ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်
hellosayarwon.com
|
2018-12-02

အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့

ဖစ်တဲ့ နို့နဲ့ထမင်းတွေကလွဲရင် ကျန်တာအရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစားအကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲအကုန်ကျွေးမယ်၊အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ် ဆိုရင် ဘာတွေဖြစ်လာမလဲ။ ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင်အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်း ကောက်ထည့်တတ်တယ်)၊အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။

ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာ
လူကြီးတွေစားနေတဲ့အစားအသောက်တွေထဲမှာ ကလေးအတွက် ကျန်းမာရေးနဲ့မညီတာတွေရှိနေတတ်လို့ သတိထားသင့်ပါတယ်။ နွားနို့နဲ့ ပဲနို့ အားရှိအောင်ဆိုပြီး ကလေးကို နွားနို့တွေတိုက်တာ၊ ဉာဏ်ကောင်းအောင်ဆိုပြီး ပဲနို့တွေတိုက်တာ ခုချိန်မှာမလုပ်သင့်သေးပါဘူး။ မိခင်နို့ သို့မဟုတ် ဖွံ့ဖြိုးကြီးထွားမှုကိုအားပေးတဲ့အာဟာရနို့မှုန့်တွေတိုက်လို့ပဲ သင့်တော်ပါတယ်။ ကလေးရဲ့အစာအိမ်က ပဲနို့၊နွားနို့တို့မှာပါတဲ့ ပရိုတင်းတွေကို ချေဖျက်ဖို့မလွယ်သေးတဲ့အပြင် နွားနို့မှာပါတဲ့ သတ္တုဓာတ်တွေက ကလေးရဲ့ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်တဲ့။ ပျားရည် ပျားရည်မှာအစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့ Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတလေ ပါဝင်တတ်ပါတယ်။ လူကြီးတွေရဲ့အူလမ်းကြောင်းမှာတော့ ဒီမျိုးမှုန်တွေပေါက်ဖွားလာမှုကို လွယ်လွယ်လေးကာကွယ်ရှင်းလင်းနိုင်ပေမယ့် ကလေးအတွက်တော့အန္တရာယ်ရှိနိုင်ပါတယ်။ စေးကပ်တဲ့ စားစရာ ပီကေ သို့မဟုတ် စေးကပ်တဲ့စားစရာတွေ( ဂျယ်လီ၊ ဂျယ်လီသကြားလုံးတွေ၊ သစ်သီးခြောက်တွေအပါအဝင်)တွေက ကလေးရဲ့လည်ချောင်းထဲမှာ တစ်ဆို့သွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။အသီးတွေတောင်မှ ပိန္နဲသီးလိုမျိုးတွေဆိုအမျှင်တွေတန်းပြီး နင်တာ၊တစ်ဆို့တာ ဖြစ်နိုင်လို့ သတိထားပါ။ အသီးဖျော်ရည် တိုက်လို့မရတာတော့ မဟုတ်ပေမယ့် မကြာခဏ သို့မဟုတ် နေ့တိုင်းတော့ တိုက်ကျွေးလို့မသင့်ပါဘူး။ တစ်နေ့တာမှာအသီးအနှံကျွေးသင့်တယ်ဆိုပေမယ့် ပမာဏကို မလွန်ကဲပါစေနဲ့။ နောက်ပြီး လိမ္မော်သီးဖျော်ရည်လိုအက်စစ်ဓာတ်များတဲ့သောက်စရာမျိုးကို ကလေးတွေရဲ့ဗိုက်က မခံနိုင်လောက်ပါဘူး။ ကိုယ်တိုင်ဖျော်တိုက်ချင်တယ်ဆို ပန်းသစ်တော်သီး၊ ပန်းသီးတို့ကို ထိုက်သင့်တဲ့ပမာဏ ချင့်ချိန်တိုက်ပါ။ ပြုပြင်စီမံထားတဲ့အစားအသောက်

တွ၊အရသာတု၊အနံ့တု၊အရောင်တုတွေပါဝင်တတ်တဲ့အပြင် တာရှည်ခံအောင်ပြုပြင်စီမံထားတဲ့အစားအသောက်တွေကလေးတွေကိုမကျွေးပါနဲ့။အသင့်စားအစားအစာတွေလည်း ရှောင်သင့်တဲ့အထဲမှာပါပါတယ်။ အချိုများတဲ့အရာ သကြားလုံး၊အချိုရည်၊အချိုများတဲ့မုန့်တွေကအများကြီးစားလို့မသင့်တော်ပါဘူး။ သွားပိုးစားမယ်၊အဝလွန်မယ့်အန္တရာယ်တွေ ရှိသလို ချောင်းဆိုးရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာက

ဖစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။ အကင် အသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။အသားချောင်း၊ ဝက်/ကြက်အူချောင်းတွေမှာ ဆိုဒီယမ်နဲ့တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအတွက်အာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။ အချဉ်ဆော့စ် အရောင်အသွေးနီနီနဲ့ ဖျော်စပ်ထားတဲ့အချဉ်ရည်တွေနဲ့တို့စားရတာ နှစ်သက်လွန်းတဲ့ကလေးတွေရှိပါတယ်။ တုတ်ထိုး၊အကင်၊ ကြက်ကြော် စတဲ့စားစရာတွေကိုအချဉ်ရည်လေး၊ ဆော့စ်လေးနဲ့မှ ကြိုက်ကြတာ။ တစ်ခါတလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင်အချဉ်ရည်တွေမှာပါတဲ့

တွ၊

တွလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။

အစားအစာ ကလေးတွေအတွက် ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ စားစရာတွေအများကြီးရှိပါတယ်။ ဥပမာ- ကြက်ဥ၊ မြေပဲ၊ ဂျုံ၊အချဉ်သီးတချို့၊ ပင်လယ်စာ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး။ ကလေးကိုအစားအစာတွေ မိတ်ဆက်ကျွေးပြီဆိုရင် သူ့မှာဓာတ်မတည့်တဲ့စားစရာတွေရှိနေသလားဆိုတာ သတိထားမှတ်သားပါ။ ပြီးရင် ကလေးနဲ့ဓာတ်မတည့်တဲ့စားစရာတွေကို မပါအောင် သတိထားကျွေးပါ။ ဂက်စ်ပါတဲ့အချိုရည် ဂက်စ်ပါတဲ့အချိုရည်တွေ၊အချိုပြင်းတဲ့အချိုရည်တွေကအဝလွန်ခြင်း၊အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့အပြင် ကလေးတွေမှာ စိတ်ဆတ်ရန်လိုတဲ့အပြုအမူတွေဖြစ်လာတာနဲ့ဆက်နွှယ်နေတယ်လို့ လေ့လာမှုတွေက ဖော်ပြကြပါတယ်။ ကယ်လိုရီနဲ့အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့နုနယ်တဲ့ခန္ဓာကိုယ်အတွက်  ဘေးဖြစ်စေတာပဲရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာ သကြား ၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ပမာဏ ထက် လေးဆကျော် ပိုများနေနိုင်ပါတယ်။ အစေ့အဆန်

၊ ကွာစေ့တို့လိုအစေ့အဆန်တွေ ကလေးကိုမခွံ့ပါနဲ့။

၊ လိုင်ချီးသီး၊ ကျွဲကောသီးတို့ကိုကျွေးရင်အစေ့ကို သတိထားဖယ်ပါ။အစေ့တွေ၊အစေ့အဆန်တွေက ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ တစ်ဆို့သွားရင် ပြဿနာရှိနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ကလေးကို ကိုယ်စားသမျှမကျွေးသင့်တာ ဖေဖေမေမေတို့ သိလောက်ပါတယ်နော်။ နှစ်နှစ်အထက် ကလေးတွေကို စားသောက်ပုံအာဟာရနဲ့ပတ်သက်ပြီးအလေ့အကျင့်လုပ်ပေးပါ။
ထမင်းစားချိန်၊ မုန့်စားချိန်ကို သတ်မှတ်ပါ။မိသားစုထမင်းဝိုင်းမှာအတူစားခိုင်းပါ။
တစ်ခါတလေ သူ့ပန်းကန်နဲ့သူ ကိုယ်တိုင်စားခွင့်ပေးထားပါ။ ပြီးမှ ကိုယ်က ခွံ့ပေါ့။ သရေစာမုန့်ဆိုလည်း သူ့လက်နဲ့ကိုယ်တိုင်စားခွင့်ပေးထားပါ။
စားနေတဲ့အချိန်မှာလည်း ကိုယ်က ထိုက်သင့်သလောက်ပြင်ဆင်ပေးထားပေမယ့် ဘယ်လောက်စားမလဲဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်ပါစေ။
အမြဲအလိုလိုက်ထားတာထက် သတ်မှတ်ထားတဲ့အချိန်မှာ စားစေတာ၊ စနစ်တကျစည်းကမ်းပေးတာတွေကို ဒီအချိန်အတွင်းမှာတော့ လွတ်လပ်စွာကိုယ့်လက်နဲ့ကိုယ် စားခွင့်ရတာနဲ့ပဲ ကလေးက စိတ်ကျေနပ်မှုရပြီး စည်းကမ်းသိလာပါလိမ့်မယ်။ ဒါ ထမင်းစားချိန်၊ ဒါမုန့်စားချိန်လို့ သူခွဲသိလာမယ်။ စိတ်အလိုလိုက်ပြီး လျှောက်စားတတ်တဲ့အကျင့်ကို မရပါစေနဲ့ ဟိုဟာစားမယ်၊ ဒီဟာစားမယ် ပူဆာ၊ တောင့်တ ပြီးရင် မစားတော့ဘူး၊ နောက်တစ်မျိုးပြောင်းတာတွေက ကလေးသဘာဝပါပဲ။ ဒါပေမယ့် စိတ်ခံစားချက်အတိုင်းအပျံ့အနှံ့ လျှောက်စားနေမယ်ဆိုရင် ဘာအာဟာရမှလည်း မည်မည်ရရ မရလိုက်ဘဲ နေပါလိမ့်မယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုတာ ဘာမဆိုကိုယ်တိုင်လုပ်ကြည့်ချင်နေတဲ့ လူဖြစ်ကာစအချိန်မို့ လိုအင်ဆန္ဒကအတောမသတ်ဘဲ လိုတာမရတဲ့အခါလည်း ဝမ်းနည်းလွယ်ပါတယ်။ ငိုတိုင်းအစားနဲ့မချော့ပါနဲ့။ တခြားနည်းလမ်းနဲ့အာရုံပြောင်းဆွဲဆောင်ပါ၊ ဂရုစိုက်ပေးပါ။ ဒါဆိုလုံလောက်ပါပြီနော်။

 သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..