ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ဘယ်လောက်ကြာကြာ နေထိုင်သလဲ?
lifestylemyanmar.com
|
2020-03-25



COVID-19 ကိုဖြစ်ပေါ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ယောက်မှ တစ်ယောက်သို့ အဓိက ကူးစက်ပါတယ်၊ ရောဂါကူးစက်ခံရသူတစ်ယောက်ဟာ ချောင်းဆိုး၊ နှာချေတဲ့အခါ လေထဲကို ဗိုင်းရပ်စ်ပါတဲ့ အရည်စက်တွေ လွှတ်လိုက်ပါတယ်။ ကျန်းမာသော လူတစ်ယောက်ဟာ ထိုအစက်များကို ရှုရှိုက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရှိသော မျက်နှာပြင်တစ်ခု (သို့) အရာဝတ္တုတစ်ခုကို ထိကိုင်ပြီးနောက် သင့်ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးကို ထိတွေ့မိလျှင်လည်း ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တံခါးလက်ကိုင်ဘုနှင့် ကောင်တာခုံတွေကဲ့သို့သော မျက်နှာပြင်များပေါ်မှာ နာရီပေါင်းများစွာ နေထိုင်ပါတယ်။ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲဆိုတာ အပေါ်ယံမျက်နှာပြင်မှ ပြုလုပ်ထားတဲ့ ပစ္စည်းများပေါ်မှာ မူတည်ပါတယ်။

COVID-19 ကိုဖြစ်ပေါ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် နှင့်ပတ်သတ်ပြီး သုတေသီတွေ လေ့လာဖို့ များစွာ ကျန်ရှိသေးပါတယ်။ ဥပမာအားဖြင့် အပူ၊ အအေး (သို့) နေရောင်ခြည် ထိတွေတဲ့ မျက်နှာပြင်ပေါ်မှာ ဘယ်လောက်ကြာကြာ သက်ရောက်တယ်ဆိုတာ သူတို့မသိကြသေးပါ။
သတ်တု

ဥပမာ- လက်ကိုင်ဖုန်း၊ လက်ဝတ်ရတနာ၊ ငွေထည် (၅ရက်)
သစ်သား

ဥပမာ- ပရိဘောဂ၊ ကုန်းပတ် (၄ရက်)
ပလက်စတစ်

ဥပမာ- မြေအောက်ရထား၊ ဘတ်စ်ကားထိုင်ခုံများ၊ ကျောပိုးအိတ်များ၊ ဓါတ်လှေကားခလုတ်များ၊ နို့ဘူး၊ ဆပ်ပြာပုလင်းများ ကဲ့သို့သော ပါကင်ထုတ်များ (၂ရက်မှ ၃ရက်)
Stainless steel

ဥပမာ- ရေခဲသေတ္တာများ၊ ဒယ်အိုးများ၊ ဘေစင်၊ ရေပုလင်းတစ်ချို့ (၂ရက်မှ ၃ရက်)
ကတ်ထူပြား

ဥပမာ- ပစ္စည်းပို့ဆောင် ကတ်ထူပုံးများ (၂၄ နာရီ)
ကြေးနီ

ဥပမာ- အကြွေစေ့၊ ရေနွေးအိုး၊ မီးဖိုချောင်သုံး ဒယ်အိုး၊ ဒန်အိုး (၄နာရီ)
အလူမီနီယမ်

ဥပမာ- ဆိုဒါဘူးများ၊ စည်သွပ်ဘူး၊ ရေပုလင်းများ (၂နာရီမှ ၈ နာရီ)
ဖန်

ဥပမာ- သောက်သုံးရေဖန်ခွက်များ၊ တိုင်းတာတဲ့ ခွက်များ၊ မှန်၊ ပြတင်းပေါက်များ (၅ရက်ကျော်)
ကြွေထည်

ဥပမာ- ပန်းကန်များ၊ ကြွေထည် အိုး,ခွက်များ (၅ရက်)
စက်ကူ

ကိုရိုနာဗိုင်းရပ်မျိုးဗီဇတစ်ချို့ဟာ စက္ကူပေါ်မှာ မိနစ်အနည်းငယ်မျှသာ နေထိုင်ပြီး တခြားမျိုးဗီဇတွေက ၅ရက်အထိ နေထိုင်ကြပါတယ်။

အစားအစာ

ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအစာနှင့် ထိတွေမှုမှတဆင့် ပြန့်နှံ့ပုံ မရပါဘူး။ သို့သော် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို မစားခင်မှာ ရေများများနဲ့ ဆေးကြောသင့်ပါတယ်။ စူပါမားကတ်ကို သွားပြီးရင် လက်တွေကို ဆေးကြောပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ အထည်များနှင့် ကောင်တာများကဲ့သို့သော အခြားမျက်နှာပြင်များပေါ်မှာ နေထိုင်နိုင်ပါတယ်။

သင်ဘာလုပ်နိုင်သလဲ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့ အိမ်နှင့် ရုံးတွင်းရှိ မျက်နှာပြင်များနဲ့ အရာဝတ္တုများအား နေ့စဉ် သန့်ရှင်းပြီး ပိုးသတ်ဆေးဖြင့် သန့်စင်ပါ၊ ကောင်တာစားပွဲများ၊ စားပွဲများ၊ တံခါးလက်ကိုင်ဘုများ၊ ရေချိုးခန်းသုံးပစ္စည်းမျး၊ ဖုန်းများ၊ ကီးဘုတ်များ၊ Remote control နှင့် အိမ်သာများကို သန့်စင်ရပါမယ်။ အိမ်သုံးသန့်ရှင်းရေးစပရေးကို သုံးပါ။ တကယ်လို့ မျက်နှာပြင်တွေ ညစ်ပတ်နေပါက ဦးစွာပထမ ဆပ်ပြာ၊ ရေဖြင့် ဆေးကြောပြီး ပိုးသတ်ပါ။
သင့်အိမ်ရှိ လူတိုင်းကျန်းမာနေရင်တောင် မျက်နှာပြင်တွေကို သန့်ရှင်းအောင် ထားပါ။ ရောဂါကူးစက်ခံထားရသူတွေဟာ ရောဂါလက္ခဏာများ မပြသော်လည်း ဗိုင်းရပ်စ်များဟာ မျက်နှာပြင်တွေပေါ်မှာ ရှိနေနိုင်သေးပါတယ်။

ဆေးဆိုင် (သို့) စူပါမားကတ်သို့ သွားပြီးနောက်၊ စားစရာများ (သို့) ပါကင်ထုပ်များ ယူဆောင်လာပြီးနောက်မှာ အနည်းဆုံး စက္ကန့် ၂၀လောက် ဆပ်ပြာနှင့် ရေနွေးနွေးဖြင့် ဆေးကြောပါ။ လာပို့တဲ့ သတင်းစာတွေ ကိုင်ပြီးနောက်မှာလည်း အလားတူပြုလုပ်ပါ။

Lifestyle_Myanmar
LM_Nandar


Source -webmd




Some text some message..