အုန်းဆီ အသုံးပြုနည်းများ
healthcare.com.mm
|
2020-03-30


ခံတွင်းသန့်စင်နည်း အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းစာကို ပါးစပ်ထဲထည့်ပြီး မိနစ်၂ဝ ကြာ ငုံထားပါ ။ ပြီးမှ ပလုတ်ကျင်းပီး ထွေးထုတ်ပါ။ မနက် အိပ်ရာထ သွားတိုက်ပီးတဲ့အချိန်မှာ ပြုလုပ်နိုင်ပါတယ်။ အုန်းဆီဖြင့် သဘာဝကြေးချွတ်နည်း အုန်းဆီထဲကို သကြားအနည်းငယ်ထည့်ပြီး အရေပြားပေါ်ညင်သာစွာ ပွတ်လိမ်းပေးပါက ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးရေပြားပေါ်ကသန်း ဖယ်ရှားနည်း အုန်းဆီက ဦးရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ သန်းတွေကို ၉ဝ ရာခိုင်နှုန်း ဖယ်ရှားနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် အုန်းဆီကို ဦးရေပြားအနှံ့လိမ်းပြီး ခေါင်းစွပ် စွတ်အိပ်ပါ။ မနက် အိပ်ရာထမှာ ခေါင်းစွပ်ကို ဖယ်ရှားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပေးပါ။ ချွေးနံ့ပျောက်ဆေးအဖြစ် အသုံးပြုနည်း ချိုင်းကြားက ချွေးနံ့ကြောင့် လူကြားထဲမှာ မျက်နှာငယ်နေရပါသလား။ ပတ်ဝန်းကျင်က လူတွေရဲ့ နှာခေါင်းရှုံ့တာကို ခံနေရပြီလား။ ရေချိုးပြီးတဲ့အခါ အုန်းဆီအနည်းငယ်ကို လက်ဖဝါးပေါ်တင်ကာ ချိုင်းကြားကို ပွတ်လိမ်းပေးပါ။ ချိုင်းချွေးနံ့ ကင်းဝေးပါတယ်။ Credit : အာရောဂျံ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..