
၁။ အဝတ်လျှော်စက်
အဝတ်လျှော်စက်ကတော့ ဆပ်ပြာနဲ့ ရေကိုသုံးနေတာတောင်မှ အဝတ်လျှော်ကန်ဟာ ပိုးမွှားတွေပေါက်ပွားရာနေရာတစ်ခုဖြစ်နေနိုင်ပါတယ်။ စက်ထဲမှာ အဝတ်အစိုတွေ ထားမိတဲ့အခါမျိုးမှာ ပိုးမွှားပေါက်ပွားနှုန်းများတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်သွားနိုင်ပါတယ်။
၂။ ငရုပ်သီးမှုန့်အပါအဝင်ဟင်းချက်ပစ္စည်းများ
ချက်ပြုတ်ခြင်းမှာ လိုအပ်တဲ့ မီးဖိုဆောင်သုံး ပစ္စည်းတွေကို ထည့်ထားတဲ့ ပုလင်းတွေကို ဟင်းချက်တိုင်း(ဒါမှမဟုတ်) ထမင်းပွဲပြင်တိုင်း အသုံးပြုတတ်ပါတယ်။ အဲ့ဒီလိုဆိုရင်တော့ သင့်မှာ ဘက်တီးရီးယားတွေပြန့်နေဖို့များပါတယ်။ ပုလင်းနဲ့ ဗူးတွေကို မကြာခဏ ထိတွေ့နေပေမယ့် ဆေးကြောသန့်ရှင်းခြင်းကတော့ လုပ်ခဲပါတယ်။ အဲ့ဒါကြောင့် ထိုပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ လွယ်ကူစွာပေါက်ပွားနေနိုင်ပါတယ်။
၃။ ပန်းကန်ဆေးရေမြှုပ်
ပန်းကန်ဆေးရေမြှုပ်တွေကတော့ ဘက်တီးရီးယား ပေါက်ပွားနှုန်းကို မြှင့်တတ်စေတဲ့ အရာတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေဟာ စိုထိုင်းနေမယ်ဆိုရင် ဘက်တီးရီးယားတွေပေါက်ပွားဖို့အတွက် အထောက်အကူအများကြီး ဖြစ်နေနိုင်ပါတယ်။
၄။လက်ကိုင်အိတ်
လက်ကိုင်အိတ်လေးတွေမှာ ပိုးမွှားလေးတွေကပ်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ကိုင်အိတ်ကိုနေ့တိုင်းကိုင်နေရတာမျိုး၊အဲ့ဒီပိုက်ဆံအိတ်တွေကို စားပွဲပေါ်မှာချမိတာဖြစ်ဖြစ်၊ ပိုက်ဆံအိတ်ထဲမှာ အလှပြင်ပစ္စည်းတွေထည့်ယူတတ်သေးရင် မိတ်ကပ်လိမ်းရာမှာအသုံးပြုတဲ့ တို့ဖက်၊ဘရက်ရှ်တွေမှာလည်း ပိုးမွှားတွေရှိနေနိုင်ပါတယ်။
၅။သွားတိုက်တံထည့်တဲ့ခွက်
သွားနဲ့ခံတွင်းကနေ ကပ်ညှိသွားတဲ့ ဘက်တီးရီးယားလေးတေါနဲ့ ပိုးမွှားတွေက သွားပွတ်တံရဲ့ ဘရက်ရှ်လေးတွေအပေါ်မှာ ရက်သက်တပတ် အကြာ ကျန်ရှိ ရှင်သန်နေနိုင်ပါတယ်။ သွားတိုက်တံတွေကို ဘေစင်(သို့)အိမ်သာနှင့် အနီးနားမှာထားတာဆိုရင် လက်ဆေးတဲ့အခါ၊အိမ်သာရေဆေးတဲ့အခါမျိုးမှာ ပိုးတွေကပ်ညှိသွားနိုင်ပါတယ်။ ကြမ်းပေါ်ပြုတ်ကျလိုက်မယ်ဆိုရင် ပိုးတွေပိုပြီး ကပ်ပါသွားနိုင်ပါတယ်။ လေလုံတဲ့ ဗူးနဲ့ ထည့်ထားတယ်ဆိုရင်(သို့)သွားပွတ်တံအစွပ်နဲ့ထားတယ်ဆိုရင်တောင်မှ မမြင်ရတဲ့ ပိုးမွှားနဲ့ မှိုတွေတောင်ရှိနေနိုင်ပါတယ်။