
အကျဉ်းရှင်းလင်းချက်အဝလွန်ခြင်းသည် ခန္ဓာကိုယ်ရှိအဆီများပုံမှန်ထက်များနေသော မူမမှန်ခြင်းတစ်မျိုးဖြစ်သည်။အဝလွန်ခြင်းသည်အလှအပနှင့်ဆိုင်သည်သာမက သင့်ကို နှလုံးရောဂါ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါအစရှိသည်တို့ကိုလည်းပိုမိုဖြစ်ပွားစေနိုင်သည်။စနစ်တကျအလေးချိန်လျှော့ချခြင်းသည် ကျန်းမာရေးပြဿနာများကို လျှော့ချပေးနိုင်ရုံသာမက ကာကွယ်ပေးနိုင်သည်။အစားစားပုံပြောင်းလဲခြင်း၊ ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့သည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သည်။ ဆရာဝန်ညွှန်ကြားထားသောပိန်ဆေးများသောက်ခြင်း၊ခွဲစိတ်ကုသခြင်းဖြင့်ပိန်စေခြင်းများသည်လည်းအခြားပိန်စေသောနည်းလမ်းများဖြစ်ကြသည်။လက္ခဏာများအဝလွန်ခြင်းကို သင်၏ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်း body mass index (BMI) မှတစ်ဆင့်သိနိုင်သည်။body mass index (BMI)ဆိုသည်မှာ သင့်ခန္ဓာကိုယ်အလေးချိန်(ကီလိုဂရမ်)ကို သင့်အရပ်အမြင့်(မီတာ)နှစ်ထပ်ကိန်းဖြင့် စားခြင်းဖြစ်သည်။ BMI ခန္ဓာကိုယ်အနေအထား၁၈.၅အောက် ပုံမှန်အလေးချိန်အောက်၁၈.၅ - ၂၄.၉ ပုံမှန်အလေးချိန်၂၅.၀ - ၂၉.၉ ပုံမှန်ထက်ပိုသည်၃၀.၀ - ၃၄.၉အနည်းငယ်အဝလွန်သည်(အမျိုးအစား ၁)၃၅.၀ - ၃၉.၉အလယ်အလတ်အဆင့်အဝလွန်သည်(အမျိုးအစား ၂)၄၀.၀ နှင့်အထက်အလွန်အမင်းအဝလွန်သည်(အမျိုးအစား ၃)အများအားဖြင့် BMI မှာ ခန္ဓာကိုယ်၏အဆီဓာတ်ပမာဏကို ခန့်မှန်းနိုင်ရုံသာဖြစ်သည်။ထို့ကြောင့် BMI သည်အဆီပမာဏနှင့်တိုက်ရိုက်တော့ မသက်ဆိုင်ပေ။အထူးသဖြင့်အားကစားသမားများတွင်အဆီများစွာမရှိသော်လည်း BMIအရ ဝသောလူအမျိုးအစားထဲတွင်ပါသည်။အကယ်၍ သင့်တွင် BMI ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်းအရ ပြဿနာတစ်ခုခုရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်သည်။ဖြစ်ပွားရသောအကြောင်းရင်းများသင့်ခန္ဓာကိုယ်အလေးချိန်သည် မျိုးရိုး၊အနေအထိုင်နှင့် ဟော်မုန်းများအပေါ်မူတည်သော်လည်း သင့်ခန္ဓာကိုယ်မှ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပုံမှန်လုပ်ရှားမှုများမှအဆီလောင်ကျွမ်းခြင်းမှုထက် ပိုရရှိနေပါကအဝလွန်ခြင်းဖြစ်လာသည်။ခန္ဓာကိုယ်သည် ပိုလျှံနေသော ကယ်လိုရီပမာဏကိုအဆီအဖြစ်သိုလှောင်ထားသည်။ တစ်ခါတစ်ရံတွင်အဝလွန်ခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်သည်။သို့သော် ထိုအခြေအနေသည် ရှားပါးလေ့ရှိပြီးအောက်ပါအချက်များကြောင့်အဝလွန်ခြင်းအဓိက ဖြစ်ပွားတတ်သည်။(၁) ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း - ကယ်လိုရီလောင်ကျွမ်းမှုနည်းပြီးအဝလွန်စေနိုင်သည်။ (၂) ကျန်းမာရေးအတွက်မသင့်တော်သောအစားအစာများစားခြင်းနှင့် စားသောက်ပုံမူမမှန်မှုများ - သင့်ခန္ဓာကိုယ်မှလောင်ကျွမ်းသည့် ကယ်လိုရီပမာဏထက် ရရှိသည့် ပမာဏမှာ ပိုမိုနေလျှင် ကိုယ်အလေးချိန်ပိုလာနိုင်သည်။ဖြစ်နိုင်ချေများသူများအဝလွန်ခြင်းသည်အောက်ပါအချက်များနှင့် သက်ဆိုင်မှုရှိသည်။(၁) မျိုးရိုးလိုက်ခြင်း - မျိုးရိုးဗီဇအရ သင့်ခန္ဓာကိုယ်တွင်အဆီများစုမှုကို ထိန်းချုပ်ထားသည်။(၂) မိသားစု နေထိုင်မှုပုံစံ (၃) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း(၄) ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားခြင်း(၅) ကျန်းမာရေး ပြဿနာများရှိခြင်း(၆) ဝစေနိုင်သောဆေးများသောက်ခြင်း - ဥပမာ စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်ကျဝေဒနာပျောက်ဆေး၊အတက်ရောဂါပျောက်ဆေး၊ ဆီးချိုဆေး၊ စတီးရိုက်ပါသည့်ဆေးများ(၇) လူမှုရေးဆိုင်ရာပြဿနာများရှိခြင်း(၈)အသက်အရွယ်ပေါ်မူတည်ခြင်း(၉) ကိုယ်ဝန်ဆောင်ခြင်း - ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်ပြန်ကျရန်ခက်ခဲကြောင်းတွေ့ရှိရသည်။(၁၀) ဆေးလိပ်သောက်ခြင်းကို ရုတ်တရက် ရပ်လိုက်ခြင်း - သို့သော် ဆေးလိပ်ဖြတ်ခြင်း၏ကောင်းကျိုးများသည် ဆက်သောက်ခြင်းထက် ပို၍သာလွန်သည်။(၁၁)အိပ်ရေးပျက်ချိန်၊အိပ်ချိန်မလုံလောက်ခြင်းသင့်တွင်အထက်ပါအချက်များ ၁ခု(သို့)၁ခုထက်ပို၍ ရှိလျှင်အဝလွန်စေနိုင်သည်။နောက်ဆက်တွဲ ပြဿနာများအဝလွန်ပါကအောက်ပါကျန်းမာရေးပြဿနာများကို ခံစားရနိုင်သည်။- ကိုယ်ခန္ဓာအတွက်မကောင်းသော triglyceridesအဆီဓာတ်များခြင်း၊ ကိုယ်ခန္ဓာအတွက်အသင့်အတင့်ကောင်းသော high-density lipoprotein (HDL)နည်းသွားခြင်း-အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ခြင်း- သွေးတိုးခြင်း- ဇီဝကမ္မဖြစ်စဉ်မူမမှန်ခြင်း ရောဂါစု - သွေးတိုး၊ဆီးချို၊သွေးတွင်းအဆီဓာတ်များခြင်း၊ကောင်းသောအဆီဓာတ်နည်းခြင်း- နှလုံးရောဂါဖြစ်ခြင်း- လေဖြတ်ခြင်း- ကင်ဆာရောဂါများဖြစ်ခြင်း - သားအိမ်၊ သားအိမ်ခေါင်း၊ သားဥအိမ်ကင်ဆာ၊ ရင်သား၊အူမကြီး၊အစာအိမ်ဟောင်း၊အစာရေမျိုပြွန်၊အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ ကျောက်ကပ်၊ ဆီးကျိတ်ကင်ဆာများ-အသက်ရှူမမှန်သည့်ပြဿနာများ -အိပ်နေရင်းအသက်ရှူရပ်သွားခြင်း- သည်းခြေအိတ်နှင့်ဆိုင်သောရောဂါများ- မျိုးဆက်ပွားပြဿနာများ - ကလေးမရနိုင်ခြင်း နှင့် ရာသီသွေးမမှန်ခြင်း-အမျိုးသားများတွင် လိင်တံမတောင့်နိုင်ခြင်းနှင့်အခြားမျိုးဆက်ပွားပြဿနာများ-အရက်မသောက်သော်လည်းအသည်းအဆီဖုံးခြင်း-အရိုးကျီးပေါင်းရောဂါ Osteoarthritisအဝလွန်ခြင်းသည် ကျန်းမာရေးပြဿနာသာမက နေထိုင်မှုဘဝကိုပါအနည်းငယ်ထိခိုက်စေနိုင်သည်။- လူများသောနေရာများသို့ မသွားချင်ခြင်း-အပေါင်းအသင်းနည်းခြင်း- ခွဲခြားဆက်ဆံခံရတတ်ခြင်း- စိတ်ဓာတ်ကျခြင်း- မလုပ်နိုင်သော ကိစ္စများရှိခြင်း Disability- လိင်နှင့်ဆိုင်သည့် ပြဿနာများကြုံတွေ့ရခြင်း-အရှက်နှင့်ဆိုင်သော ၊ စိတ်မနှစ်မြို့သောပြဿနာများ- စိတ်မလုံခြုံမှုခံစားရခြင်း-အလုပ်အကိုင်အခွင့်အလမ်းနည်းခြင်းဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအကယ်၍ သင်သည် ဝသောလူဖြစ်လျှင် ၊အထူးသဖြင့် ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ကျန်းမာရေးပြဿနာများခံစားရလျှင် ဆရာဝန်နှင့်ဖြစ်စေ၊ ကျန်းမာရေးအသိပညာတတ်ကျွမ်းသောသူနှင့်ဖြစ်စေ တိုင်ပင်ဆွေးနွေးသင့်သည်။ကျန်းမာရေးအရနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန်နှင့် သင့်ကိုယ်အလေးချိန်ကျစေမည့်နည်းလမ်းများကိုသိရှိရန် ကူညီပေးလိမ့်မည်။စစ်ဆေးမှုများ- မေးမြန်းခြင်း- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း- BMIတွက်ခြင်း( သင်၏ခန္ဓာကိုယ်အလေးချိန်ကိုတိုင်းတာတွက်ချက်ခြင်း )- ခါးအချိုးအစားကို တိုင်းတာခြင်း-အခြားကျန်းမာရေးပြဿနာများရှိမရှိစစ်ဆေးခြင်း - ဥပမာ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချိုတိုင်းခြင်း- သွေးစစ်ဆေးမှုများပြုလုပ်ခြင်းနှင့် စက်ပစ္စည်းများဖြင့် စစ်ဆေးခြင်းကုသခြင်း- ကုသခြင်း၏ ရည်ရွယ်ချက်မှာ - ကျန်းမာရေးအတွက်ကောင်းသော ခန္ဓာကိုယ်အလေးချိန်ကို ရရှိရန်ဖြစ်သည်။သိတတ်နားလည်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်၊အစားအသောက်ဆိုင်ရာအထူးကု၊ ပြုမူနေထိုင်မှုဆိုင်ရာအထူးကု၊အဝလွန်ခြင်းဆိုင်ရာအထူးကုအစရှိသူတို့နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။- ပထမဆုံး ကုသခြင်းမှာအတန်အသင့် ကိုယ်အလေးချိန်ကျရန်ဖြစ်သည်( သင့်ရှိသော ကိုယ်အလေးချိန်၏ ၃-၅ ရာခိုင်နှုန်းခန့် ) ။ ဆိုလိုသည်မှာ သင်သည် ပေါင် ၂၀၀ (၉၁ကီလို) ရှိသောသူဖြစ်ပါက BMIအရ ဝနေသည်ဟုသတ်မှတ်သောကြောင့် သင့်ကျန်းမာရေးအတွက် ၆ပေါင်မှ ၁၀ပေါင်ထိအလေးချိန် လျှော့ရန်လိုအပ်သည်။- ကိုယ်အလေးချိန်လျော့ချရာတွင် သင်၏ စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှုကိုပါ ပြောင်းလဲရန်လိုအပ်သည်။ သင်၏ ကိုယ်အလေးချိန်အဆင့်၊ သင့်ကျန်းမာရေးအခြေအနေ၊ သင်၏ပေါင်ချိန်လျော့ချင်စိတ်တို့ပေါ်မူတည်၍ သင့်အတွက်အသင့်တော်ဆုံးနည်းလမ်းများမှာ ကွဲပြားတတ်ကြသည်။- နည်းလမ်းများအနေဖြင့်(၁)အစားအသောက်ပုံစံပြောင်းလဲခြင်း (၂) ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲခြင်း(၃)အပြုအမူအနေအထိုင်ပြောင်းလဲခြင်း(၄) ကိုယ်အလေးချိန်လျှော့ရန်အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်ခြင်း(၅) ခွဲစိတ်ကုသခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ခြင်း(၁)အစားအသောက်ပုံစံပြောင်းလဲခြင်း - ကယ်လိုရီလျှော့စားခြင်း ( တစ်နေ့တာတွင်အမျိုးသားများအတွက် စံအဖြစ်စားသောက်ရန်မှာ ၁၅ဝဝ-၁၈ဝဝ ကယ်လိုရီဖြစ်ပြီးအမျိုးသမီးများအတွက်မှာ ၁၂ဝဝ-၁၅ဝဝကယ်လိုရီဖြစ်သည်) - ကယ်လိုရီနည်းသောအစားအစာများကို ဗိုက်ပြည့်အောင်စားခြင်း(အသီးနှင့် ဟင်းသီးဟင်းရွက်များ) - ကျန်းမာစေသောအစားအစာများကို စားသောက်ပါ - ကာဗိုဟိုက်ဒရိုတ်ဓာတ်များသောအဆီဓာတ်များသောအစားအစာများကို ရှောင်ပါ။ - ကယ်လိုရီတက်မည့်အစားအစာများအစား ကိုယ်အလေးချိန်မတက်စေမည့်အစားအစာများကိုအစားထိုးစားပါ။အိမ်တွင် ကုသခြင်းဆေးဖြင့်ကုသသည့်အပြင် ကိုယ်အလေးချိန်မတက်အောင်အိမ်တွင်ထိန်းသိမ်းရန်လိုအပ်ပါသည်။- သင့်ကိုယ်အလေးချိန်နှင့်ပတ်သက်၍ သိရှိနားလည်ထားခြင်း- ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ပန်းတိုင်ထားရှိခြင်း- ကုသမှုကို တိတိကျကျဆောင်ရွက်ခြင်း- မိသားစုအပေါင်းအသင်းများ၏အားပေးမှုကို ခံယူခြင်း- ကိုယ်အလေးချိန်ကို မှတ်သားထားခြင်း-အစာစားချင်စိတ်ဖြစ်ပေါ်စေသည့်အရာများကိုရှောင်ကြဉ်ခြင်း- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်းကာကွယ်ခြင်းသင်သည် ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ဝမည့်လက္ခဏာရှိသည်ဖြစ်စေ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ရှိရန်နှင့်အခြားကျန်းမာရေးပြဿနာများမဖြစ်ရန်အဝမလွန်ဖို့အရေးကြီးသည်။အောက်ပါတို့ကိုပြုလုပ်ပြီးကာကွယ်နိုင်ပါသည်။- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း- ကျန်းမာရေးအတွက် ကောင်းမွန်သော စားခြင်း-အစာစားချင်စိတ်ဖြစ်ပေါ်စေသည့်အရာများကိုရှောင်ကြဉ်ခြင်း- ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာမှတ်သားထားခြင်း- ကိုယ်အလေးချိန်နှင့်ပတ်သက်၍ ပန်းတိုင်များကို တိတိကျကျဆောင်ရွက်ခြင်းRef: Mayo clinicCredit - Dr.YadanarPhooWaiAungသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။