
ဆိုတာ တခြား
ပါ်ကအရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင်အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊
တို့နဲ့လိုက်ပြီးအနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့အနံ့ကလွဲလို့အခြားအနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့်အနေအထားဖြစ်နေပါပြီ။အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူ
၊ မိန်းမကိုယ်ကနေအရည်တွေ ဆင်းတာ၊
ပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေအနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မိန်းမကိုယ်အနံ့ဆိုးတာဖြစ်နေရင် သက်သာအောင် ဘာတွေရှောင်သင့်သလဲ။
အဓိကကတော့ မိန်းမကိုယ်အနံ့နံတာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို ရှောင်ရှားတာ ပဲဖြစ်ပါတယ်။
မိန်းမကိုယ်ပိုးဝင်တယ်ဆိုတာ မိန်းမကိုယ်အနံ့ဆိုးတာကိုအဓိကဖြစ်စေတဲ့အကြောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ မိန်းမကိုယ်ကို သန့်ရှင်းရေး မလုပ်ဘဲထားရင် ပိုးဝင်တတ်ပါတယ်။ ။ ဒါကြောင့်အောက်ခံဘောင်းဘီတွေကို မလျှော်ဘဲပြန်ဝတ်တာမျိုးတွေ မလုပ်ဘဲ မိန်းမကိုယ်ကို သန့်သန့်ရှင်းရှင်းထားပေးပါ။ ရာသီလာရင် သုံးကိုသုံးရတဲ့အမျိုးသမီး
ဆိုတာ သွေးတွေ၊အညစ်အကြေးတွေပြည့်နေတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ပိုးမွှားတွေ ကပ်နေနိုင်ပြီး မိန်းမကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် ရာသီလာရင် မိန်းမကိုယ်ကထွက်တဲ့အနံ့ရယ်၊
အညစ်အကြေးတွေပြည့်နေတဲ့ လစဉ်သုံးပစ္စည်းဆီက ထွက်တဲ့အနံ့တွေက မိန်းမကိုယ်အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် လစဉ်သုံးပစ္စည်းတွေကို ရာသီလာနေချိန် တစ်နေ့လုံးမလဲဘဲ သုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။ မိန်းမကိုယ်ဆိုတာလည်း
နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် တခြားကိုယ်ခန္ဓာကအရာတွေလို
ရှိပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး ချွေးစိုတဲ့အဝတ်တွေကို ပြန်ဝတ်တာ၊
ကျပ်ကျပ်တွေဝတ်တာ၊ ဘောင်းဘီကျပ်ကျပ်ဝတ်တာတွေက မိန်းမကိုယ်အနီးတစ်ဝိုုက်ကို ချွေးထွက်စေပြီး ပူအိုက်စွတ်စိုကာအနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဘောင်းဘီကျပ်ကျပ်တွေ ၊ချွေးစိုနေတဲ့အတွင်းခံတွေကို မလျှော်ဘဲ ပြန်ဝတ်တာတွေကို ရှောင်သင့်ပါတယ်။
ဆိုရင်အနံ့ဆိုးတဲ့အရည်တစ်မျိုး မိန်းမကိုယ်ကနေ ဆင်းတတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကိုအဓိကဖြစ်စေတာ
လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ သူက လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့်အသက်မပြည့်ခင် လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံတဲ့အဖော်အရေအတွက်များတာ ၊အကာအကွယ်မပါဘဲ
ကို မလုပ်သင့်ပါဘူး။
မိန်းမကိုယ်အနံ့နံတဲ့အပြင် မိန်းမကိုယ်ပါယားတယ်ဆိုရင်အယားပြေအောင် လက်နဲ့တစ်ချိန်လုံးကုတ်တာ၊ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေနဲ့အတင်းဆေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလည်း မိန်းမကိုယ်ကို ပြင်းတဲ့ဆပ်ပြာတွေနဲ့ တိုက်တာမျိုး၊အတွင်းထဲထိအတင်းနှိုက်ဆေးကြောတာမျိုးတွေမလုပ်ရပါဘူး။ ရှောင်ရန်တွေပြီးသွားတော့ ဆောင်ရန်တွေ လာပါပြီ။ ။
လုပ်သင့်တဲ့အချက်တွေကရော ဘာတွေလဲ။ ။
မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားတာဖြစ်ပါတယ်။အခြားကိုယ်ပေါ်ကအရာတွေလိုပဲ မိန်းမကိုယ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆပ်ပြာပြင်းပြင်းတွေ မသုံးဘဲ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်တွေကိုသာ သုံးပေးသင့်ပါတယ်။ BETADINE Feminine Wash ဟာဆိုရင်အရေပြား
ကို ထိန်းညှိပေးပြီး ပြင်းအားပျော့တဲ့အတွက် နေ့စဉ်သုံးလို့ရတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည် တစ်မျိုးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ရနံ့ သင်းသင်းလေးတွေကမိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းကို တားဆီးပေးပြီး
ပါဝင်တာက ရောဂါပိုးတွေမဝင်လာအောင် တားဆီးပေးနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီတွေကို ဝတ်ပေးသင့်ပါတယ်။ ဒါမှ ချွေးအိုက်ပြီးအနံ့ဆိုးထွက်ခြင်းကနေ ကာကွယ်ပေးနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ချွေးစိုနေတဲ့ ဘောင်းဘီတွေကိုအချိန်အကြာကြီး မဝတ်ဘဲအသစ်လဲဝတ်သင့်ပါတယ်။
ရာသီလာရင်အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို ၆နာရီခြား တစ်ခါ လဲပေးသင့်ပါတယ်။
မစင်မှာပါတဲ့ ပိုးတွေက မိန်းမကိုယ်ထဲအခန့်မသင့်ရင် ဝင်တတ်လို့အိမ်သာတက်ပြီးတိုင်း လက်ကိုအနောက်ဘက်ဆွဲယူတဲ့ သန့်စင်နည်းနဲ့ သန့်စင်ပေးသင့်ပါတယ်။ ဒါမှ ပိုးဝင်တာကိုလည်းကာကွယ်၊အနံ့ဆိုးတွေ မနံအောင်လည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။ နောက်ဆုံးအချက်ကတော့ ဒိန်ချဉ်ကြိုက်တတ်တဲ့ သူတွေအတွက်သတင်းကောင်းပါ။အစားအသောက်အနေနဲ့
စားပေးရင် မိန်းမကိုယ်ရဲ့အတွင်းပိုင်းကကောင်းတဲ့ ပိုးမွှားလေးတွေကိုအားဖြည့်ပေးရာရောက်လို့အပြင်က ပိုးမွှားတွေဝင်မလာနိုင်တော့ပါဘူး။ ပိုးတွေ မဝင်နိုင်တော့အနံ့ဆိုးတွေလည်း မနံတော့ဘူးပေါ့။ မိန်းမကိုယ်အနံ့နံခြင်းဟာ မိန်းကလေးတစ်ယောက်အတွက်တော့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု လျော့ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းလာတာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ ပါပါတယ်။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိန်းမကိုယ်ကိုသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ ဖြစ်လာရင်လည်းလုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေကိုသိထားပြီး လိုက်နာရင်အမျိုးသမီးတွေရှက်ရ ကြောက်ရတဲ့ မိန်းမကိုယ်အနံ့ဆိုးထွက်တာအမြန်ဆုံးသက်သာသွားမှာပါ။ ။
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။