ကြက်ဟင်းခါးသီးဆိုတာ ဈေးမှာ အများဆုံးတွေ့ရတတ်တဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ခါးတဲ့အရသာ ရှိပါတယ်။ သူတို့ပေါက်ရောက်တဲ့ အရပ်ဒေသကိုလိုက်ပြီး အစိမ်းရောင် အနုအရင့် ကွဲပါတယ်။ ခါးသက်တဲ့ အရသာ ရှိပေမယ့်လည်း ကြက်ဟင်းခါးသီးမှာ အကျိုးပြု Antioxidant များနဲ့ အရေးပါသော ဗီတာမင်များစွာ ပါဝင်ပါတယ်။ ၁။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် ကြက်ဟင်းခါးရွက်၊ ပင်စိမ်းရွက်တို့ကို ကြိတ်ချေပြီး ပျားရည်နဲ့ ရောစပ်ကာ မနက်တိုင်း စားသုံးပေးခြင်းက ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ ၂။ အသည်းအားဆေးအဖြစ် ကြက်ဟင်းခါးသီး ဖျော်ရည် တစ်ဖန်ခွက်ကို နေ့စဉ် သောက်ပေးပါက အသည်းဆိုင်ရာ ပြဿနာများကို ကုသပေးပါတယ်။ တစ်ပတ်ကြာ နေ့စဉ် ရက်ဆက်သောက်ပါက ပိုမိုထိရောက်ပါတယ်။ ၃။ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ ကြက်ဟင်းခါးရွက် (သို့) အသီးကို ရေနဲ့ပြုတ်ပြီး နေ့စဉ်စားပါက ကူးစက်ရောဂါများကို ကာကွယ်ပါတယ်။ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန် လာစေပါတယ်။ ၄။ အသားအရေအတွက် ကြက်ဟင်းခါးသီး စားလျှင် ဝက်ခြံများ၊ အမာရွတ်များ၊ အရေပြားပြဿနာများကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကုသပေးပါတယ်။ ခြောက်လကြာ နေ့စဉ် ကြက်ဟင်းခါးသီး ဖျော်ရည်ကို ရှောက်သီး ရောစပ်ပြီး သောက်လျှင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ၅။ ဆီးချိုသွေးချို အတွက် ကြက်ဟင်းခါးသီးကို တရုတ်နဲ့ အိန္ဒိယ တိုင်းရင်းဆေးတွေမှာ ရှေးယခင်ကတည်းက ထည့်သွင်း ဖော်စပ်ခဲ့ကြတဲ့ အပြင်၊ ယနေ့ခေတ် ဆေးပညာနှင့်လည်း ကြက်ဟင်းခါးသီးရဲ့ အာနိသင်ကို သက်သေပြပြီး ဖြစ်ပါတယ်။ ဆီးချိုသွေးချိုအတွက် ဆေးနည်းတစ်မျိုးကတော့ အစိမ်းရောင် ဖျော်ရည်ဖြစ်ပါတယ်။ ယင်းဖျော်ရည်ရဲ့ ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ အစိမ်းရောင် ပန်းသီး၊ ကြက်ဟင်းခါးသီး၊ ငရုတ်ပွသီးတို့ပဲ ဖြစ်ပါတယ်။ ၆။ ဝမ်းချုပ်လျှင် ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေဖျက်မှု လွယ်ကူစေပါတယ်။ ၇။ ကျောက်ကပ် ကျန်းမာရေးအတွက် ကြက်ဟင်းခါးသီးဟာ ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူ ပြုတာကြောင့် ကျောက်ကပ် ကျောက်တည်ခြင်းတွေ ကုသရာမှာ အသုံးပြုကြပါတယ်။ ၈။ နှလုံးရောဂါ အတွက် ကြက်ဟင်းခါးသီးဟာ နှလုံးသွေးကြော ပိတ်စေတတ်တဲ့ မကောင်းတဲ့ ကိုလက်စထရောများကို ဖယ်ရှားနိုင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ ၉။ ကင်ဆာအတွက် ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ Tips - လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီးက အကောင်းဆုံး ဖြစ်ပါတယ်။ - တစ်နေ့လျှင် ကြက်ဟင်းခါးသီး နှစ်လုံးထက် ပိုမစားပါနဲ့ ။ - ကြက်ဟင်းခါးသီး ရွက်များကို ရေခဲသေတ္တာထဲမှာ တစ်ပတ်အထိ သိမ်းထားနိုင်ပါတယ်။ - ကြက်ဟင်းခါးသီး အခါးဓာတ်ကို လျှော့ချလိုလျှင် ဆားရည်စိမ်ပါ။ - ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ကတော့ ကြက်ဟင်းခါးသီးကို သတိထားပြီး စားသုံးသင့်ပါတယ်။ Credit : Shwe chit thu သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။