
သကြားပါဝင်မှုများတဲ့အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက်
ကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အမြဲ စားသုံးသင့်တဲ့အစားအစာတွေထဲမှာ ဆီ၊ ဆား၊
ကို တတ်နိုင်သလောက် လျှော့စားဖို့ လူကြီးမိဘတွေအနေနဲ့အကျင့်လုပ်ထားပေးဖို့အရေးကြီးပါတယ်။ သကြားဓာတ်ဟာ ကလေးတွေရဲ့ သွားနဲ့
းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီးအရွယ်မတိုင်ခင်အဝလွန်တာ၊ ဆီးချိုရောဂါအစရှိတဲ့ ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့်အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။
၁။အဝလွန်လာမယ်။
အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓာတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက်
ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ထွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်လာဖို့အခွင့်အလမ်းပိုများပါတယ်။
၂။ ကိုယ်ခံအားနည်းလာမယ်။
အချိုစားလွန်းတဲ့ ကလေးတွေဟာ တစ်နေ့တာအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိတာကြောင့်
နည်းလာမယ်။ ကြာလာရင်အမောမခံနိုင်တာ၊ မကြာခဏဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။
၃။အာဟာရချို့တဲ့လာမယ်။
ကလေးတွေဟာ ချိုလွန်းတဲ့ မုန့်တွေ၊အအေးတွေကို မကြာခဏစားသောက်တဲ့အခါမှာ
ဖစ်စေတဲ့အစားအစာတွေကို စားဖို့ စိတ်မပါတော့ပါဘူး။ ဒီအခါမှာ ကိုယ်ခန္ဓာကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ၊ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ဗီတာမင်ဓာတ်တွေ မလုံလောက်တဲ့အတွက် ရောဂါတွေအလွယ်တကူ ဝင်လာနိုင်ပါတယ်။
၄။ သွားတွေ ပျက်စီးလာမယ်။
သကြားဓာတ်ဟာ သွားနဲ့
းကို ဆိုးရွားစွာ ထိခိုက်စေတဲ့ တရားခံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။အချိုဓာတ်များတဲ့ ဆိုဒါလိုအအေးတွေ၊ ဖျော်ရည်တွေ သောက်တဲ့ ကလေးတွေ၊ သကြားလုံး၊အချိုမုန့်မကြာခဏစားတတ်တဲ့ ကလေးတွေမှာ သွားပိုးပေါက်တွေ ဖြစ်လာတာ၊ သွားကြားထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားလာနိုင်လို့ သွားဟာ ကျိုးပဲ့ပျက်စီးလာနိုင်ပါတယ်။
၅။ မှတ်ဉာဏ်တွေကို ထိခိုက်စေတယ်။
သကြားဓာတ်ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့
ကို ထိခိုက်စေပါတယ်။အချိုဓာတ်စားသုံးမှုများတဲ့ ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာအချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။
၆။ မကြာခဏ ဆာလောင်နေစေတယ်။
သကြားဓာတ်ဟာ စားသလောက် ဗိုက်ဝသွားတာမျိုး မဖြစ်စေပဲ မကြာခဏ ဗိုက်ဆာစေပါတယ်။ စားသလောက် မဝတဲ့အခါမှာ ကလေးတွေက ဒီအချိုမုန့်ကိုပဲ ထပ်ကာ ထပ်ကာ စားလာကြပါတယ်။အာဟာရဓာတ်ကိုလည်း မပေးနိုင်တဲ့အပြင်အချိန်ကြာလာတဲ့အခါမှာအဝလွန်လာပြီး ကလေးတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
၇။ ချောင်းဆိုး၊ ရင်ကျပ်စေတယ်။
သကြားဓာတ်များတဲ့အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကျပ်တာတွေအဖြစ်များပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလောက်ထိ မဟုတ်ပေမယ့် ချောင်းဆိုးနေတဲ့အခါကျ ကိုယ်တိုင်ရော ဘေးလူတွေပါ စိတ်ကသိကအောင့် ဖြစ်စေတာပေါ့။
၈။ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ခြေ မြင့်တက်စေတယ်။
အချိုဓာတ်ပါဝင်မှုများတဲ့အစားအသောက်တွေဟာအဝလွန်စေတဲ့အပြင်
၊ နှလုံးရောဂါတွေနဲ့ တချို့သောကင်ဆာရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။
၉။ စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်။
ကိတ်မုန့်၊ ဆိုဒါဖျော်ရည်အစရှိတဲ့အချိုဓာတ်များတဲ့အစားအစာတွေဟာ
ကို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာ စိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။
၁၀။ စိတ်ကိုစွဲလန်းစေတယ်။
အချိုဓာတ်ဟာ မစားရရင် မနေနိုင်အောင် ကလေးတွေရဲ့ စိတ်ကိုစွဲလန်းစေနိုင်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ချိုလွန်းတဲ့အရသာကြောင့် ကလေးအများစု နှစ်ခြိုက်ကြတယ်။အချိုတွေ စားပြီးတိုင်း ထပ်စားချင်လာတယ်။အာဟာရရှိတဲ့အစားအစာတွေကို စားချင်စိတ်တွေနည်းလာတယ်။ ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မရတဲ့အခါမှာ ကလေးတွေရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးကို ထိခိုက်လာပါတယ်။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။