Shaken Baby Syndrome ဆိုတာက ကလေးငယ်ကိုအားနဲ့ဖြစ်စေ ပြင်းထန်စွာလှုပ်ခါခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ပြင်းထန်သော ဦးနှောက်ဒဏ်ရာဖြစ်ပါတယ်။ ။ Shaken baby syndrome ရောဂါဟာ ကလေးသူငယ်အလွဲသုံးစားမှုပုံစံဖြစ်ပြီး ဦး နှောက်ကိုအကြီးအကျယ်ပျက်စီးစေပါတယ်။
ဒီရောဂါဟာ ငါးစက္ကန့်လောက်လှုပ်ခြင်းကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ ဒီတော့ ကလေးတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း ဘာကြောင့် မလှုပ်ခါသင့်ဘူးလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်..
ကလေးတွေခေါင်းကိုဘာကြောင့်မလှုပ်ခါသင့်သလဲ
ကလေးငယ်တွေမှာ ပျော့ပျောင်းတဲ့ ဦးနှောက်နဲ့မကြံခိုင်တဲ့ လည်ပင်းကြွက်သားတွေရှိပါတယ်။ သူတို့မှာ နူးညံ့သိမ်မွေ့တဲ့ သွေးကြောတွေနဲ့ဖွဲ့စည်းထားတာပါ။
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတဲ့(သို့) စိတ်တို ဒေါသထွက်လွယ်တဲ့ မိဘတွေ စိတ်မထိန်းနိုင်တဲ့အခါ အငိုမတိတ်လွန်းတဲ့ ကလေးကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းခြင်း၊ ကလေးခေါင်းကို တစုံတရာဖြင့် ဆောင့်ပစ်ခြင်းများ ပြုခဲ့ရင် ကလေးရဲ့ ဦးနှောက်ဟာ အရိုးခေါင်းထဲမှာ ကြေမွသွေးယိုနိုင်ပါတယ်။ ၄ ယောက်မှာ ၁ ယောက်လောက်သေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေကို ဘယ်လိုအခြေအနေမှမှ လှုပ်ရမ်းခြင်းမလုပ်မိကြပါစေနဲ့နော်..
တခြားရောဂါများ
အဲ့ဒီလို ဒေါသနဲ့ လှုပ်ခါလို့ ကလေးကမသေခဲ့ရင်တောင်
မျက်လုံးကွယ်ခြင်း
နားလေးခြင်း
စကားမပြောတတ်ခြင်း
ဉာဏ်ရည်တိမ်ခြင်း
မှတ်ဉာဏ်နည်းခြင်း
အတက်ရောဂါရခြင်းများကို ရာသက်ပန် ခံစားရနိုင်ပါတယ်နော်
ဘယ်အရွယ်တွေမှာဖြစ်တတ်လဲ
Shaken Baby Syndrome ဟာ အသက် ၂ နှစ်အောက်ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိကြပေမယ့် အသက် ၅ နှစ်အထိကလေးတွေအပေါ်လည်းအကျိုးသက်ရောက်နိုင်ပါတယ်။ ၆ ပတ်မှ ၈ ပတ်အကြားကလေးငယ်များအနေဖြင့်အများဆုံးငိုလေ့ရှိချိန်တွင်ဖြစ်ပွားလေ့ရှိတတ်ပါတယ်။
ရောဂါ လက္ခဏာတွေက ချက်ချင်းမဖြစ်ပဲ သုံးလေးငါး နှစ်သားမှ သိသာလာနိုင်ပါတယ်။ အဲ့ဒီချိန်မှာ ကလေးရဲ့ အနာဂတ် လှပအောင် ကူညီ ပြုစုပျိုးထောင်ဖို့ သိပ်အချိန်နှောင်းသွားပါပြီ။
ကလေးခေါင်းကို ဒေါသနှင့် တဆတ်ဆတ်လှုပ်ခါခြင်းက ပုခက်လွှဲခြင်း၊ ဒန်းစီးခြင်းနှင့်မတူပါဘူး။သာမန် ပုခက်လွှဲခြင်း၊ဒန်းစီးခြင်းကြောင့်တော့ ကလေးဦးနှောက်မထိခိုက်ပါဘူးနော်။ကဲ..သိပ်ကြောက်စရာကောင်းတဲ့အတွက် စိတ်ဆိုးဒေါသထွက်လွယ်တဲ့မိဘတွေ ဘယ်အခြေအနေမှာမှ ကလေးကို ဒေါသနဲ့ လှုပ်ခါခြင်း ကိုင်ဆောင့်ခြင်းတွေမလုပ်ပါနဲ့နော်…
Chit_May_May
Mg_Htet
REF_heathline.com