
ကလေးမရသေးတာကို ရအောင်လုပ်မယ် “စိတ်ရှည်ရှည်နဲ့သာ စောင့်နေပါ၊ ရချိန်တန်ရင် ကလေးရလာမှာပေါ့” ဆိုတာ တကယ်တန်း ဟုတ်ချင်မှ ဟုတ်ပါမယ်။ တကမ္ဘာလုံးမှာ Vitro fertilization (IVF) လို ဆေးကုသနည်းနဲ့ ရလာတဲ့ကလေးပေါင်း ၃ သန်းရှိနေပါပြီ။ တခြား နည်းတွေလဲ ရှိပါတယ်။ ကလေးရချင်လို့ ကြိုးစားဘို့လာကြတဲ့အတွဲတွေထဲက တဝက်အနည်းဆုံး ရသွားကြတယ်။ 2. Symptoms Infertility ကလေးမရသေးခြင်း လက္ခဏာတွေ ဆရာဝန်ဆီမှာ တနှစ်လောက် လာပြနေပေမဲ့ မရသေးတဲ့အတွဲ၊အသက် ၃၅ နှစ် ကျော်နေတဲ့အမျိုးသမီးတွေ ၆ လ ကြိုးစားတာမရသေးရင်၊ ရာသီမမှန်ဖြစ်နေရင်လဲ Infertility ကလေးမရနိုင်သေးသူဘဲ။ ယောက်ျားတွေဘက်လဲ ဆတူလောက်ဖြစ်နိုင်တယ် 3. Male Infertility ယောက်ျားတွေသပ်သပ် လိုအပ်ချက်များ ကလေး မရသေးတဲ့ လင်-မယားတွေထဲက ၄ဝ% မှာ ယောက်ျားဘက်က လိုအ်ချက်ရှိနေလို့ဖြစ်တယ်။ • Low sperm count သုက်ပိုးအရေအတွက်နည်းခြင်း၊ • Poor sperm motility သုက်ပိုလှုတ်ရှားမှုမကောင်းခြင်း၊ • Malformed sperm သုက်ပိုးပုံမှန်မဟုတ်ခြင်း၊ • Blocked sperm ducts သုက်ပိုးထွက်မလာနိုင်ခြင်း၊ 4. Female Infertilityအမျိုးသမီးဘက်က လိုအပ်ချက်များ နောက်ထပ် ၄ဝ% ကတော့ ဇနီးဘက်က လိုအပ်နေတာဖြစ်တယ်။ • Irregular ovulation မျိုးဥထွက်မမှန်ခြင်း၊ • Blocked fallopian tubes သားအိမ်ပြွန်လမ်းပိတ်နေခြင်း၊ • Abnormalities in the cervix or uterus သားအိမ်၊ သားအိမ်၀ ပုံမှန်မဟုတ်ခြင်း၊ ကျန် ၂ဝ% မှာတော့ တိကျတဲ့အပြစ်ရှာမရဘူး။ 5. Tracking Ovulation မျိုးဥထွက်တာ သေခြာအောင် ၃ ယောက်မှာ ၁ ယောက်က မျိုးဥထွက်ရက် မမှန်လို့ ဖြစ်ရတယ်။ မျိုးထွက်တဲ့ရက် သိဘို့ သိပ်အရေးကြီးတယ်။ ဒါမှအကောင်းဆုံးအတူနေသင့်တဲ့အချိန်ဆိုတာသိလာမယ်။ (၁) မနက်အိပ်ရာနိုးချိန် ဘာတခုမှ မလုပ်ကိုင်သေးခင် Temperature ကိုယ်အပူချိန်တိုင်းပါ။အတိအကျ မှတ်သားထားပါ။ မျိုးဥထွက်ရက်မှာအပူချိန်တက်လာမယ်။ (၂) LH ဟော်မုန်း များများလာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH levels ကို တိုင်းနိုင်တယ်။ Ovulation kits ဝယ်သုံးပါ။ ၉၉% မှန်နိုင်တယ်။ မျိုးဥထွက်ခါနီး ၁၂-၃၆ နာရီအလိုမှာ များလာတဲ့ ဟော်မုန်းကို သိနိုင်တယ်။အပေါင်းပြတာနဲ့ ဆရာဝန်ဆီကြွပါ။ 6. Fertility Drugs ကိုယ်ဝန်ရစေမဲ့ဆေးတွေ တကယ်လို့ ဆရာဝန်ကနေ မျိုးဥမထွက်တဲ့ လူနာလို့ ယူဆရင် ပေးမဲ့အများဆုံးသုံးတဲ့ဆေးကတော့ Clomiphene citrate ဖြစ်တယ်။ Clomid နဲ့ Serophene လို့ခေါ်တယ်။ ဈေးမကြီးပါ။ ထိရောက်မှုလဲရှိ တယ်။ ဆေးသောက်ရသူ တဝက်က ကိုယ်ဝန်ရကြတယ်။အများအားဖြင့် ၃ ခါ (၃ လ) သောက်ရတယ်။ Clomid ဆေးကြောင့် ကလေးအမွှာရစေနိုင်တယ်။ 7. Injectable Hormones ဟော်မုန်း ထိုးဆေး Clomiphene ဆေးကို ၆ လသောက်ပေမဲ့ မထူးခြားသေးရင် ဆရာဝန်က ဟော်မုန်း ထိုးဆေး ညွှန်းမယ်။ ဆေးအမျိုးမျိုး ရှိတယ်။ ထိရောက်ပါတယ်။ ဒီနည်းနဲ့ မျိုးဥထွက်သူ တဝက်က ကလေးရကြတယ်။ ဟော်မုန်း ထိုးဆေးကြောင့်လဲ ကလေးအမွှာရစေနိုင်တယ်။ 8. Surgery for Blocked Fallopian Tubes သားအိမ်ပြွန်ခွဲစိတ်ကုသနည်း တချို့အမျိုးသမီးတွေမှာ သားအိမ်ပြွန်ကအမာရွတ်ဖြစ်နေလို့ မျိုးဥသွားဘို့ရာ လမ်းကျဉ်းနေတယ်။ Endometriosis ရောဂါကြောင့်လဲအဲလိုဖြစ်တယ်။ PID တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်ဘူးလို့လဲ ဖြစ်မယ်။ ခွဲစိတ်ခံရဘူးလို့လဲ ဖြစ်တယ်။ Laparoscopic surgery ခွဲစိတ်နည်းနဲ့အမာရွတ် (တစ်ရှူး) တွေကို ရှင်းပေးနိုင်တယ်။ 9. Intrauterine Insemination (IUI) သုက်ပိုးထည့်ပေးနည်း ဒီနည်းက ပေါ်ပြုလာဖြစ်တယ်။ သုက်ပိုးတွေကို သားအိမ်ထဲကို ကရိယာသုံးပြီး မျိုးဥထွက်တဲ့အချိန်ကိုက်မှာအသေအခြာ ထည့်ပေးမယ်။ သုက်ပိုးအတွက် မျိုးဥဆီရောက်ဘို့ရာ ခရီးရှည်လျှောက်လှမ်းဘို့ တာတို သွားစေမယ်။ IUI နည်းနဲ့အတူ မျိုးဥထွက်ဆေးနဲ့ပါ တွဲနိုင်တယ်။အကုန်အကျမ များ၊ သိပ်လဲ ပင်ပန်းလှတာ မဟုတ်ပါ။ ကိုယ်ဝန်ရလမ်းလဲအများကြီး မဟုတ်ပါ။ 10. IUI With Donor Sperm သုက်ပိုးအလှူခံခြင်းနည်း ယောက်ျားမှာ ကျန်းမာ-သန်စွမ်းတဲ့ သုက်ပိုးနည်းနေရင် လုပ်ပေးတယ်။ သူများလှူတဲ့ သုက်ပိုးကို IUI နည်းနဲ့ သားအိမ်ထဲ ထည့်ပေးမယ်။ မလုပ်ခင် ဆရာဝန်နဲ့ ကာယကံရှင်တွေ ကျကျနနဆွေးနွေးပြီး သဘော တူညီမှု ယူရမယ်။အမျိုးသမီးကလဲ မျိုးဥထွက်တာဆိုရင်အောင်မြင်မှုနှုန်းမြင့်မားတယ်။အကြိမ်ကြိမ်တော့ လုပ်ရတယ်။အောင်မြင်မှု ၈ဝ% ကျော်ရှိတယ်။ 11. In Vitro Fertilization (IVF)အပြင်မှာ မျိုးစပ်နည်း တခြားနည်းတွေနဲ့မှ မရရင်အားကိုးနိုင်တယ်။ မျိုးဥနဲ့ သုက်ပိုအကြားက လိုအပ်ချက်ကြားခံတွေကို ဓါတ်ခွဲခန်းထဲမှာ ဖြေရှင်းပေးရာကျတယ်။ မျိုးစပ်ထားပြီးသား သန္ဓေတွေကို သားအိမ်ထဲထည့်ပေးမယ်။ ကရိကထ များမယ်၊ ကုန်ကျစရိတ် များမယ်။ ဒေါ်လာတစ်သောင်းကျော်ကုန်မယ်။အောင်မြင်မှုနှုန်းက ကြာလေးတိုးတက်လာလေဖြစ်လာတာ တွေ့ရတယ်။ ၂ဝဝ၇ တုံးက ဒီနည်းနဲ့ ကလေးရသွားတာအသက် ၄၃-၄၄ တွေမှာ ၁ဝ%၊ ၃၅ နှစ်အောက်တွေမှာ ၄၆% ရှိခဲ့တယ်။ 12. IVF With ICSI သုက်ပိုး ထိုးပေးခြင်း တကယ်လို့ ယောက်ျားရဲ့ငုက်ပိုးတွေကအရေအတွက်လဲနည်း၊ လှုတ်ရှားမှုလဲ နှေးတာမျိုးက များနေရင်အကူအညီ လိုတယ်။ ဒီလိုနည်းကို Intracytoplasmic sperm injection (ICSI) လို့ ခေါ်တယ်။ သန်စွမ်းတဲ့ တခုတည်းသော သုက်ပိုးကို မျိုးဥဆီအရောက် ထိုးထည့်ပေးတယ်။ ရလာတဲ့ သန္ဓေကို တခါ IVF procedure နည်းနဲ့ သားအိမ်ထဲ ပြောင်းထည့်ပေးမယ်။ 13. IVF With Donor Eggs မျိုးဥအလှူခံခြင်းနည်းအမျိုးသမီးကအသက် ၄ဝ ကျော်နေရင်၊ မျိုးဥက သန်စွမ်းမှုအားနည်းနေရင်၊ IVF cycles နည်းလုပ်တာလဲ မရသေးရင် မျိုးဥအလှူခံမယ်။ ယောက်ျားရဲ့ သုက်ပိုးနဲ့ မျိုးစပ်စေမယ်။ ရလာတဲ့ သန္ဓေကို တခါ IVF procedure နည်းနဲ့ သားအိမ်ထဲ ပြောင်းထည့်ပေးမယ်။ ၂ဝဝ၇ တုံးက ၅၅%အောင်မြင်တာတွေ့ရတယ်။ 14. IVF and Multiplesအမွှာတွေ IVF နည်းကိုအောင်မြင်မှု ကောင်းစေအောင် သန္ဓေဖြစ်ပြီးသားကို တခုထဲမက သားအိမ်ထဲထည့်ပေးနည်းသုံးတယ်။ မွေးလာရင်တော့ Twins နှစ်မွှာ၊ Triplets သုံးမွှာ၊ Quadrupletsအလေးမွှာတွေ ရစေနိုင် တယ်။ ဆွေးနွေးမှုတွေကနေ သဘောတူညီချက် ယူရတယ်။အကျိုး-အပြစ်တွေ ရှင်းပြမယ်။ 15. IVF with Blastocyst Transfer နည်းသစ် မကြာသေးခင်က နည်းသစ်တခု ရလာတယ်။ IVF နည်းသုံးတယ်။ ဒါပေမဲ့ သန္ဓေကို (ဆဲလ်) တခုမကရှိလာချိန်ကျမှ သားအိမ်ထဲထည့်ပေးတယ်။ သန္ဓေဆိုတာ ဖြစ်ဖြစ်ချင်း (ဆဲလ်) (၁) ခုထဲသာ ရှိတယ်။ နည်းသစ်က (ဆဲလ်) ၂ ခုကနေ ၈ ခုအထိရအောင် စောင့်တယ်။ Embryos သန္ဓေတွေကို Blastocyst (ဘလပ်စတိုဆစ်) ဖြစ်အောင် ဓါတ်ခွဲခန်းမှာ ၅ ရက် စောင့်ရတယ်။အဲဒ့တွေထဲကအကောင်းဆုံး ၁-၂ ခုကိုသာ သားအိမ်ထဲ ထည့်ပေးတယ်။အမွှာအရေအတွက်လဲ ကြိုတင် သိနိုင်တယ်။ 16. Using Donor Embryos သန္ဓေအလှူခံနည်း IVF နည်းနဲပမအောင်မြင်သူတွေအကုန်အကျလဲသက်သာတဲ့နည်းကတော့ Donor embryos သူများဆီက သန္ဓေတွေကိုအလှူခံမယ်။ လှူသူတွေကလဲ IVF process နည်းနဲ့အောင်မြင်သွားကြလို့ သူတို့အတွက် မလိုတော့ဘူး။ 17. Surrogate Pregnancy ဗိုက်အငှားနည်း ကိုယ်ဝန်ကို လစေ့အောင်အထိ မဆောင်နိုင်သူတွေလဲရှိတယ်။အဲလိုလူတွေက သူများဗိုက်ငှားရတယ်။ ယောက်ျားရဲ့ သုက်ပိုး ထည့်ပေးတာလုပ်နိုင်တယ်။ ဗိုက်ငှားတဲ့အမျိုးသမီးမျိုးဥနဲ့သနေဖြစ်စေမယ်။ ကနေ့ခေတ်မှာတော့ ကာယကံရှင်အစစ်တွေရဲ့ မျိုးဥ နဲ့ သုက်ပိုးတွေကိုအပြင်မှာ မျိုးစပ်လို့အောင်မြင်လာတဲ့ သန္ဓေတွေကိုသာ ဗိုက်အငှားလုပ်ပေးမဲ့အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်တာ လုပ်လာကြတယ်။ 18. Natural Ways to Boost Fertilityအထောက်အကူပေးမဲ့ သဘာဝနည်းတွေ မျိုးပွါးမှုအောင်မြင်စေဘို့ရာ သဘာဝနည်းတွေနဲ့ပါ ကူပေးသင့်တယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပါ။ လင်ရော မယားပါအစာအာဟရအသေအခြာ ရွေးစားသုံးပါ။ လိုအပ်မဲ့အားဆေးတွေ သောက်ပါ။ 19. Acupunctureအပ်စိုက်နည်း စမ်းကြည့်နိုင်ပါတယ်။ 20. Moving On နောက်ဆုံးနည်း ဘယ်လောက် ကြိုးစားကြိုးစား မရသေးရင်၊ ငွေကြေးလဲ မလိုက်နိုင်ရင် ကလေးမရှိဘဲ စိတ်ဖိအား မများအောင်နေတတ်ဘို့ ပြုပြင်လေ့ကျင့်ယူပါ။ တူ-တူမလေးတွေကို ကိုယ့်ကလေးလိုချစ်ပါ။ သူများကလေး မွေးစား တာလုပ်ဘို့ သင့်ရင်လုပ်ပါလေ။ Ref:ဇော်ဂျီအင်တာနက်စာမျက်နှာသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။