Q. ချစ်သူအပေါ် သဝန်အရမ်းတိုတဲ့ စိတ်၊ အပြစ်ကို အမျိုးမျိုးရှာတတ်တဲ့စိတ်က စိတ်ရောဂါနဲ့ ဆိုင်ပါသလားဆရာ။ A. သဝန်တိုတယ်ဆိုတာ- (၁) ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘကြောင့်ပါ။ (၂) အဲဒီ ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘရှိလို့ ပျောက်ဆုံးသွားမှာကို စိုးရိမ်တဲ့အတွက် ဒေါသက ပါလာတာပါ။ ပုထုစဉ်တွေရဲ့ သဘောတရားက အဲဒီအတိုင်းပါပဲ။ လက်ခံနိုင်တဲ့ အတိုင်းအတာဆိုရင်တော့ ရပါတယ်။ အရက်လိုပေါ့။ စီးကရက်ဆိုရင် ကျန်းမာရေးနဲ့ လုံးဝမညီညွတ်တဲ့အတွက် မသောက်သင့်ဘူးလို့ ဆေးပညာရှင်တွေက တညီတညွတ်တည်း ပြောထားကြတယ်။ ဒါပေမဲ့ အရက်ကိုတော့ အသင့်အတင့်သောက်နိုင်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ လူ့အသိုင်းအဝိုင်းက လက်ခံထားပါတယ်။ အရက်ဆိုရင် အတိုင်းအတာတစ်ခု အတွင်းမှာတော့ ရောဂါလို့ မသတ်မှတ်ဘဲ လူမှုရေးအရ အရက်သောက်တာ (Social Drinker) လို့ ခေါ်ပါတယ်။ လွန်ရင်တော့ အရက်စွဲရောဂါလို့ သတ်မှတ်ပါတယ်။ သဝန်တိုတာကလည်း အဲဒီလိုပါပဲ သဝန်တိုတယ်ဆိုတာ အတိုင်းအတာတစ်ခုထက် လွန်ရင်တော့ ရောဂါဖြစ်သွားပါတယ်။ Credit : ဒေါက်တာဦးဇော်စိန်လွင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။