- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အနီရောင်စပျစ်သီးမှာ များစွာပါဝင်ပေမယ့် အစိမ်းရောင်စပျစ်သီးမှာ အနည်းငယ်သာ ပါဝင်ပါတယ်။ - ကယ်လိုရီပါဝင်မှု ပမာဏဟာ အစိမ်းရောင်စပျစ်သီးမှာ အနီရောင်စပျစ်သီးထက် အနည်းငယ်ပိုမြင့်မားပါတယ်။ - အန်သိုဆိုင်ရာနင် ပမာဏဟာ အနီရောင်စပျစ်သီးမှာ မြင့်မားစွာ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အနည်းငယ်သာ ပါဝင်ပါတယ်။ - အနီရောင် စပျစ်သီးမှာ ရီဗက်စထရော၊ ကတ်တချင်နဲ့ ကွာစီတင်လိုမျိုး ဖလေဗိုနွိုက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ ကတ်တချင် တစ်မျိုးတည်းသာ ပမာဏ အနည်းငယ် ပါဝင်ပါတယ်။ - အနီရောင်စပျစ်သီးဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာမူ မကျဆင်းစေနိုင်ပါ။ - အနီရောင် စပျစ်သီးက နှလုံးရောဂါဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောတွေကို ကာကွယ်ထား နိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့ မပြုလုပ်နိုင်ပါ။ - အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ရီ ဗက်စထရောဟာ အယ်လ်ဇိုင်းမားရောဂါကို ကုသဖို့ ကူညီနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့ မပြုလုပ်နိုင်ပါ။ - အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီဗက်စထရောဟာ မှိုရောဂါနဲ့ ကင်ဆာရောဂါကို ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိ ရှိပေမယ့် အစိမ်းရောင် စပျစ်သီးမှာ ရီဗက်စထရော မပါဝင်ပါ။ - အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ကွာစိတင်ဟာ ဓာတ်မတည့်မှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဓာတ်မတည့်မှုပြဿနာအမျိုးမျိုးကို ကုသနိုင်ပြီး အစိမ်းရောင်စပျစ်သီးမှာမူ ကွာစိတင် မပါဝင်ပါ။ - အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ အန်သိုဆိုင်ဆိုင်ရာနင်ဟာ ရောင်ရမ်းမှုကို လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အန်သိုဆိုင်ရာနင် မပါဝင်ပါ။ - ဒါကြောင့်မို့ အနီရောင်စပျစ်သီးဟာ အစိမ်းရောင် စပျစ်သီးထက် အာဟာရ တန်ဖိုးပိုမိုမြင့်မားပါတယ်။ Credit : Ko Zar Sat Khin သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။