ကျန်းမာရေးအတွက် အကျိုးဖြစ်စေဖို့ သစ်တော်သီးကို စားကြပါစို့
lifestylemyanmar.com
|
2020-03-13



သစ်တော်သီးစားတာဟာ ကျန်းမာရေး အကျိုးအာနိသင်အများကြီးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် အဆင်းရှိတဲ့ သစ်တော်သီးတွေမှာ ရေဓါတ်၊ အမျှင်ဓါတ် ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။

သစ်တော်သီးရဲ့ အကျိုးကျေးဇူးများ

လေဖြတ်ခြင်း




သစ်တော်သီးကိုစားပေးတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး လေဖြတ်မှုကို ကာကွယ်ပေးပါတယ်။ သစ်တော်သီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ လေ့လာမှုတွေအရ သစ်တော်သီးကိုစားပေးရင် လေဖြတ်နိုင်ချေကို ၅၀ % ထိလျှော့ချပေးတယ်လို့ ဆိုပါတယ်။

ကင်ဆာ




သစ်တော်သီးမှာ ဗီတာမင် C ၊ အမျှင်ဓါတ်နဲ့ Folic Acid တွေသာမက ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေမြင့်မားစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ဓါတုပစ္စည်းတွေ အူလမ်းကြောင်းမှာ စုနေတာကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက်တော့ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်လို့ သစ်တော်သီးကို စားပေးသင့်ပါတယ်။

ဝမ်းချုပ်ခြင်း




သစ်တော်သီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဝမ်းမှန်စေပါတယ်။

ဘက်တီးရီးယား




သစ်တော်သီးမှာပါဝင်တဲ့Caffeic Acid ဓါတ်နဲ့ Tannins ဓါတ်တွေဟာ ခန္တာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အလွယ်တကူ အအေးမိ ဖျားနာတာမျိုးကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- stylecraze




Some text some message..