အချို့လူတွေမှာ လိင်ဆက်ဆံရင် ခေါင်းကိုက်တတ်တယ် ဆိုတာကို ဆေးပညာမှာ Coital Cephalalgia လို့ခေါ်ပါတယ်။ အံ့သြစရာကောင်းတာက ဒီဝေဒနာဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များတာပါပဲ။ အဆိုပါဝေဒနာရဲ့ နောက်ကွယ်က အကြောင်းတရားဟာ ဘာလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အချို့ကတော့ ရုတ်တရက် သွေးစီးဆင်းမှုနဲ့ ပတ်သက်လိမ့်မယ်လို့ ဆိုပါတယ်။ အချို့ကတော့ လိင်စိတ်ထကြွမှု မြင့်မားချိန်မှာ ကိုယ်တွင်းထိန်းညှိဓာတ်တစ်မျိုး Adrenaline များပြားလာမှုနဲ့ ဆိုင်လိမ့်မယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံစဉ် ခေါင်းကိုက်တဲ့ ဝေဒနာကို အချို့မှာ ဖြစ်လိုက်ပျောက်လိုက် ခံစားနေရပေမယ့် အချို့ကျတော့ လိင်ဆက်ဆံတိုင်း ခံစားရတတ်ပါတယ်။ တစ်ခုရှိတာက လိင်ဆက်ဆံစဉ် ခေါင်းကိုက်ခြင်းဟာ ဦးနှောက်အတွင်း သွေးကြောဆိုင်ရာ ပြဿနာအချို့ Bengin lesions in the brain or aneurysms နဲ့ ဆက်စပ်နေတတ်တဲ့အတွက် သတိထားဖို့ လိုခြင်းပါ။ ဒါကြောင့် လိင်ဆက်ဆံစဉ် ခေါင်းကိုက်ဝေဒနာခံစားရရင် မိမိဘာသာ ဘာဖြစ်နိုင်တယ်ဆိုတာ မဆန်းစစ်ပါနဲ့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ Credit : ဒေါက်တာမြင့်သန်း (သန္ဓေသား) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။