမန် မျက်ကပ်မှန်မျိုးကိုတော့ တစ်နေ့ ၈ နာရီပဲ တင်ဆင်သင့်ပါတယ်။


၄။ မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါ ဘယ်လိုရွေးချယ် တပ်ဆင်သင့်ပါသလဲ။
မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါမှာ ကိုယ့်မျက်လုံးထဲမှာ သက်သက်သာသာ ရှိနေစေဖို့အတွက် size မှန်ကန်ဖို့လိုပါတယ်။ မျက်စိဆေးခန်းမှာ သေချာစွာ size တိုင်းစစ်ဆေးပြီးမှာသာ အသုံးပြုသင့်ပါတယ်။


၅။ မျက်ကပ်မှန်ကို တပ်ဆင်သူတွေအနေနဲ့ ပုံမှန်မျက်စိစစ်ဆေးဖို့ လိုအပ်ပါသလား။
လူတစ်ယောက်အနေနဲ့ မျက်ကပ်မှန်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပုံမှန် ၆လတစ်ကြိမ် မျက်စိစစ်ဆေးမှုပြုလုပ်တာက မိမိမျက်စိကျန်းမာရေးအတွက် အကောင်းဆုံးပါ။


၆။ မျက်ကပ်မှန် တပ်ဆင်တဲ့သူတွေ သတိပြုစရာ အချက်တွေက ဘာတွေလဲ။
သတိပြုရမှာက အမြဲသန့်ရှင်းစွာ ကိုင်တွယ်ရပါမည်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည် ဖြင့် ပုံမှန်ဆေးကြောပြီး Container ထဲမှာ ပုံမှန်စိမ်ထားပေးရပါမည်။ ဘယ်သောအခါမှ မျက်ကပ်မှန်တပ်ဆင်၍ မအိပ်သင့်ပါ။ ဖျားနာနေစဉ်မှာလည်း မျက်ကပ်မှန်ကို မတပ်ဆင်သင့်ပါ။ မျက်ကပ်မှန်အသုံးပြုသူများသည် မျက်စိပိုခြောက်လွယ်ပါသဖြင့် မျက်လုံးချောဆီအနေနဲ့ Rewetting Eye Drop ကို တစ်နေ့နှစ်ကြိမ်ခန့် ထည့်ပေးပါက ပိုမိုကောင်းမွန်ပါသည်။

[ Unicode ]

ဖက်ရှင်တစ်ခုအနေနဲ့ပဲတပ်တပ်၊ မျက်စိကျန်းမာရေးအတွက်ပဲ တပ်တပ် မျက်ကပ်မှန်အသုံးပြုတဲ့ Trend ပရိသတ်ကြီးအတွက် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။ ကြည်လင်ပြတ်သားပြီး ကျန်းမာလှပသည့် မျက်လုံးပိုင်ရှင်များဖြစ်ကြပါစေ။

၁။ ပါဝါမရှိတဲ့ အလှမျက်ကပ်မှန်တပ်တာ ရှေရှည်မှာ မျက်စိအတွက် အန္တရာယ်ရှိနိုင်ပါသလား။ ပါဝါမရှိတဲ့ မျက်ကပ်မှန်ပဲဖြစ်ဖြစ်၊ ပါဝါမရှိတဲ့မျက်ကပ်မှန်ပဲဖြစ်ဖြစ် နည်းစနစ်တကျ သုံးစွဲသူများအနေနှင့် ရေရှည်မှာ မျက်လုံးအတွက် လုံးဝအန္တရာယ်မရှိနိုင်ပါဘူး။


၂။ အလှမျက်ကပ်မှန်တပ်ရင် ဘယ်လို ရှောင်ရန်၊ဆောင်ရန်တွေကို သိထားသင့်ပါသလဲ။
အလှမျက်ကပ်မှန်တပ်မယ်ဆိုရင် –
– ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။
– မျက်ကပ်မှန် အတပ်အဖြုတ်နှင့် မျက်ကပ်မှန် ပိုးသတ်ဆေးရည် အသုံးပြုနည်းတို့ကိုလည်း သေသေချာချာ သင်ယူပြီးမှ အသုံးပြုသင့်ပါတယ်။
– မိမိ ဝယ်ယူတပ်ဆင်မယ့်မျက်ကပ်မှန်သည် လူခန္ဓာကိုယ်မှာ အရေးကြီးဆုံးဖြစ်သည့် မျက်လုံးအတွင်းထဲသို့ တပ်ဆင်ရမှာဖြစ်လို့ အလှတစ်ခုတည်းအတွက်မဟုတ်ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပစ္စည်းအစစ်အမှန်လဲဖြစ်သင့်ပါတယ်။


၃။ မျက်ကပ်မှန်ကို တစ်နေ့အချိန် ဘယ်လောက်ပဲ တပ်ဆင် သင့်ပါသလဲ။
FDA မှ Approved လုပ်ထားသော Fresh look & Big Eyes မျက်ကပ်မှန်အမျိုးအစားဖြစ်ရင်တော့ မျက်စိတွင် အောက်ဆီဂျင်ရအောင် တီထွင်ထားသည့်အတွက် တစ်နေ့တာလုံး တပ်ဆင်ထားနိုင်ပါတယ်။ သာမန် မျက်ကပ်မှန်မျိုးကိုတော့ တစ်နေ့ ၈ နာရီပဲ တင်ဆင်သင့်ပါတယ်။


၄။ မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါ ဘယ်လိုရွေးချယ် တပ်ဆင်သင့်ပါသလဲ။
မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါမှာ ကိုယ့်မျက်လုံးထဲမှာ သက်သက်သာသာ ရှိနေစေဖို့အတွက် size မှန်ကန်ဖို့လိုပါတယ်။ မျက်စိဆေးခန်းမှာ သေချာစွာ size တိုင်းစစ်ဆေးပြီးမှာသာ အသုံးပြုသင့်ပါတယ်။


၅။ မျက်ကပ်မှန်ကို တပ်ဆင်သူတွေအနေနဲ့ ပုံမှန်မျက်စိစစ်ဆေးဖို့ လိုအပ်ပါသလား။
လူတစ်ယောက်အနေနဲ့ မျက်ကပ်မှန်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပုံမှန် ၆လတစ်ကြိမ် မျက်စိစစ်ဆေးမှုပြုလုပ်တာက မိမိမျက်စိကျန်းမာရေးအတွက် အကောင်းဆုံးပါ။


၆။ မျက်ကပ်မှန် တပ်ဆင်တဲ့သူတွေ သတိပြုစရာ အချက်တွေက ဘာတွေလဲ။
သတိပြုရမှာက အမြဲသန့်ရှင်းစွာ ကိုင်တွယ်ရပါမည်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည် ဖြင့် ပုံမှန်ဆေးကြောပြီး Container ထဲမှာ ပုံမှန်စိမ်ထားပေးရပါမည်။ ဘယ်သောအခါမှ မျက်ကပ်မှန်တပ်ဆင်၍ မအိပ်သင့်ပါ။ ဖျားနာနေစဉ်မှာလည်း မျက်ကပ်မှန်ကို မတပ်ဆင်သင့်ပါ။ မျက်ကပ်မှန်အသုံးပြုသူများသည် မျက်စိပိုခြောက်လွယ်ပါသဖြင့် မျက်လုံးချောဆီအနေနဲ့

Ref; goodhealth




Some text some message..