လိင်ဆက်ဆံမှု တစ်ကြိမ်ပြုလုပ်မှုသည် အင်အားဓာတ် ကယ်လိုရီ ၂၀၀ ကို လောင်ကျွမ်းစေတယ်။ ယင်းသည် ခပ်သွက်သွက် မိနစ်သုံးဆယ်ခန့် ပြေးသည်နှင့်တူသည်။ ဆန္ဒမြင့်မားမှု အထွတ်အထိပ် ရောက်ချိန်တွင်အောက်ဆီတိုဂျင် ဟော်မုန်းတို့ကြောင့် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်သည် မူလကထက် နှစ်ဆဖြစ်လာသည်။ ထိုအချက်သည် အေရိုးဗစ်ကစားခြင်း တစ်ခုခုကဲ့သို့ နှလုံးရောဂါကို ကာကွယ်နိုင်သည်ဟု သုတေသီတို့က ဆိုကြပါသည်။ ယေဘုယအားဖြင့် တစ်မိုင်ခန့် လမ်းလျှောက်ခြင်း စက်ဘီးစီးခြင်းတို့နှင့် တူညီသည်ဟု ဆိုနိုင်ပါသည်။ ၁၉၈၀ ပြည့်ခုနှစ်များက အင်္ဂလန်ပြည် ဝေလနယ်တွင် လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် နှစ်ကြိမ်နှင့်အထက် ဆက်ဆံသူ အမျိုးသားတို့သည် တစ်လလျှင်တစ်ကြိမ်ထက် နည်းသူထက် နှလုံးရောဂါရရှိမှု ထက်ဝက်မျှ လျော့နည်းကြောင်း တွေ့ရှိရပါသည်။ မောင်နှင့်မယ်တို့ ထိုသို့ နေထိုင်တတ်မှုသည် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း ပညာရှင်အများစုက ယုံကြည်လက်ခံကြပါသည်။ ဇနီးမယားအပေါ် သစ္စာရှိရှိ လက်တွဲမပျက် ပေါင်းသင်းလေ့ရှိသည့် ခင်ပွန်းတို့မှာ ခင်ပွန်းကောင်းဖြစ်ပြီး သစ္စာဖောက်ပြားသူတွေထက် ပိုမိုကျန်းမာ သန်စွမ်းခွင့်ရကြမည် ဖြစ်ပါသည်။ ဆက်ဆံမှုတွင် တက်စတိုစတီရုန်း ဟော်မုန်းအပြင် Dehydroepiandrostone DHEA ဟော်မုန်းတို့ကလည်း လှုံ့ဆော်အားပေးကြရာ ထိုဟော်မုန်း နှစ်မျိုးစလုံးတို့သည် နှလုံးရောဂါရရှိနိုင်မှုတို့အတွက် အကာအကွယ်ပေးရုံသာမက နှလုံးရောဂါရရှိသည့်တိုင် နှလုံးကြွက်သားတို့ ကြံ့ခိုင်ရေးအတွက် အထောက်အကူ ပြုကြသည်ဟု သိရသည်။ ထို့ကြောင့် နှလုံးရောဂါရှင်များအား သင့်တင့်သော မောင်နှင့်မယ် ဆက်ဆံခွင့်ကို နှလုံးအထူးကု ဆရာဝန်များက ခွင့်ပြုထားခြင်းဖြစ်သည်။ Credit : ဒေါက်တာမြင့်သန်းသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။